စစ်ကောင်စီက ခင်ဦးဒေသခံ ၈ ဦးကိုပစ်သတ်ပြီး ၂၀ ဦးထက်မနည်းဖမ်းဆီးထား
"စကစတွေက ရွာထဲကိုဝင်တဲ့အချိန် မနက် ၅ နာရီလောက်ကဝင်တာ။ ကျောက်တွေတင်တဲ့ ကားနဲ့ဝင်တာ။ ဝင်တဲ့အချိန်ကမနက်ခင်းဆိုတော့ ပြင်ဆင်ချိန်မရလိုက်ဘူး။ ဝင်တာကလည်း သူတို့(စကစ)ကားနဲ့မဟုတ်ဘူး။ ကျောက်တင်တဲ့ကားနဲ့ဝင်လာတာ။ ဝင်ပြီးတော့ ကင်းစောင့်နေသူတွေကိုပစ်သတ်တာ”