ပန်းပန်ရင် အဖမ်းခံရတဲ့ တိုင်းပြည်ကြီး

ပန်းပန်ရင် အဖမ်းခံရတဲ့ တိုင်းပြည်ကြီး

ပန်းပန်ရင် အဖမ်းခံရတဲ့ တိုင်းပြည်ကြီး။ ကမ္ဘာ့စံချိန်ဝင် မှတ်တမ်းတင်ရတော့မယ်။ ပန်းပန်ရင် နန်းဆန်တယ် ဆိုတဲ့ ချစ်စရာကောင်းပြီး ကျက်သရေရှိတဲ့ မြန်မာ့သီချင်းစာသားတောင် မင်းဟောင်လှိုင် တဖြစ်လဲ မင်းချောင်လှိုင်လက်ထက်ရောက်မှ ပြောင်းရတော့မယ်။ သီချင်းစာသားတောင် ပျက်ရမယ့်ကိန်း။ ပန်းပန်ရင် ထောင်နန်းစံရမယ်လို့။

မင်းတို့တွေ တတ်လည်း တတ်နိုင်ပါပေတယ်။ ရှာကြံပြီး ကြောက်လည်း ကြောက်တတ်ကြတယ်၊ ခြောက်လည်း ခြောက်တတ်ကြတယ် မင်းဟောင်လှိုင်တပ်ရယ်။ 

ကြောက်တတ်လွန်း၊ ခြောက်တတ်လွန်းတဲ့နေရာမှာတော့ မင်းဟာ ပြိုင်ဘက်ကင်းပဲ။ မင်းရဲ့ ပါပါးကြီးကတောင် ဖေ့ဘွတ်လောက်ပဲ ကြောက်တာ။ မင်းအလှည့်မှ ပန်းကြောက်ရ၊ အနက်ရောင်ကြောက်ရ၊ VPN ကြောက်ရ၊ ဂိမ်းဆော့လည်းကြောက်ရ၊ အမေစု ကျန်းမာပါစေပြောလည်း မင်းမှာကြောက်နေရ၊ ဟိုသီချင်းဖွင့်လည်း ကြောက်ရ၊ ဒီသီချင်းဖွင့်လည်း ကြောက်ရ၊ ဟုတ်လည်း ဟုတ်ပါတယ် မင်းက မလုပ်ရဲတာ ဘာမှ မရှိဘူးလို့ပဲ ပြောခဲ့တာ၊ မကြောက်တာ ဘာမှ မရှိဘူးလို့ ပြောခဲ့တာမှ မဟုတ်တာ။ 

အဲ့ဒီ အိုကြီး၊ အိုမ အမေအိုအပေါ်ထားတဲ့ လူထုမေတ္တာ၊ လူထု စေတနာ၊ လူထုရဲ့ ယုံကြည်မှု၊ မင်းတို့က မခံစားဖူးလေတော့ အရမ်းကို လုချင်နေတာ။ ဒေါ်စုကို တုချင်လို့ ဒီနေရာကိုလုလေတော့ တိုင်ပြည်ပျက်ရုံသာ ရှိမှာပေါ့။ ဒါပေမဲ့ လူထုက မင်းတို့အပေါ်ကို တစက်လေးမှ မေတ္တာ မရှိ၊ စေတနာမရှိတာ။ အဲဒါကို ယုံ၊ မင်းတို့ ဇွတ်လုပ်မနေနဲ့။

ကလေးတွေ သူတို့ဘာသာသူတို့ ပန်းပန်တာကို ရာဇဝင်လူဆိုးကြီးတွေအတိုင်း ဖမ်းလိုက်ကြတာ မြင်မကောင်းဘူး။  မင်းတို့မို့ မရှက်တယ်။ ရုပ်ပျက်တဲ့ ဖြစ်ခြင်း။ တွေးကြည့်လေ၊ လူထုက ပန်းပန်ပြရုံနဲ့ မင်းတို့မှာက ဂန်းမှန်သလောက် ကြောက်နေကြတဲ့ကောင်တွေ။ ကြောက်ခြင်းကြောက်ရ ဂန်းအမှန်ခံရမယ့် လူထုက ကြောက်ရမှာကွ။ မင်းတို့တွေ ရှက်လည်း မရှက်ဘူး၊ တကယ့် ငကြောက်အရူးတွေပဲ။ 

