MLAT

ပလက်ဝတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး၊ ၃ ဦးဒဏ်ရာရရှိ

"စစ်လှေက တုံးမဝရွာစာသင်ကျောင်းကနေ ကျောင်းဆင်းလာတဲ့ ကျောင်းသားတွေကို ကြိုလာတာ။ ကျောင်းဆင်းလို့ ရွာကိုပြန်တဲ့အချိန်မှာ လက်နက်ကြီးကျလို့ ကျောင်းသားနှစ်ယောက်ကတော့ အဲဒီလှေထက်မှာဘဲ သေသွားခဲ့တယ်။ ကျောင်းလုပ်သားတစ်ယောက်၊ နောက် ထပ်ကျောင်းသားနှစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်။ တယောက်ကတော့ လည်ပင်းမှာ လက်နက်ကြီးစဝင်သွားတယ်။ နောက်တယောက်မှာ လက်တဖက်ပြတ်သွားတယ်။ ကျောင်းလုပ်သားမှာတော့ ခြေထောက်တဖက်ပြတ်သွားတယ်။ ကျောင်းသားတွေကတော့ ဘယ်ရွာက ဆိုတာကို မသိရသေးဘူး။"

စစ်ကောင်စီဖမ်းသွားတဲ့ အုပ်ချုပ်ရေးမှူး ၂ဦးပါ ၁၀ဦး ၂ပတ်ကြာတဲ့အထိ သတင်းအစမရလို့ မိသားစုတွေ စိုးရိမ်နေ

"စစ်သားတွေ ဖမ်းသွားတဲ့နေ့ကစလို့ ဒီနေ့ ဒီအချိန်ထိ ကျွန်မယောကျ်ားနဲ့ပတ်သက်လို့ ဘာတခုမှ မသိရ၊မကြားရဘူး။ ဘယ်နေရာမှာရောက် လို့ရှိနေမလဲ။ သတ်ပစ်ပြီလား၊မသတ်သေးဘူးလား အရမ်းသိချင်ပါတယ်။ ကိုယ်နဲ့သိတဲ့လူတွေ ကိုလည်း ဖုန်းဆက်မေးတယ်။ သူတို့များသိမလားလို့ ဒါပေမဲ့ ဘာတခုမှမထူးပါဘူး။ ကျွန်မ ယောင်္ကျား သေသွားပြီဆိုရင်လည်း သေပြီ။ မသေးသေးဘူးဆိုရင်လည်း ဘယ်နေရာမှာရောက်ထား ထားတယ်ဆိုတာလည်းပဲ သိချင်နေမိပါတယ်။"

အကြမ်းဖက်စစ်အုပ်စု အထူးသံတမန် ပရက်ဆော့ခွန်း

အရင့်အရင်တုန်းက ပရက်ဆော့ခွန်းလို့ပြောလိုက်ရင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးမှန်း မသိကြသူများပေမဲ့ အာဆီယံအထူးသံဖြစ်လာပြီးနောက် မြန်မာနိုင်ငံထဲလာလိုက်၊ မင်းအောင်လှိုင်နဲ့ လေကြောဖြောင့်လိုက်၊ မြန်မာပြည်သူတွေ ကိုစော်ကားလိုက်နဲ့ အခုတော့ ပရက်ဆော့ခွန်းဆိုရင် မြန်မာပြည်သူတွေထဲ အော့နှလုံးနာစရာ ချဉ်ပတ်အဖြစ်နဲ့ လူသိများလာခဲ့တယ်။

ပေါင်းတည်က ပဲခူးရိုးမအစပ်မှာ စစ်ကောင်စီက လေယာဥ်နှစ်စီးဝဲပျံပြီး ​စစ်ကူပို့နေ

"မနက်ကလေယာဥ် ၂ စီးပေါ်မှာ စစ်သားတွေက လက်နက်တွေကို မြေပြင်ကို ချိန်ပြီး ဝဲနေတယ် တော်တော်ကြာတယ် ရွာတွေဖက်ကလည်း ကြောက်လို့ ရှောင်နေကြတာ အခုတော့ လေယာဥ်ပျံတာမျိုး မရှိတော့ဘူး "

နတ်တလင်းမှာ အထိနာတဲ့ စစ်ကောင်စီ အင်အားထပ်ဖြည့်နေ

"လောလောဆယ်က စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်လာတာရှိပါတယ် ဘယ်တပ်ကလည်း ဆိုတာကတော့ မသိရဘူး အခုဆို သူတို့မှာ အင်အား ၅၀ လောက်တော့ ရှိမယ်"

