ကျောက်ထုက တိုက်ပွဲမှာ စစ်သား ၁၀ ဦးသေပြီး PDF ၂ ဦးဒဏ်ရာရ
"တိုက်ပွဲဖြစ်တာ ၂ နာရီလောက်ကြာမယ်။ စစ်သား ၁၀ ဦး သေတယ်။ ဒဏ်ရာရတဲ့သူလည်းများတယ်။ ဝါးနှစ်ရိုက်အကွာလောက်ပဲ ဝေးတော့ အတိုင်းသား မြင်နေရတယ်။ ကျနော်တို့ဘက်က ၂ ယောက် ဒဏ်ရာရတယ်"
"တိုက်ပွဲဖြစ်တာ ၂ နာရီလောက်ကြာမယ်။ စစ်သား ၁၀ ဦး သေတယ်။ ဒဏ်ရာရတဲ့သူလည်းများတယ်။ ဝါးနှစ်ရိုက်အကွာလောက်ပဲ ဝေးတော့ အတိုင်းသား မြင်နေရတယ်။ ကျနော်တို့ဘက်က ၂ ယောက် ဒဏ်ရာရတယ်"
"သောက်ရေတောင် မနဲချွေတာ သောက်နေရတယ်။ ဆိတ်မွေးတာက ဒီနယ်မှာ အများဆုံးပဲ။ဆိတ်တွေသောက်ဖို့ ရေကို ခက်ခဲနေတာပါ။ ခုလိုရေခက်ခဲတာက ၆ နှစ်ကျော်ပြီ။ မိုးရွာတာနည်းတော့ ရေရဖို့အတော်ကို ခက်ခဲပါတယ်"
"Royal Eagle အဖွဲ့က ထောင်ထားတဲ့ တိုက်မိုင်းမိတာပါ။ အင်းမထီးရွာရဲ့အနောက်မြောက်ဘက်နားမှာ ဖြစ်တာ။ ၂၈ ရက်နေ့မှ ပျူ ၂ ယောက်နဲ့ စစ်သား ၁ ယောက် သေတာနဲ့ ၇ ယောက်ဒဏ်ရာရတာ ပြန်သိရတယ်”
"ဥပမာ ညီလေးဆိုရင် ညီကေး၊ ချိုင့်ဂွက်များတာဆိုရင် ဂွက်ချိုင့်တွေကပေါ၊ စားမယ်ဆိုရင် မစားရင်၊ မသွားရင်"
"လက်နက်တပ်ဆင်မှုက ခရိုင်တပ်ရင်းတွေကို အခုလည်းလုပ်နေပြီ။ လုပ်နေပြီဖြစ်တဲ့အတွက်ကြောင့် ကျမတို့ဆီမှာ လက်နက်တပ်ဆင်မှုကျလာတဲ့အချိန်မှာ အဆင်သင့်ဖြစ်အောင်ပေါ့နော်။ နဂိုရှိပြီးသား ရဲဘော်အဟောင်းတွေကို မွမ်းမံထပ်လုပ်တာပါ"
"စစ်ရှောင်ပြည်သူတွေက အိမ်ပြန်နေရတဲ့သူ ရှိသလို တောထဲမှာသွားပြီး ဆေးကုရတာမျိုးတွေ ရှိပါတယ်။ များသောအားဖြင့် ဆီးချို သွေးတိုးရောဂါဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ ကုရတာ များတယ်။ ခလေးငယ်တွေကတော့ ဖျားနာတာလောက်ပဲ ဖြစ်ကျတာ။ လိုအပ်တဲ့ ဆေးဝါးတွေက ရံပုံငွေရှာဖွေလို့ရတဲ့ငွေ၊ ပြည်သူတွေရဲ့လှူဒါန်းငွေနဲ့ ဝယ်ရပါတယ်"
"ကလေးတွေက PT ပြေးနေတာ၊ အပူအအေးမမျှတလို့ မတော်တဆပေါက်ကွဲတာမျိုးပါ။ ဘယ်သူကြောင့်မှ မဟုတ်ပါဘူး။ အညာဆိုတော့ ထန်းလက်မိုးအဆောင် ကလေးတွေရဲ့ အသုံးအဆောင်တွေ၊ ဖုန်းတွေ မိုင်းမျိုးစုံနဲ့ထိပ်ဖူးတွေ၊ ပြောင်းတွေ၊ ယမ်းတို့ ငွေသား တချို့လည်း မီးလောင်တဲ့အထဲ ပါသွားတာပေါ့ဗျာ။ ပြည်သူ့ရဲ့ချွေးနဲစာနဲ့ စုဆောင်းထားတာတွေ သိန်းထောင်ချီ ဆုံးရှုံးခဲ့ရတော့ စိတ်ထိခိုက်မိတာတော့ အမှန်ပါ"
"ကျနော်တို့မှာရှိတဲ့ ရန်ပုံငွေထဲကနေ တတ်နိုင်သလောက် ကူညီပေးတာပါ။ ဖေဖော်ဝါရီလထဲမှာ စပြီးကူညီပေးတာ။ ဆန်၊ ဆီနဲ့ အဝတ်အစား၊ ယာယီအိမ်ဆောက်ဖို့ မျှောနဲ့ဝါးရယ်နောက်ပြီး တပ်ရင်းက ရဲဘော်/မေ တွေက ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးတာတွေလည်း အခါအားလျော်စွာနဲ့ တတ်နိုင်တဲ့ဘက်က ကူညီပေးနေပါတယ်"
