Zero ပြောက်ကျားတပ်ဖွဲ့ကို သေနတ်ဝယ်ဖို့ ကျပ်သိန်း ၃၅၀ လှူဒါန်း

Zero ပြောက်ကျားတပ်ဖွဲ့ကို သေနတ်ဝယ်ဖို့ ကျပ်သိန်း ၃၅၀ လှူဒါန်း

ပြည်ပရောက် မြင်းခြံဒေသခံတဦးက Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇၊ မြင်းခြံခရိုင်တပ်ဖွဲ့ကို သေနတ်ဝယ်ဖို့အတွက် ငွေလှူဒါန်းခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

M 16 သေနတ်ဝယ်ဖို့အတွက် လိုအပ်တဲ့ငွေကျပ်သိန်း ၃၅၀ ကို မတ် ၂၉ ရက် ဒီနေ့မှာ လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။ 

“အမြဲလှူဒါန်း‌နေကျ ပြည်ပရောက် မြင်းခြံသားလူငယ်တဦးက M 16 လက်ထောက်တွဲ ၁ လက်ဝယ်ဖို့ သိန်း ၃၅၀ လှူဒါန်းပေးခဲ့တာပါ” လို့ Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

သူတို့တပ်ဖွဲ့ကို နောက်ထပ်လှူဒါန်းထားတဲ့ငွေတွေလည်း ရှိနေသေးတာကြောင့် အထက်ပါ လူငယ်လှူဒါန်းတဲ့ငွေနဲ့ ပေါင်းပြီး သေနတ် ၂ လက်ဝယ်ယူသွားမှာလို့ ဆိုပါတယ်။ 

“သေနတ်ကတော့ မှာယူပြီးပါပြီ။ ၂ လက်စာမှာ ၁ လက်လှူဒါန်းသွားတာ။ တခြားလှူဒါန်းတဲ့ ငွေတွေလည်း ရှိပါတယ်။ ကျနော်တို့ခြိုးခြံထားတဲ့ငွေနဲ့ ပေါင်းပြီး ၂ လက်ဝယ်ယူဖို့ စီမံထားတယ်”လို့ တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။ 

Zero ပြောက်ကျားတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်နေတဲ့ ဒေသခံကာကွယ်ရေးတခုဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက် ညနေပိုင်းမှာလည်း ဝက်လက်မြို့နယ်၊ လှတောတိုက်နယ်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို မဟာမိတ်အဖွဲ့တွေနဲ့ သွားရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မန္တလေး #မြင်းခြံ #Zeroပြောက်ကျားတပ် #ပြည်ပရောက်လူငယ် #လှူဒါန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10