အလှူရှင်လာလို့ ပျော်ပြီး ကခုန်သီချင်းဆိုခဲ့ကြတဲ့ ဒုက္ခသည်စစ်ရှောင်တွေ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ မြစ်သဲသောင် တနေရာက စစ်ရှောင်ပြည်သူတွေဟာ အခက်ခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရပြီး အလှူရှင်လာရောက်တဲ့အတွက် ပျော်ပြီးကခဲ့ကြတယ်လို့ ထောက်ပံ့ကူညီဖို့ သွားရောက်ခဲ့သူတွေဆီက သိရပါတယ်။

စစ်ရှောင်ပြည်သူ ၅၀၀ ခန့်ဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းကတည်းက ကျေးရွာတွေအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုး နေအိမ်တွေကို မီးရှို့ခဲ့တဲ့အတွက် ရှောင်တိမ်းနေကြရပြီး လက်ရှိအချိန်ထိလည်း နေရပ်ကိုမပြန်ရဲသေးဘူးလို့ Yu&Tulip Foundation အဖွဲ့ဆီက သိရပါတယ်။

အဲဒီစစ်ရှောင်တွေကို Yu&Tulip Foundation အဖွဲ့ က အသီးအနှံနဲ့၊ မုန့်မျိုးစုံ အစားအအသောက်တွေကို အလှူရှင်တွေကိုယ်စား မေလ ၁ ရက်က သွားရောက်ထောက်ပံ့ကူညီပေးခဲ့တာပါ။

"ကျမတို့ ရိက္ခာကုန်စိမ်းသီးနှံတွေ ကားတစီးအပြည့် ယူသွားတယ်။ မုန့်နဲ့အချိုရည်တွေလည်းပါတယ်။ ကလေးတွေတင် မကပါဘဲ လူကြီးတွေကိုပါ မုန့်တွေကျွေးခဲ့ရတယ်" လို့ Yu&Tulip Foundation မြေပြင်ထောက်ပို့တာဝန်ခံ အမျိုးသမီး က ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအတွက် မီးဖိုဆောင်စားသုံးသီးနှံတွေကိုလည်း မျှဝေပေးခဲ့တယ်လို့ ဆက်ပြောပါတယ်။

စစ်ရှောင်တွေဟာ လက်ရှိမှာတော့ မြစ်သဲသောင်ပြင်ပူပူပေါ်မှာ ယာယီတဲတွေ ဖြစ်သလို ထိုးနေထိုင်နေရပြီး ယမန်နေ့ မေလ ၁ ရက် နေ့လည်က လေပြင်းတိုက်တဲ့အတွက် တဲ ၅ လုံး ပျက်စီးသွားသေးတယ်လို့ ဆိုပါတယ်။

"လေတွေမိုးတွေ တိုက်သွားတော့ တစ်ချို့တဲတွေ ပြိုကျပျက်စီးကုန်တယ်။သဲသောင်ပြင်ဆိုတော့ နေအပူ သဲအပူနဲ့နေကြရတယ်။ရိက္ခာနဲ့ဆေးဝါးတွေ လိုအပ်နေပါတယ်" Yu&Tulip Foundation ထောက်ပို့တာဝန်ခံ အမျိုးသမီးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေများပြီးကွမ်းခြင်းတောင်း ရက်လုပ်တာ၊ ရေလုပ်ငန်းနဲ့ကြုံရာကျပန်းအလုပ်တွေလုပ်ပြီး စားသောက်နေရသလို အလှူရှင်တွေရဲ့ လာရောက်လှူဒါန်းမှူတွေနဲ့ပဲ ရပ်တည်နေထိုင် နေရတယ်လို့ ဆိုပါတယ်။

လိုအပ်ချက်တွေအနေနဲ့ကတော့ ဆန်၊ ဆီ၊ ကုန်ခြောက်၊ ကုန်စိမ်းသီးနှံတွေနဲ့ ဓာတ်ဆားထုပ်တွေ ဖျားနာအကိုက်ခဲပျောက်ဆေးတွေလိုအပ်နေလို့  ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

 စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #စစ်ရှောင်ပြည်သူ #ထောက်ပံ့ #ဖောင်ဒေးရှင်း #ရိက္ခာနဲ့ဆေးဝါးလိုအပ် #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10