ဒါပေမဲ့ လူထုက သူတို့မှန်တယ်၊ သူတို့တရားတယ်ဆိုတာ သိလေတော့ တတိုင်းပြည်လုံး ပန်းပန်ပြခဲ့ကြတာ တောရွာမြို့ပေါင်း ရာထောင်ချီလို့ တတိုင်းလုံးနီပဲ။ သတ္တိဆိုတဲ့ သင်ခန်းစာကိုသိဖို့ လူထုဆီက မင်းတို့ သင်ယူသင့်တယ်။

မကျေနပ်ရင် မင်းတို့လည်း လုပ်ကြည့်လိုက်ပေါ့။ ၅၀၀၀ စား အကြံနဲ့။ မင်းဟောင်လှိုင် မွေးနေ့တို့၊ ကြူကြူခေါ မွေးနေ့တို့၊ အသံဆူသပိတ်တို့။ မင်းဟောင်လှိုင်အောက်ဆွဲတွေ ပန်းပန်၊ မပန်တော့ မသိဘူး၊ လူထုကတော့ ပန်းခွေပေးမှာတော့ ကျိန်းသေတယ်။ ဒါကမင်းအပေါ်ထားတဲ့ လူထုမေတ္တာ၊ လူထုစေတနာ၊ တကယ်က မင်းတို့ လက်ခံရမှာ။ ခက်နေတာက အဲဒါ။

သတ္တိရှိရင် မင်းဟောင်လှိုင်ထောက်ခံပွဲ လုပ်ကြည့်ပါလား၊ တပြည်လုံးရဲ့လမ်းပေါ်မှာ လူဘယ်လောက်ထွက်မလဲလို့။ ဒီလောက်တောင် လူထုထောက်ခံတာ မြင်ချင်ရင်၊ လူထုကြီးရဲ့ ထောက်ခံမှု တခဲနက်လိုချင်တယ်ဆိုရင်တော့ မိဟောင်လှိုင် မထောက်ခံပွဲလို့သာ ကျင်းပလိုက် တတိုင်းပြည်လုံးရဲ့ လမ်းပေါ်မှာ လူပြည့်သွားစေရမယ်။ မင်းတို့ ကျေနပ်နိုင်ဖို့ပဲ လိုတယ်။ 

မင်းတို့ဟာ သူတော်ကောင်းကို သူတော်ကောင်းလို့ မမြင်နိုင်ဘူး။ ကျေးဇူးရှင်ကို ကျေးဇူးရှင်မှန်း မသိကြဘူး။ ပညာရှင်ကို ပညာရှင်လို တန်ဖိုးမထားတတ်ကြဘူး။ 

အခွင့်အရေးရတိုင်း နေရာလိုချင်ကြတယ်။ လူတွင်ကျယ် လုပ်ပြချင်ကြတယ်။ ကိုယ့်နေရာကိုယ် နားမလည်ကြဘူး။ တိုင်းပြည်ဘဏ္ဍာသူခိုးဖြစ်ဖို့ လာဘ်ထိုးနေရတဲ့တိုင်းပြည်မှာ တန်ဖိုးအသိဆိုတာ ဘယ်မှာရှိတော့မှာလဲ။ 

မင်းတို့တွေ လက်ထက်မှာ ငါတို့ဆုံးရှုံးခဲ့ရတာဟာ တန်ဖိုးထားမှုတွေပဲ။ ဘုရားပေါင်း ထောင်သောင်းပွင့်တောင် မင်းတို့တသိုက် တရားရမှာလည်း မဟုတ်ကြပါဘူး။

တကယ်က ကိုယ့်အကြောင်းကိုယ်သိ၊ ကိုယ့်တာဝန်ကိုယ်ကျေ၊ ကိုယ့်တန်ဖိုး ကိုယ်နားလည်။ ကိုယ့်အလုပ်က လုံခြုံရေးဆိုရင် ကိုယ့်တာဝန်သာ ကိုယ်ကျေအောင်လုပ်၊ အိမ်ဦးခန်းမှာ တက်ထိုင်ဖို့ မကြိုးစားနဲ့။ ငွေတမတ်နဲ့ ငါးကြင်းခေါင်းကို ကိုင်ဖို့ မစဉ်းစားနဲ့။ ဘယ်အရာမှ အလကားမရဘူး။ တန်ဖိုးထားတတ်အောင် ကြိုးစား။ အားစိုက်မှုတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိတယ်။ အကြောင်မရိုက်နဲ့ အချောင်မနှိုက်နဲ့ အလွယ်မလိုက်နဲ့ မင်းဟောင်လှိုင် တသိုက်ရေ့။ 