အောင်လံမြို့နယ်က စစ်တပ်သတင်းပေးဆိုသူတဦး အသံတိတ်အသတ်ခံရ

" သူအပါအဝင်လေးဦးကို ၆၊၃၊ ၂၀၂၂ရက်နေ့မှာ သတိပေးစာထုတ်ပြန်ပီးသတိပေးခဲ့ပါတယ်၊ လေးလကြာစောင့်ကြည့်ပြီးစကစနဲ့ပူးပေါင်းမှု မရပ်တာကြောင့်ရှင်းခဲ့တာပါ၊ ဇူလိုင်(၁၉)အာဇာနည်နေ့မှာ လှီးဓားနဲ့ရှင်းခဲ့တာပါ"

ဇူလိုင် ၁၉ မှာ အာဏာရှင်ဆန့်ကျင်ရေးအလံတော် တလူလူလွှင့်

ကျနော်တို့နေ့တွေဟာ သွေးသံတရဲရဲ။ ကျနော်တို့ဘဝတွေ ရုန်းကန်အော်ဟစ်။ ဒီနေ့ထိတိုင် ဘုရားသခင်ဟာ ကျနော်တို့ဘက်မှာ ရှိမနေသေးဘူးလားလို့ နာနာကျင်ကျင်။ လူတယောက်အဖြစ်ဟာ တိရစ္ဆာန်နဲ့အတူတူလို့။ ဒါပေမဲ့ ယုံကြည်စွာ ကျနော်တို့ ရှေ့ဆက်နေဆဲ။

PTU ကျောင်းသားများသမဂ္ဂ ဥက္ကဌ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

ကိုဇော်မင်းသူကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၀ နာရီခွဲလောက်က သာယာဝတီခရိုင် အိုးသည်ကုန်းမှာရှိတဲ့ ၎င်းရဲ့နေအိမ်မှာတင် PDF တွေနဲ့ ဆက်သွယ်လို့ဆိုပြီး လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ၆ လကြာမှ ထောင်ဒဏ်ချမှတ်ခံရတာလို့လည်း သိရပါတယ်။

ပုဏ္ဏားကျွန်းက အရပ်သား ၂ဦးကိုစစ်ကောင်စီ ဖမ်းသွား

"စစ်သားတွေပေါ့။ပြီးတော့ စစ်အဝတ်တွေကိုဝတ်လို့ ရဲတွေလည်းပါတယ်။ အရင်ဆုံး စံပြရပ်ကွက်က အိမ်နှစ်အိမ်ကို ခြံစည်းရိုးကျော်ပြီး ဝင်ကြတယ်။ နောက်တော့ ၂ယောက်ဖမ်းသွား ကြတယ်။ဘာဖြစ်လို့ဖမ်းတယ်ဆိုတာတော့ မသိရသေးဘူး"

ရဲဘော်တွေအတွက်လက်နက်လိုနေလို့ အိမ်ထုတ်ရောင်းခဲ့တဲ့ စစ်ဦးစီးချုပ်

"ကျနော့်မှာ ရောင်းစရာ အိမ်တလုံးတော့ ကျန်သေးတယ်ပေါ့နော်၊ လောလောဆယ်တော့ စကစက ချိတ်ပိတ်ထားတယ်ဆိုပေမယ့် ဒါက တရားမဝင်ဘူး၊ သူတို့က လူထုတင်မြှောက်ထားတဲ့ အစိုးရမဟုတ်ဘူး၊ အဲ့အတွက် ကျနော့်အိမ်ကို ကျနော် ပိုင်နေတယ်၊ ကျနော့်မှာ ရောင်းစရာ ဒီအိမ်လေးတလုံးပဲရှိတဲ့အတွက် ဒီအိမ်လေးကို ကျနော် ရောင်းတာပါ"

ရွာသားတွေပြန်အလာကို ၂ နှစ်ကျော်ကြာစောင့်နေသည့် ရွာပျက်ကြီး

“ စစ်သားတွေက ရွာထဲကို၀င်လာ ကြတယ်။ တစ်အိမ်၀င်တစ်အိမ်ထွက်လူတွေကိုဖမ်းတယ်။ လမ်းမှာတွေ့တဲ့သူတိုင်းကိုလည်းဖမ်းတယ်။ ဖမ်းပြီးတော့စစ်သားတွေက ဖမ်းထားတဲ့သူတွေကို နောက်ပြန် ကြိုးတုတ်ပြီးတော့ မြေပြင်မှာမှောက်ထားကြတယ်။ ကျွန်မယောက်ျားကိုကျတော့ ထမင်းစားနေချိန်မှာဖမ်းခေါ် သွားတာ။ ကျွန်မကစစ်သားတွေကို မေးတယ်ဘာကြောင့်ဖမ်းတာလည်းလို့။ သူတို့ကဘာတစ်ခုမှမပြောခဲ့ဘူး။”

