သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
မကွေးမြို့၊ ရန်ပယ်ရပ်၊ မဲထီးလမ်းပေါ်က ရွှေဆိုင်တဆိုင်မှာ နိုဝင်ဘာ ၂၈ ရက် ဒီကနေ့ နေ့လယ်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပြီး ရွှေထည်တချို့ လုယူခံလိုက်ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ရန်ပယ်စျေးအနီးမှာရှိတဲ့ ချိုချိုရွှေဆိုင်ကို ဆိုင်ကယ်နဲ့လာတဲ့ အမည်မသိသေနတ်သမား ၂ ဦးက ဆိုင်အတွင်းဝင်ရောက်ကာ ရွှေဆိုင်ပိုင်ရှင်အမျိုးသား ၂ ဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့ပြီးနောက် ရွှေထည်တွေထည့်ထားတဲ့မှန်ဗီဒိုကို ရိုက်ဖွင့်လုယူထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။
" ခုအပစ်ခံရတဲ့သူတွေ တူအရီး ၂ ယောက်လုံး ခွဲစိတ်ခန်းဝင်နေတုန်း။ ပစ်တာတော့ ဘယ်သူဘယ်ဝါ မသိရသေးပါဘူး။" မကွေးမြို့အခြေစိုက်ပရဟိတအသင်းတခုရဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
သေနတ်ပစ်ခတ်ခံခဲ့ရတဲ့ ရွှေဆိုင်ပိုင်ရှင် ဦးထွန်းထွန်းဦးနဲ့ ၎င်းရဲ့တူဖြစ်သူ အမျိုးသားတို့မှာ သေနတ်ကျည်ထိမှန်ဒဏ်ရာတွေနဲ့ မကွေးမြို့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ချိုချိုရွှေဆိုင်ကနေ ရွှေထည်ပစ္စည်းတချို့ လုယက်ခံလိုက်ရတယ်လို့သာ သိထားရသေးပြီး ဆုံးရှုံးမှုတန်ဖိုးအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အခင်းဖြစ်ပွားပြီးတဲ့နောက် မကွေးမြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားက ပိတ်ဆို့ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပေမယ့် လုယက်သူတွေကို ဖမ်းဆီးနိုင်တာမျိုးမရှိသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မကွေး #ချိုချို #ရွှေဆိုင် #လုယက်မှု #သတင်း
Share Share Share