မင်းတို့တသိုက်ဟာ လေနဲ့ဝမ်းတောင် သေချာမကွဲဘဲ နိုင်ငံရေးက လုပ်ချင်သေးတာ။ လူတတ်ကြီး၊ လူတွင်ကျယ်ကြီး လုပ်ချင်ကြတယ်။ ပြင်ဦးလွင်အခေါင်းထဲက လသာ ပြကြတယ်။ မင်းတို့ဟာလေ ကွန်မြူနစ်ဆိုတာကို ချီးနံ့လိုရွံတတ်ကြပေမယ့် တရုတ်၊ ရုရှားလို ချီးတုံးကိုတော့ ပါးစပ်ထဲ ငုံထားဖို့ ဝန်မလေးတတ်ကြတဲ့ သူတွေ။ 

မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာဟာ ဒေါ်အောင်ဆန်စုကြည်လုပ်နေတာ မဟုတ်ဘူး၊ NLD က လုပ်နေတာလည်း မဟုတ်ဘူး၊ ဒေါ်အောင်ဆန်စုကြည်ဟာ NLD လည်း မဟုတ်ဘူး၊ မင်းတို့ပဲ ကောက်ကျစ်ဉာဏ်နဲ့ ခလောက်ဆန်နေတာ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလို့ပြောရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပဲ။ အဲဒီ ၂ ခုဟာ ဒင်္ဂါးပြားတခုရဲ့ ခေါင်းနဲ့ပန်းပဲ။ 

ငါတို့ပြည်သူတွေ အသက်ရင်း တောင်းဆိုနေတာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပဲ။ ငါတို့တွေ ဆာလောင်နေတာက ဒီမိုကရေစီနဲ့ လွတ်လပ်မှုပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို မင်းတို့လက်က လွတ်ချင်တယ်ဆိုတာ လူထုရဲ့ စေတနာ၊ လူထုမေတ္တာ၊ ဒေါ်စုကို လူထုက ချစ်တာ။ 

ပြီးတော့ မြန်မာလူထုရဲ့ ဒီမိုကရေစီဆာလောင်မှုကြီး၊ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်လိုတဲ့ ဆာလောင်မှုကြီး၊ ဒီဆာလောင်မှုကြီးဟာ သွေးမအေး၊ အသံမတိတ်သွားဘူးဆိုတာ အခု ပန်းသပိတ်က သက်သေပဲ။ 

ပန်းသပိတ်က မင်းတို့တသိုက်ကိုတော့ တော်တော်သိပ်လိုက်ပုံရတယ်။ ထမင်းလွတ်၊ ဟင်းလွတ်သာ ရူးပေးတော့ မိဟောင်လှိုင်ရေ။ မင်းအတွက်တော့ အရူးဆေးတခွက်ဖြစ်မှာပေါ့။ ပန်းမြင်ပြီး ကြောက်ချေးပါရတယ်လို့ကွာ။ မင်းကျမှ သူများထက် ထူးပြီး နဖူး အနာတက်ပေါက်ရတယ်လို့။

ဒါတွေကြောင့်လည်း မင်းကို မိချောင်လှိုင်လို့ ခေါ်ချင်တာ။ မင်းဟာ ချောင်နေတာလား၊ ကြောင်နေသလားဆိုတာ မှန်ရှေ့ရပ်ပြီး ကိုယ့်ဘာသာကိုယ်သာ ပြန်မေးပေတော့။

အဲ့တော့ ပန်းပန်လို့ ကြောက်ရတယ်ဆိုတာ မင်းဟောင်လှိုင်လက်ထက်မှာပဲ ရှိပါစေတော့။ သမိုင်းမှတ်တမ်းထိုး ပါစေတော့၊ နိဂုံးချုပ်ပါစေတော့။ ။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10