စောကျော်ငြိမ်း

မုံရွာမြို့နယ် ညောင်ဖြူပင်ရွာက ရက်ရှည်စစ်ရှောင်အတွက် ဆန်၊ ဆီ ရိက္ခာတွေထောက်ပံ့ပေး

"စစ်ရှောင်ရတဲ့ ရက်ကြာလာတော့ စားဖို့ ဆန်၊ ဆီ၊ ကုန်စိမ်း လိုအပ်နေတာပါ။ သူတို့မှာ စားရေးနေရေး အခက်အခဲတွေရှိနေပါတယ်။ ကျနော်တို့ တတ်နိုင်တဲ့ဘက်က ထောက်ပံ့ပေးတာပါ"

ချောင်းနားဘုန်းကြီးကျောင်းက ပကဖတွေကို စစ်အုပ်စုဝင်တိုက်ပြီး ကျောင်းထိုင်ဘုန်းကြီး ရုပ်ကလာပ်ကိုပါယူသွား

ချောင်းနားရွာ ဘုန်းတော်ကြီးကျောင်းမှာ ထမင်းစားဖို့လုပ်နေတဲ့ ကာကွယ်ရေးရဲဘော်တွေကို အခုလဇန်နဝါရီ ၁ရက်မှာ ပျူရွာလို့လူသိများတဲ့ တပ်ကုန်းရွာက စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၈၀ လောက်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။

စစ်ကောင်စီကို တရုတ်အစိုးရ ကာကွယ်မပေးဖို့ မုံရွာမှာသရုပ်ပြ

"စစ်အုပ်စုလုပ်ရပ်ကြောင့် မြန်မာပြည်သူတွေ ထိခိုက်ခံစားနေရတယ်။ ပျက်စီးဆုံးရှုံးနေရပါတယ်။ ဒါကြောင့် ပြည်သူတွေက စစ်ကောင်စီကို တော်လှန်နေတာဖြစ်တယ်။ တရုတ်နိုင်ငံအနေနဲ့ စကစကို ဆက်လက်အကာအကွယ်မပေးဖို့ ရည်ရွယ်ပြီး သရုပ်ဖော်ခဲ့တာပါ"

The Way musical film ရဲ့ ဆေးဝါးကူညီမှုနဲ့ မြောင်ကစစ်ရှောင်တွေကို ဆေးကုသပေးနေ

"စစ်ရှောင်တွေမှာ စားဖို့ရော ကျန်းမာရေးအတွက်ပါ ခက်ခဲနေကြတယ်။ တောထဲက စစ်ရှောင်တွေက ဒုက္ခပိုရောက်ကြတယ်။ တောထဲကို ဦးစားပေးအနေနဲ့ ဆေးကုသပေးခဲ့တယ် "

မြို့သိမ်း မောင်းပြန်ကမ်ပိန်း ၁၀ ရက်အတွင်း ၉ ရာခိုင်နှုန်းသာ ရရှိထား (ရုပ်/သံ)

ကမ်ပိန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ၁ လတာ ပြုလုပ်နေတာဖြစ်ပြီး "မောင်းပြန်ကိုယ်စီ မြို့သို့ချီ" ဆိုတဲ့ ကမ်ပိန်းအတွက် ပေါက်မဲပစ္စည်းတွေအနေနဲ့ သိန်း ၄၀ ကျော်တန်ပတ္တမြားလက်စွပ် ၁ ကွင်း၊ IPhone 14 Pro Max ၁ လုံး၊ နာရီ ၁ လုံး၊ ရေဆေးပန်းချီကား ၁ ချပ်နဲ့ တခြားပစ္စည်းများစွာ ပါဝင်သေးတယ်လို့ တပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

RBDF တပ်က AK လက်လုပ်သေနတ် အောင်မြင်စွာထုတ်လုပ်ပြီး တိုက်ပွဲမှာ စတင်အသုံးပြု (ရုပ်/သံ)

၂၀၂၁ ခုနှစ် ဇွန်လအစောပိုင်းကတည်းကဖွဲ့စည်းခဲ့တဲ့ RBDF ဟာ နွေဦးတော်လှန်ရေးအစမှာကတည်းက တူမီးသေနတ်၊ ဂက်စ်ဘူး တပ်ဆင်ပစ်ရတဲ့ ဂက်စ်သေနတ်၊ တတောင့်ထိုးသေနတ်၊ G3 ရိုင်ဖယ်တို့နဲ့ စတင်တိုက်ခိုက်တာဖြစ်ပြီး AK Auto/Simi Auto သေနတ်ထုတ်လုပ်နိုင်တဲ့ အဆင့်ထိ ရောက်လာခဲ့သလို လက်နက်ကြီးအနေနဲ့ တာဝေးပစ်ရှော့တိုက်ဒုန်းတွေကိုပါ ထုတ်လုပ်ပြီး တိုက်ခိုက်နေပြီလို့ သိရပါတယ်။

ရေတာရှည်နဲ့ ကျောက်တံခါးက စစ်တပ်စစ်ကြောင်းတွေ တိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးမှုရှိ

ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်မြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်တွေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပါတယ်။