ပေါက်ခေါင်းမြို့နယ်မှာ အရိပ်မဲ့ စစ်ဆင်ရေးအဖြစ် ရဲစခန်းထဲမိုင်းဝင်ထားပြီး ဖောက်ခွဲခဲ့

" အဆောက်အဦးတလုံးတော့ထိခိုက်ပျက်စီးသွားတယ်ဗျ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်ဆိုပေမဲ့ခိုင်လုံမှုတော့မရှိသေးပါဘူး၊ အင်အားကတော့ အဲ့စခန်းမှာ ၁၀ ယောက်ကျော်ရှိမယ်လိုသိရတယ် စစ်သားတွေတော့မရှိဘူးဗျ ညကဖြစ်ပြီးတော့ ကပစ(၁၉)ကစစ်ကူသဘောလာတယ်လိုသိရတယ်"

စစ်တွေမြို့ ရွှေဆိုင်တဆိုင်မှ သိန်း ၄၀ တန်ဖိုးရှိရွှေထည်များကို အမျိုးသားတဦးက လုယူထွက်ပြေး

"သူဆိုင်ထဲကိုဝင်လာတဲ့အခါ အိတ်အမဲတလုံးကိုင်လို့ဝင်လာတယ်။ အိတ်ထဲမှာ မီးပြင်တဲ့ကိရိယာတခုပါတယ်။ ပြီးတော့ ငွေထုတ်ဖို့ပုံစံ လုပ်ပြီးတော့ စာရေးမဆီကလက်ကောက်ကြည့်ဖို့ တောင်းတယ်။စာရေးမကလည်း တစ်ကွင်းထုတ်ပြတယ်။သူကနောက်ထပ်ဒီလိုပုံစံတစ်ကွင်း မရှိဘူးလားမေးတော့။စာရေးမကထုတ်ပြလိုက်တယ်။အဲဒီနှစ်ကွင်းကို ကိုင်ပြီးတော့ထွက်ပြေးသွားတယ်။ ကျွန်မတို့လိုက်တော့ မမီလိုက်ဘူး"

ရခိုင်တွင် ၁ သောင်းကျပ်တန် ငွေစက္ကူအတုများဖမ်းဆီးရမိ၊ အသုံးပြုသူ ၃ ဦးကိုအမှုဖွင့်ထား

ဖမ်းဆီးရမိသည့်ငွေစက္ကူအတုများ၌ လေဆာကြိုးအရောင်မှာ ပြောင်းလဲခြင်းမရှိဘဲ သာမန်မိတ္တူကူးစက္ကူအမျိုးအစားဖြစ်ကာ ငွေစက္ကူအစစ်ထက် အလျား ၁ မီလီမီတာ ရှည်ပြီး အနံ ၁ မီလီမီတာ တိုနေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီသတင်းထုတ်ပြန်ရေး "ရခိုင်နေ့စဉ်"က ယနေ့ဇူလှိုင် ၁၃ ရက်နေ့တွင် ဖော်ပြထားသည်။

ရဲဘော်တဦး လက်လုပ်မိုင်းတွေဖောက်ခွဲပြီး အသေခံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၅ဦးသေဆုံး

" သူတို့တပ်စွဲထားချိန် ညနေ ၆နာရီလောက်မှာ ကျနော်တို့နဲ့ မဟာမိတ်ရပ်ရွာကာကွယ်ရေးရဲဘော်လေးတဦးလည်း အဲ့လမ်းကြောင်းက သူ့ရွာကို ပြန်ရမှာ၊ တပ်စွဲထားတာကိုမသိတော့ အဲ့ဒီလမ်းကြောင်းကို သုံးမိသွားတာ၊ သဲတောဘုန်းကြီးကျောင်းရှေ့ရောက်တော့ စစ်ကောင်စီခွေးတွေက ပစ်လိုက်တာ ဆိုင်ကယ်ကိုထိပြီး လဲကျသွားတယ်၊ သူလည်း ပြေးပေါက်မရှိတော့တာနဲ့ သူ့မှာပါလာတဲ့ လက်လုပ်မိုင်း ၃လုံးကို ဂတ်စ်မီးခြစ်နဲ့ ရှို့ပြီး အသေခံမိုင်းခွဲလိုက်တာပဲဗျ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10