တပတ်အတွင်း မြေလတ်သတင်း
- အမည်ခံ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ကောင်စီ အနားပေး - ၆ ရက်ကြာတိုက်ခိုက်ခဲ့တဲ့ ဖလံကိုင်းရေနံမြေရဲစခန်းကိုသိမ်းပိုက်ပြီး ရဲ ၅ ဦးသေ ၆ ဦးကို အရှင်ဖမ်းမိ - နတ်မောက်မှာ တရားမဝင်ကျွန်းသစ် ၁ တန်ကျော် PDF ဖမ်းဆီးရမိ၊ NUG ညွှန်ကြားချက်အတိုင်း ဆောင်ရွက်မည်ဟုဆို - ပဲခူးအနောက်ခြမ်းမှာ စစ်မှုထမ်းစာရင်းပါတဲ့သူတွေကို စစ်တပ်က ရုတ်တရက်လာရောက်ခေါ်ဆောင် - အောင်လံကစစ်တပ်ဂိတ်တခုမှာ လမ်းသွားကားတွေတားပြီး လူငယ်တွေကိုဖမ်းဆီးနေ - မိုင်းရှင်းလာတဲ့ စစ်သားနဲ့ ပျူစောထီးတွေ မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံး - ကလေးနဲ့ NUG ထိန်းချုပ်နယ်မြေ ခမ်းပါတ်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲမှု အနည်းဆုံးအရပ်သား ၃ ဦးသေဆုံး - စစ်ကောင်စီ အပြည့်အဝထိန်းချုပ်ထားတဲ့ ပြည်မြို့မှာ အုပ်ချုပ်ရေးမှူးတွေနဲ့စစ်သားတွေ ပစ်ခတ်ခံရမှု ဆက်တိုက်ဖြစ်ပွား - ရိက္ခာပို့ယာဥ်တန်းက ရှေ့ပြေးစစ်သားတွေ မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး - ကိုယ်ဝန်ဆောင်တွေဆေးကုနေတဲ့ ဆေးခန်းအနီး လေကြောင်းကနေဗုံးကြဲလို့ ၇ ဦးထိခိုက် - လက်ပံတိုရေနံမြေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ၊ PDF တွေက မီးငြှိမ်းသတ်ခဲ့ရ