မင်းအောင်လှိုင် ဘာကိုးကွယ်သလဲ (ရုပ်သံဆောင်းပါး)

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ စစ်အုပ်ချုပ်ရေးသက်တမ်းကို ၄ ကြိမ်မြောက် သက်တမ်းတိုးပြီး နောက်တနေ့မှာပဲ ဦးဆောင်အလှူ့ဒါယကာဘွဲ့ခံယူကာ နေပြည်တော်မှာ မာရဝိဇယဆင်းတုတော်အနေကဇာတင်ပွဲကို မီးရှူးမီးပန်းတွေ ပစ်ဖောက်ပြီး တခမ်းတနား ကျင်းပခဲ့ပါတယ်။

ဒါပေမဲ့ မာရဝိဇယတည်ရာ နေပြည်တော်ကနေ အထက်ကို ကားနဲ့ ၃ နာရီကျော်သာသွားရတဲ့ စစ်ကိုင်းတိုင်း အညာဒေသရဲ့ လက်ရှိအနေအထားကို လေ့လာကြည့်ရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာကို တကယ်ပဲ ကြည်ညိုကိုးကွယ်ရဲ့လားလို့ သံသယပွားစရာရှိလာပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၃ ဧပြီအထိ အာဏာသိမ်းစစ်တပ်ကြောင့် စစ်ကိုင်းမှာ ဗုဒ္ဓသာသနိက အဆောက်အအုံ ၅၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့တယ်လို့  နိုင်ငံတကာ ဥပဒေပညာရှင်များကော်မရှင် - အိုင်စီဂျေက ဒီနှစ် ဇွန်မှာထုတ်ပြန်တဲ့ ‘အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ချိုးဖောက်မှု ’ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီအစီရင်ခံစာက ၂၀၂၃ ဧပြီအထိ ပြုစုထားတာဖြစ်ပြီး နောက်ပိုင်းမှာ ထိခိုက်ပျက်စီးမှုတွေက  ဒီထက်ပိုများလာပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်သံဆောင်းပါး #မင်းအောင်လှိုင် #ဘာသာရေး #မာရဝိဇယ #ကိုးကွယ်ယုံကြည်ခွင့် #အာဏာသိမ်းစစ်တပ် #ဖိနှိပ်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10