၃ ရက်ဆက်တိုက် မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရေးနိမ့်နေလို့ လေကြောင်းပစ်ကူနဲ့ တိုက်နေရ

၃ ရက်ဆက်တိုက် မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရေးနိမ့်နေလို့ လေကြောင်းပစ်ကူနဲ့ တိုက်နေရ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို မဟာမိတ်တပ်ပေါင်းစုတွေက ဝင်ရောက်စီးနင်းကာ ၃ ရက်ဆက်တိုက် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်း ၂ နှစ်ပြည့်တဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၅ နာရီမှာ တိုက်ပွဲစတင်ခဲ့ပြီး ဒီကနေ့ သတင်းရေးတဲ့ချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကာ စစ်ကောင်စီဘက်က ကုန်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်းပေါင်းကာ ထိုးစစ်ပြန်ဆင်နေတယ်လို့ ဆိုပါတယ်။

“၁ ရက်နေ့က ၃ ကြိမ်လောက် ပစ်တယ်။ ဒီနေ့လည်း ၂ နာရီခွဲလောက်က လာပစ်သွားတယ်။ သူတို့ဘက်က အကျဆုံးများတယ်။ မနေ့ကရယ် ဒီနေ့ရယ် သဂြိုလ်ပေးရတာကို ၂၀ ကျော်ပြီလို့ ကြားတယ်။ သူတို့ဘက်က စားပေါက် တကယ်ခိုင်တဲ့မြို့ဖြစ်လို့ ကိုယ်တွေဘက် အပါမခံဘဲ ဆက်တိုက်ဖိနေတာ” လို့ HPDF 124 အဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။

၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဖွဲ့ဘက်က အကျဆုံးများကာ Mi-35 (စစ်ရဟတ်ယာဥ်)နဲ့ တရက်ကို အနည်းဆုံး ၃ ကြိမ်ပစ်ခတ်ပြီး Mi-17 (စစ်ရဟာယာဥ်) တွေနဲ့ လူအင်အားထပ်တိုးချကာ အခုလက်ရှိလည်း ကလေးမြို့လေတပ်ကိုဆင်းပြီး ကျည်ဖြည့်၊ ဆီဖြည့်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

"မြို့သိမ်းပွဲတွေအတွက် အကိုတို့ ပြင်ဆင်ထားတာ ကြာပြီ။ အားစိုက်ထားခဲ့တယ်။ အဲ့တာကြောင့် သေသေချာချာ တိုက်တာပေါ့။ အခုချိန်ထိတော့ မြို့ကို စီးထားနိုင်တုန်းပဲ" လို့ သူက ဆက်ပြောပါတယ်။ 

စစ်ကောင်စီဘက်က သေဆုံးအလောင်းတွေကိုတော့ စက်လှေနဲ့သယ်ပြီး ဟုမ္မလင်းမြို့ပေါ်မှာပဲ သဂြိုလ်နေတယ်လို့ သူကပြောပါတယ်။

ရွှေပြည်အေးမြို့ဟာ နအဖခေတ် ဗိုလ်ချုပ်ကြီးသန်းရွှေလက်ထက်တုန်းက ဗိုလ်ချုပ်သာအေး ကိုယ်တိုင်တည်ခဲ့တဲ့မြို့ ဖြစ်ပြီး၊ သစ်လုပ်ငန်းအဓိကလုပ်ကာ စစ်ကောင်စီဘက်က ဝင်ငွေအများစုရှိနေတဲ့ မြို့ဖြစ်တဲ့အတွက် သာလွန်အင်အားသုံးကာ ထိုးစစ်ပြန်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မြို့သိမ်းတိုက်ပွဲကို ခန္တီးခရိုင် အမှတ်(၁) တပ်ရင်း-ဟုမ္မလင်း၊ HPDF-124, HPDF, HPDF- မိုးကြိုးစတဲ့အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ကြတာလည်း ဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10