၁ နှစ်အတွင်း မြေလတ်ဒေသကအကျဥ်းထောင်တွေမှာ ဆေးကုခွင့်မရလို့ နိုင်/ကျဥ်း ၁၃ ဦးသေဆုံးခဲ့

၁ နှစ်အတွင်း မြေလတ်ဒေသကအကျဥ်းထောင်တွေမှာ ဆေးကုခွင့်မရလို့ နိုင်/ကျဥ်း ၁၃ ဦးသေဆုံးခဲ့

မြေလတ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းအတွင်းက အကျဉ်းထောင်တွေမှာ ၂၀၂၃ ခုနှစ်အတွင်း အချိန်မီဆေးကုသခွင့်မရလို့ သေဆုံးခဲ့တဲ့ နိုင်/ကျဥ်းအမျိုးသား ၁၃ ဦးရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဥ်းသားများကွန်ရက်ဆီက သိရပါတယ်။ 

ဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်ထိ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် က ကောက်ယူထားတဲ့စာရင်းဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကလေးထောင်မှ ကိုလားဗျက်ဆန်းငှား ၂၃ နှစ်၊ ကိုနီကိုလတ် ၂၅ နှစ်၊ ဦးဝင်းသိန်း ၆၀ နှစ်၊ ပဲခူးတိုင်း၊ သာယာဝတီထောင်မှ ကိုမြင့်အေး ၃၃ နှစ်၊ ကိုပြည့်ဖြိုးဝင်း(ခ)ကိုမဲကြီးနဲ့ အမည်မသိရသူ ၂ ဦး၊ ဒိုက်ဦးထောင်မှ ကိုအောင်စိုးမိုး (ခ) ကိုမဲလုံး၊ ဦးမောင်ဒီ ၇၂ နှစ်၊ မကွေးထောင်မှ ကိုစိုင်းနဲ့ အမည်မသိရသူ ၃ ဦးတို့ သေဆုံးခဲ့ကြတာပါ။ 

"အဓိကတော့ အချိန်မီ ဆေးမကုသရလို့ သေကြတာ"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

သူတို့တွေဟာ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀၅ (က)၊ သဘာဝဘေးပုဒ်မ ၅၂၊ ၅၄ (က) စတဲ့ ပုဒ်မတွေနဲ့ အသီးသီး ထောင်ချခံထားရသူတွေဖြစ်ပြီး ထောင်တွင်းရိုက်နှက်ခံရတာ၊ ဖျားနာတာ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါ၊ အစာအိမ်သွေးကြောပေါက် စတဲ့ရောဂါတွေနဲ့ သေဆုံးခဲ့ကြတာလို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပြပါတယ်။ 

အခုလိုသေဆုံးမှုမျိုး ၂၀၂၄ ခုနှစ်မှာမဖြစ်ပေါ်ဖို့အတွက် အကျဉ်းထောင်တွင်းကို ပို့ရတဲ့ထောင်ဝင်စာ ပါဆယ်တွေမှာ အခြေခံလိုအပ်တဲ့ အင်္ဂလိပ်ဆေးဝါးပို့ခွင့်ရဖို့၊ ထောင်တွင်း လုံလောက်တဲ့ ဆေးဝါး စောင့်ရှောက်မှုအပြည့်အဝပေးဖို့၊ အရေးပေါ်ဆေးဝါးကုသပေးရမယ့် လူနာတွေကို အချိန်နဲ့ တပြေးညီ ပြင်ပဆေးရုံကိုပို့ဆောင်ပေးဖို့ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က တောင်းဆိုထားပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မြေလတ်ဒေသ #စစ်ကိုင်း #မကွေး #ပဲခူး #နိုင်ကျဥ်း #ဆေးဝါးကုသခွင့်မရ #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10