96 Soldiers တပ်ဖွဲ့ကို ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးနိုင်

96 Soldiers တပ်ဖွဲ့ကို ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးနိုင်

အညာဒေသ တပ်ခွဲတခုဖြစ်တဲ့ 96 Soldiers - PDF တပ်ဖွဲ့ကို ပန်းဆိုင် - Pann Sine ပရောဂျက်ကရတဲ့ အလှူငွေနဲ့ တိုက်ပွဲအတွင်း အရေးပါတဲ့ကျည်ကာဦးထုပ်တွေ တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ 96 Soldiers - PDF တပ်ဖွဲ့ဆီက သိရပါတယ်။

96 Soldiers-PDF အတွက်ရည်ရွယ်ပြီး ပန်းဆိုင် - Pann Sine အဖွဲ့ကပြုလုပ်ထားတဲ့ ”ခေါင်းကို ကာမယ်အလုံးငါးဆယ်” ကမ်ပိန်းက ရငွေနဲ့ တပ်ဆင်ခဲ့တာပါ။  

အဆိုပါ ကမ်ပိန်းကို မတ် ၁ ရက်ကနေ ၃၁ ရက်ထိ သတ်မှတ်ထားပေမယ့် ရက် ၂၀ နဲ့တင် ၁၀၄ ဒသမ ၃၄ ရာခိုင်နှုန်းနဲ့ ပရောဂျက်အောင်မြင်ခဲ့ပြီး လက်ရှိ ဦးထုပ်အလုံး ၃၀ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

“ဒီလို ကျည်ကာဦးထုပ်တွေ မရှိခဲ့ရင် ရဲဘော်တဦးရဲ့ ခေါင်းကို လက်နက်ကြီးစ မှန်တယ်ဆိုရင်တောင် မှန်တဲ့ အတိုင်းအစပေါ်မူတည်ပြီး အဲ့ဒီနေရာမှာပဲ အသက်ပေးကောင်း ပေးရနိုင်တယ်။ ဒီဦးထုပ်တွေသာ ရှိခဲ့မယ်ဆိုရင် ၄၀ ရာခိုင်နှုန်းလောက် ကာဗာပေးနိုင်တယ်။”လို့ 96 Soldiers - PDF အညာဒေသ တပ်ခွဲအဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါ ကျည်ကာဦးထုပ်တွေက လက်နက်ကြီး၊ လက်နက်ငယ် အန္တရာယ်ကနေ အပြည့်အဝ အကာကွယ် မပေးနိုင်ပေမယ့် တိုက်ပွဲအတွင်း အသက်သေဆုံးမှု အခြေအနေတွေကတော့ လျော့ပါးသွားနိုင်တယ်လို့ ဆိုပါတယ်။

တပ်ဖွဲ့အတွက် ကျည်ကာဦးထုပ်အလုံး ၅၀ တပ်ဆင်ပေးမှာဖြစ်ပြီး လက်ရှိ အလုံး ၃၀ ရရှိကာ ကျန်တဲ့အရေအတွက်ကိုလည်း မှာယူထားတယ်လို့ အထက်ပါရဲဘော်က ပြောပါတယ်။ 

96 Soldiers - PDF အညာဒေသတပ်ခွဲဟာ စစ်ကိုင်းတိုင်းထဲမှာ အဓိကစစ်ရေးလှုပ်ရှားနေပြီး မတ်လ ၂၇ ရက် မနေ့ကလည်း ပုလဲမြို့ပေါ်မှာရှိတဲ့ မြို့မရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #96SoldierPDF #ကျည်ကာဦးထုပ် #တပ်ဆင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10