အောင်လံမြို့နယ်ထွေအုပ်ရုံးကို  ပြင်းအားမြင့် ဗုံး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်

အောင်လံမြို့နယ်ထွေအုပ်ရုံးကို ပြင်းအားမြင့် ဗုံး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်

မကွေးတိုင်း၊ အောင်လံမြို့ တွင် စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးကို ပြင်းအားမြင့် ဗုံး ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဘာမြူဒါတပ်ပေါင်းစု အဖွဲ့ဆီက သိရပါတယ်။

ဧပြီ ၁၄ ရက် မနက် ၃ နာရီကျော်မှာ စစ်ကောင်စီအင်အား ၃၀ ကျော်နဲ့ တပ်စွဲထားတဲ့ မြို့နယ်အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာနရုံးကို ဒေသခံကာကွယ်ရေးတပ်တွေက ပြင်းအားမြှင့် ဗုံး ၂ လုံး နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

 

ဗုံးခွဲခဲ့တဲ့နေရာဟာ ထွေအုပ်ရုံး၊ တရားရုံး၊ ဥပဒေရုံးတွေ ပူးတွဲဖွင့်ထားတဲ့ စုပေါင်းရုံးနေရာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဗုံး ၂ လုံးကို ထွေအုပ်ရုံးနှင့် တရားရုံးကြားမှာ ထောင်ထားခဲ့တာဖြစ်ပြီး အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရုံးထိခိုက်ပျက်ဆီးမှုက များနိုင်ပါတယ်၊ သေဆုံးမှုကိုတော့ မြေပြင်မှာစုံစမ်းဆဲပါ” လို့ ဘာမြူဒါတပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ အာခီးလီက ပြောပါတယ်။

 

ထိုတိုက်ခိုက်မှုကို ဘာမြူဒါတပ်ပေါင်းစုမှ အထူးလေ့ကျင့်ပေးထားတဲ့ မြို့ပြလူကြီးလူကောင်းများအဖွဲ့ TEAM-A ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-အောင်လံ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်-နတ်မောက် ငါးပြေမ ပြောက်ကျားတပ်၊ ကိုယ်ပျောက်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

ပုံစာ-အောင်လံမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး။ (ပုံဟောင်း)

 

 စာတည်း-လင်းဇေ

 

 #မြေလတ်အသံ

 

 #မကွေးတိုင်း #အောင်လံမြို့  #စစ်ကောင်စီ #မြို့နယ်ထွေအုပ် #ဗုံး #ဘာမြူဒါတပ်ပေါင်းစု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10