ယင်းမာပင်မှာ စစ်ရှောင်လမ်းပိုင်းကို PDF ရဲဘော်တွေက ဦးဆောင်ပြုပြင်နေ

"စစ်ကြောင်းဝင်လာရင် တောင်ပေါ်ကို စစ်ရှောင်တဲ့လမ်းပါ။ ကျနော်တို့က ငွေစိုက်ထုတ်ပြင်နေတာပါ။ ပြည်သူတွေက လုပ်အားစိုက်ထုတ်ကူညီကြတယ် "

မိတ္ထီလာက ရဲအရာရှိ ၁ ဦး လက်နက်၊ ခဲယမ်းတွေနဲ့အတူ YSO ကတဆင့် ပြည်သူ့ရင်ခွင်ခိုလှုံ

" လွန်ခဲ့တဲ့ ၃ လက ခိုလှုံဖို့ သူကဆက်သွယ်ထားတယ်။ ခရီးဝေးလို့ အဆင့်ဆင့်လာခဲ့ရတယ်။ ဆုကြေး ချီးမြှင့်ပြီးတော့ လုံခြုံတဲ့နေရာမှာ ပို့ထားပါတယ် "

ပုလဲနယ် အင်မထီးပျူစောထီးရွာမှ ရွာခံ ၇ ဦးထွက်ပြေးလာပြီး ပအဖ အဖွဲ့ထံခိုလှုံ

"သူတို့တွေ အစားအသောက်ခက်ခဲနေကြတယ်။ တောင်းတိုင်းလည်း မပေးဘူး။ ပိုက်ဆံရှိတော့လည်း ဝယ်စားလို့ မရဖြစ်နေတယ်။ ကြာတော့ စိတ်ပျက်ပြီး ထွက်ပြေးလာကြတာ"

ထီးလင်း ပအဖတာဝန်ခံတဦး ဗုံးစထိမှန်ဒဏ်ရာတွေကုသရန် အကူအညီ ထပ်မံလိုအပ်နေ

"မျက်လုံးထဲက အစအနတွေကတော့ ထုတ်ပြီးပြီ။ ဘယ်ဘက်မျက်လုံးက ဝါးတားတားတော့ မြင်ရတယ်။ ညာဘက်မျက်လုံးက ဆေးပြတာပဲရှိသေးတယ်။ ခန္ဓာကိုယ်က ကျည်စတွေထုတ်ဖို့ ကျန်နေသေးတယ် "

တိုက်ခိုက်ခံရတဲ့ ပျူစောထီးတွေ စခန်းကို စွန့်ခွာထွက်ပြေးသွား (ရုပ်/သံ)

မာလဲတော ပျူစောထီးစခန်းကို ရှင်းလင်းရာမှာ ဘန်ကာ ၁၆ ခု၊ ဗုံးခိုကျင်း ၆ ခု၊ တပ်မ ၃၃ တံဆိပ်ပါ ယူနီဖောင်း ၂ စုံ၊ စစ်ဦးထုပ် ၃ လုံးသာ ကျန်ရှိပြီး စခန်းကိုကြိုတင်စွန့်ခွာသွားတဲ့အတွက် လက်နက်ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရတာ မရှိခဲ့ဘူးလို့ သူက Phoenix Sagaing SGG အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နောင်ကြီးက ပြောပါတယ်။

ပုလဲမှာ လက်နက်ခဲယမ်းနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားကို ဆုငွေသိန်း ၁၀၀ ကျပ်ပေးအပ်

" လက်နက်ယူလာမှတော့ ပြန်ပြေးရင်လည်း မလွယ်တော့ဘူး။ ဆုငွေလည်း ပေးထားပါတယ်။ သူ့ကို လုံခြုံတဲ့နေရာမှာ ထားပါတယ်"

တိုက်ပွဲကြားက စွန့်ပစ်ခံဘိုးဘွားတွေရဲ့ နားခိုရာ (ရုပ်/သံ)

သား/သမီးကျောထောက်နောက်ခံ မရှိဘဲ စွန့်ပစ်ခံရတဲ့ အဘိုးအဘွားတွေအပါအဝင် သားသမီးတွေရှိပြီး အကြောင်းအမျိုးမျိုးကြောင့် စောင့်ရှောက်မှုမပေးနိုင်တဲ့ ဆားလင်းကြီးနယ်ထဲက ရောက်လာကြတဲ့ အသက်အရွယ် ၇၀ ကျော် နာတာရှည် ဝေဒနာရှင်တွေကို စစ်ကိုင်းနယ်ဘက်မှာ ရှင်ချမ်းဘိုးဘွားစောင့်ရှောက်ရေးက ခေါ်ယူစောင့်ရှောက်ပေးနေတာပါ။

ကန့်ဘလူမှာ စစ်ရှောင်ရင်း သက်ကြီးရွယ်အိုအမျိုးသမီး ၂ ဦးသေဆုံး

"လူကြီးတွေဆိုတော့ ကြောက်စိတ်၊ စိုးရိမ်စိတ်များကြတယ်။ ကိုယ့်အိမ်လို လုံခြုံနွေးထွေးတာမဟုတ်တော့ အအေးဒဏ်မခံနိုင်တာလည်း ပါတာပေါ့။ အဲ့ဒါကြောင့် အခုလို သေဆုံးသွားကြတာပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10