သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကိုင်းတိုင်းဒေသကြီး စစ်ဘေးရှောင်ပြည်သူတွေနဲ့ ကျေးလက်ကျောင်းတွေကို ကျန်းမာ ရေးကူညီစောင့်ရှောက်ပေးနေတာဟာ ကျောင်းပေါင်း ၂၂ ကျောင်းအထိ ရှိလာပြီဖြစ်တယ်လို့ AVSC Medical Team ဆီက သိရပါတယ်။
ကျေးရွာပေါင်းစုံဦးဆောင်ကော်မတီ (AVSC Medical Team)ဟာ စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေက စစ်ဘေးရှောင််ပြည်သူတွေနဲ့ ကျေးလက်ကျောင်းကျန်းမာရေးနဲ့ပတ်သက်ပြီး အဓိကလုပ်ဆောင်ပေးနေတာဖြစ်တယ်လို့ ကျန်းမာရေးအကြီးတန်း ၂ CDM သူနာပြုဆရာမ မအိက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ ရက်တိုရက်ရှည် စစ်ရှောင်နေရပေမယ့် ကျန်းမာရေးနဲ့ပတ်သက်လို့ ဆက်သွယ်လာရင် သွားရောက်ကူညီသလို NUGရဲ့ ကြားကာလပညာသင်စနစ် ဖော်ဆောင်နေတဲ့ကာလမှာလည်း ကျောင်းကျန်းမာရေးအတွက် ကူညီစောင့်ရှောက်နေပါတယ်လို့ ဆိုပါတယ်။

