၃ ရက်အတွင်း ထီးလင်းမြို့ပေါ်  ၅ နေရာတိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားရာ နေရာ ၅ နေရာကို ၃ ရက်အတွင်း တိုက်ခိုက်ခဲ့တယ်လို့ Yaw Revolution Army-ထီးလင်း အဖွဲ့ဆီက သိရပါတယ်။

အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ တရားရုံး၊ မြို့မရဲစခန်း၊ ရုပ်သံရုံးနဲ့ ရေမျက်နီရဲစခန်း တို့ကို ဧပြီ ၁၇ ရက်ကနေ ၁၉ ရက်အထိ ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ကြတာလို့ Yaw Revolution Army-ထီးလင်း ပြန်ကြားရေးတာဝန်ခံ ကိုကောင်းက ပြောပါတယ်။

ဧပြီ ၁၇ ရက် ၄ နာရီခွဲမှာ ထွေအုပ်ရုံးနဲ့ တရားရုံးတို့ကို ဒရုန်းနဲ့ ဗုံးကြဲချပြီး ရေမျက်နီရဲစခန်း ကို ၄၀ မမနဲ့ ၁ ကြိမ်၊ ၁၈ ရက် ညနေ ၆ နာရီမှာ ရေမျက်နီရဲကင်းစခန်းကို ၄၀ မမနဲ့ ၁ ကြိမ် ၊ ၁၉ ရက် ည‌နေ ၆ နာရီမှာ မြို့မရဲစခန်းနဲ့ ရုပ်သံရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် ရုပ်သံရုံးကတော့ လည်ပတ်နိုင်ခြင်းမရှိတော့သလို ၃ ရက်တာတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၆ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦးကတော့ သေဆုံးနိုင်တယ်လို့ ကိုကောင်းက ဆက်ပြောပါတယ်။

၂၀၂၃  ဒီဇင်ဘာ ၄ ရက်ကတည်းက စတင်ခဲ့တဲ့ ၆ ရက်တာစခန်းသိမ်းတိုက်ပွဲ ပြီးတဲ့နောက် စစ်ကောင်စီနေရာတွေကို ဝိုင်းဝန်းပိတ်ဆို့ထားသလို ရိက္ခာဖြတ်တောက်တာ၊ စစ်ကောင်စီတပ်ဖွဲ့ ကတုတ်ကျင်းထဲက မထွက်နိုင်အောင်ဖိအားပေးတာတွေ လုပ်နိုင်ခဲ့တယ်လို့ ကိုကောင်းက ပြောပါတယ်။

ထီးလင်းမြို့နယ်မှာ တပ်မ ၇၇ နဲ့ တပ်မ ၁၀၁ က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတာဖြစ်ပြီး မြို့ပေါ်မှာတော့ ပျူစောထီးနဲ့စစ်သားရဲ အင်အား ၃၀၀ ကျော်ရှိနေသလို ပေါ်တာဆွဲတာ စစ်မှုထမ်းဖို့ခေါ်ဆောင်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ထီးလင်း #တိုက်ခိုက် #စစ်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10