CDM တပ်ကြပ်မှ PDF တပ်ရင်းဗိုလ်အဖြစ် ပြောင်းလဲတိုက်ပွဲဝင်နေသူ (ရုပ်/သံ)

စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံတပ်ရင်း ခမရ ၄၂၀ မှာ တပ်ကြပ်အဖြစ် ထမ်းဆောင်ခဲ့တဲ့ လက်ရှိ CDM တပ်ကြပ် ကိုအောင်ဟာ  ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးပြီးချင်းမှာပဲ တပ်ကနေ ထွက်လာခဲ့ကာ ကျောက်ဆည်နဂါးနီ တပ်ရင်း - ၁ PDF ထဲ ကူးပြောင်းလာခဲ့ပါတယ်။  

ပြည်သူတွေကို ကာကွယ်မယ်လို့ အဓိဌာန်နဲ့ တပ်မ ၉၉ ထဲကို အသက် ၁၇ နှစ်သားအရွယ်က ဝင်ရောက်ခဲ့ပေမယ့် သူရောက်သွားခဲ့တဲ့ စစ်တပ်ဟာ ပြည်သူတွေကို ကာကွယ်မယ့်အစား ရက်ရက်စက်စက် အကြမ်းဖက်နေတာတွေ၊ ခေါင်းဆောင်အကြီးပိုင်းတွေက  အောက်ခြေတပ်သားတွေအပေါ် ဖိနှိပ့်မှုတွေကအစ နှစ်ရှည်လများ မြင်တွေ့ခဲရပြီး ဒါတွေက သူ့အတွက်တပ်ကနေ ထွက်ဖို့ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ လကုန်ပိုင်းမှာတော့ အဲဒီစစ်တပ်ကို ကျောခိုင်းပြီး ထွက်ပြေးလာနိုင်ခဲ့ပါတယ်။

လက်ရှိမှာ သူတတ်ကျွမ်းထားတဲ့ တိုက်ခိုက်ရေးနည်းပညာတွေနဲ့ ကျောက်ဆည်နဂါးနီတပ်ရင်း - ၁ မှာ တပ်ရင်းဗိုလ်အဖြစ် တာဝန်ယူပြီး တိုက်ပွဲတွေကို သူကိုယ်တိုင် ဖော်ဆောင်ကာ စစ်အာဏာရှင်ကို ပြန်လည်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#CDM တပ်ကြပ် #တပ်မ ၉၉ #ကျောက်ဆည်နဂါးနီ တပ်ရင်း - ၁

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10