သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောကျေးရွာအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့တာကြောင့် PDF ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တခုဆီက သိရပါတယ်။
ဇွန် ၁၀ ရက်မနက် ၅ နာရီကျော်လောက်မှာ ထနောင်းတောရွာဘက်ကို အလုပ်ကိစ္စအတွက် ဆိုင်ကယ် ၂ စီးနဲ့လာတဲ့ PDF ၃ ဦး ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
"သူတို့က ထနောင်းတောဘက်ကိုအသွား ထနောင်းတောမြောက်ရွာ ဆီဆိုင်နားအရောက်မှာ ကြိုရောက်နေတဲ့ စကစကင်းပုန်းရဲ့ပစ်ခတ်တာကိုခံလိုက်ရတယ်။ ၃ ဦးစလုံးက ကျသွားတယ်။ စကစဘက်ကတော့ အလောင်းတွေကို ပစ်ထားခဲ့တာ"လို့ ကျဆုံးရဲဘော်တွေနဲ့ နီးစပ်တဲ့ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးကပြောပါတယ်။
ရဲဘော်တွေစီးလာတဲ့ ဆိုင်ကယ် ၂ စီးနဲ့ လက်နက်အချို့ကိုတော့ စစ်ကောင်စီဘက်က သိမ်းဆည်းသွားပြီး ရဲဘော်တွေရဲ့အလောင်းကိုတော့ သက်ဆိုင်ရာအဖွဲ့ဘက်က ပြန်လည်ကောက်ယူကာ နာရေးကိစ္စစီစဥ်နေကြတယ်လို့ သိရပါတယ်။
စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်တွေမှာတော့ ထနောင်းတောရွာအနီး လုံခြုံရေးစောင့်နေချိန် ဆိုင်ကယ်၂ စီးနဲ့လာသူတွေကို စစ်ဆေးဖို့ရပ်ခိုင်းချိန် မရပ်ပေးတဲ့အတွက် ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်ပေါ်ပါ PDF ၃ ဦး သေဆုံးကာ AK ၁ လက်၊ ကျည်အိမ် ၁ ခုနဲ့ ကျည် ၁၅ တောင့် သိမ်းဆည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဧပြီ ၅ ရက်ကလည်း မုံရွာမြို့၊ အင်းရွာသစ်ရပ်ကွက်မှာ စစ်ဆင်ရေးသွားတဲ့ PDF အဖွဲ့ စစ်ကောင်စီ လှည့်ကင်းတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦးဖမ်းဆီးခံရသေးတယ်လို့ သိရပါတယ်။
ဓါတ်ပုံ - စစ်ကောင်စီ တယ်လီဂရမ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #ပစ်ခတ် #PDF #ကျဆုံး
Share Share Share