“စားဖို့ကဖြစ်သလို စားလို့ရတယ်။ စစ်ကောင်စီနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့အခါ လက်နက်၊ခဲယမ်း မပြည့်စုံတော့ စိတ်တိုင်းမကျခဲ့ဘူး။ ပုလဲဒေသအပြင် တခြားနယ်ဘက်တွေသွားပြီးတော့ မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်တာတွေ လုပ်ပါတယ်။ လက်နက်ထုတ်လုပ်ရေးအပိုင်းမှာလည်း ကုန်ကျစားရိတ်များတော့ အပိုငွေမကုန်အောင် ပြည်သူတွေရဲ့ငွေကို ချွေတာသုံးစွဲနေပါတယ်"
"ကင်းပုန်းဝပ်ပြန်လာတဲ့ စစ်ကောင်စီတွေကို သိန်းသန်းအောင်ဆီဆိုင်အနောက်ဘက် တံတားနားမှာ ကျနော်တို့ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးနဲ့ပစ်ခဲ့တယ်။ စစ်ကောင်စီဘက်ကလည်း RPG တလုံး၊ ၆၀ မမ ၃လုံးနဲ့ ပြန်ပစ်တယ်။ သူတို့ဘက်က နှစ်ယောက်လဲကျသွားတယ်" လို့ ပြောပါတယ်။
"နေရာဒေသမရွေးက လာပို့တဲ့ အဘိုးအဘွားတွေကို ရာသက်ပန်စောင့်ရှောက်ပေးတာပါ။ ဒီကျောင်းမှာ နေဖို့စားဖို့ဝတ်ဖို့ တရားအားထုတ်ဖို့ အကုန်လုပ်ပေးပါတယ်။ သူတို့ဘဝတသက်တာအတွက် ကံမကုန်ခင်အချိန်မှာ သက်တောင့်သက်သာနဲ့ စိတ်အေးချမ်းစွာ နေနိုင်ဖို့အတွက် ရည်ရွယ်ပြီး၊ အတတ်နိုင်ဆုံးဆောင်ရွက်ပေးနေပါတယ်" လို့ ဆရာတော်ကမြေလတ်အသံကို မိန့်ကြားပါတယ်။
"ကျနော်တို့တပ်ရင်းမှာ တပ်ခွဲ သုံးခွဲ ရှိတယ်။ ကျနော်တို့ဆီရောက်လာတဲ့ တခြားတပ်ခွဲကရဲဘော်တွေလည်း ဝိုင်းလုပ်ကျတာပါ။ လိုအပ်တဲ့နည်းပညာ အကူအညီလည်း ပေးကျတယ်။ မလိုအပ်ဘဲ ကုန်ကျနေတဲ့ငွေကို လျော့ချနိုင်ဖို့ ရိက္ခာဖူလုံဖို့အတွက် အဓိကလုပ်ဖြစ်တာပါ"
"စစ်ဘေးရှောင်ရွာသားတွေက ခြောက်ထောင်ကျော်လောက်ရှိမယ်။ ဖြစ်သလိုနေ ဖြစ်သလိုစားနဲ့ နေရတာ။ အမိုးအကာလည်း လုံခြုံမှုမရှိပါဘူး။ စစ်ကြောင်းဝင်လာတာနဲ့ ဘေးလွတ်ရာ ကူညီပြောင်ပေးနေရတယ်။ ညပိုင်း ကင်းစောင့်ရတာပေါ့။ ပြည်သူတွေအတွက် အကူအညီလိုအပ်နေတာက အများကြီးပါ"
"မိုးရွာတာက နည်းတယ်ဗျ။ လေတိုက်တာက အတော်များတယ်။ မိုးခြိမ်းပြီး လျှပ်စီးလက် တာများတော့ လျှပ်စီးကြောင်းထိလို့ ဆိုင်ကယ်ကို မီးစွဲလောင်တာပါ။ တဲစခန်းနဲ့က နီးပေမယ့် ရေစိုနေတော့ တခြားပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာ မရှိပါဘူး"
"ရွာအရှေ့ကနေ သေနတ်ဖောက်ပီး ဝင်လာကြတာ။ ဘာပစ္စည်းမှကို မသယ်လာနိုင်ခဲ့ဘူး။ အမတယောက်ဆိုရင်လည်း ကလေးတယောက်က စစ်သားတွေဝင်လာပြီပြောမှ ချက်ချင်း ထွက်ပြေးရတာဆိုတော့ ဘာတခုမှပါမလာဘူး"