Nan Khan

မြိုင်မြို့ နေရာ ၃ နေရာကို PDF အဖွဲ့တွေ ဝင်ရောက်ပစ်ခတ် (ရုပ်/သံ)

စစ်ကောင်စီတပ်သား ၂၀၀ ကျော်ခန့်နဲ့ အထိုင်ချထားရာ အမှတ်(၃)စာသင်ကျောင်း၊ ဘူတာရုံနဲ့ ကိုးဆောင်ဘုန်းကြီးကျောင်း စတဲ့နေရာ ၃ နေရာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တချိန်တည်း သွားရောက်ပစ်ခတ်ခဲ့တယ်လို့ မြိုင်ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ဘုတလင်မှာ စစ်ကောင်စီတပ်သား ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

“သူအရပ်ဝတ်နဲ့ ထွက်လာခဲ့တာ။ ကျနော်တို့ အဖမ်းခံဖို့ပြောတယ်။ သူအဖမ်းမခံဘူး။ အဲ့မှာ ပစ်ခတ်မှုဖြစ်ပြီးတော့ သေဆုံးသွားတာပဲ”

ပျူစောထီးလက်ထဲ ပျက်စီးသွားခဲ့ရသည့် ကြာပိုင်ကျေးရွာ ငြိမ်းချမ်းရေး

တောပုကျေးရွာနှင့် ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်ပြီး ငြိမ်းချမ်းလိုသည့် ကြာပိုင်ကျေးရွာသားများ၏ ငြိမ်းချမ်းရေးသည် ၂၀၂၃ခုနှစ် ဒီဇင်ဘာပထမပတ်အတွင်း တောပုကျေးရွာက ပျူစောထီးများ၏ အငြိုးအာဃာတအောက်တွင် ပျက်စီးခဲ့ရသည်။

ထီးလင်းမှာ စခန်းသိမ်းတိုက်ပွဲပြင်းထန်နေပြီး စခန်းမကျရေး လေကြောင်းပစ်ကူနေရ

“သူတို့ကို အညံ့ခံခိုင်းတာ သူတို့အညံ့မခံတော့ပစ်ခတ်မှုတွေဆက်ဖြစ်နေတာပေါ့။ ကိုယ်တွေဘက်ကလည်း အထိအခိုက်တွေရှိတယ်။ လေကြောင်းသာမလာခဲ့ရင် မနေ့ကတည်းက စခန်းကိုသိမ်းနိုင်ခဲ့ပြီ။ ”

မုံရွာ၊ ကြာပိုင်ရွာက အမျိုးသား ၁၁ ဦးကို စစ်အုပ်စုက ဖမ်းဆီးပြီးနောက် မီးရှို့သတ်

“ ဘာထိတွေ့မှုမှ မရှိဘဲ ဒီအတိုင်းရွာထဲကိုဝင်လာပြီး မီးရှို့သွားတာ။ ၅ယောက်လောက်ကတော့ စစ်ကြောင်းဝင်လို့ထွက်ပြေးတာမှာ မလွတ်ဘဲအဖမ်းခံရပြီး ညှင်းပန်းနှိပ်စက်ခံပြီးမှ အသတ်ခံရတာ။ ” လို့ မုံရွာဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အင်းတော်မြို့အဝင်ဂိတ်တွင် ဖုန်းတွေစစ်ဆေးပြီး လုံခြုံရေးတင်းကျပ်

“ဓာတ်ပုံတွေ စစ်တယ်။ သူတို့မသင်္ကာတဲ့ဖုန်းတွေဆို ကွန်ပျူတာနဲ့ထိုးပြီး စစ်တယ်။ တရုတ်ပြည်ကနေပြန်လာတဲ့ ကောင်လေးတယောက်လည်း သူ့ဖုန်းထဲမှာ လက်နက်ကိုင်ထားတဲ့ ပုံတွေ့ပြီး အဖမ်းခံလိုက်ရတယ်”

ခင်ဦးနယ်က ပျူစောထီးရွာကို PDF က ဒရုန်းနဲ့ ဗုံးကြဲ

“ထိခိုက်သေဆုံးမှုတွေကိုလည်း အတွင်းသတင်းအရ ကြားသိရတာပါ။ ဒီနေ့မနက် ထပ်သိရတာက ဒလန်နေအိမ်တလုံးပြိုတယ်။ ဘန်ကာ ၃ ခု ပျက်စီးသွားတယ်”

တန့်ဆည်နယ်မှာ စာသင်ကျောင်းနဲ့ဆေးရုံကို စစ်တပ်က လေကြောင်းသုံးပစ်ခတ်

“လူအထိအခိုက်တော့မရှိဘူး။ စာသင်ကျောင်းထဲက ပေ ၁၅၀ အဆောင်တော့ စုတ်ပြတ်သွားတယ်။ ဆေးရုံကိုတော့ မထိလိုက်ဘူး။ ဆေးရုံအနီးက လယ်ကွင်းထဲကျသွားတယ်”

စစ်ကောင်စီ အသည်းအသန်ကာကွယ်နေရတဲ့ တန့်ဆည်မြို့သိမ်းတိုက်ပွဲ

တန့်ဆည်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်လိုက်မယ်ဆိုရင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အခြေစိုက်တဲ့ မုံရွာမြို့ကို ခြိမ်းခြောက်ထားနိုင်မယ့် အခြေအနေဖြစ်ပါတယ်။

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ ၂ နှစ်အရွယ် ကလေးတဦးသေဆုံး

“နာရေးကတော့ ဒီမနက်မှာပဲ ပြုလုပ်လိုက်ပါပြီ။ သူတို့(စစ်ကောင်စီ)တွေ အရင်ရက်တွေတုန်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ပစ်ထုတ်တာမျိုးတွေရှိလို့ ရွာသားတွေလည်း ရွာထဲမှာ မနေရဲလို့ ထွက်ပြေးတိမ်းရှောင်နေတာမျိုးတွေရှိတယ်”

အင်းတော်မှာ အမျိုးသမီးတဦး လက်နက်ကြီးထိမှန် သေဆုံး

“သူတို့(စကစ) အခုလို လက်နက်ကြီးတွေနဲ့ပစ်လို့ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း များနေပြီ။ စစ်တပ်ကုန်းကနေ ပစ်လိုက် ရဲစခန်းကနေ ပစ်လိုက်နဲ့ ရွာထဲကအိမ်တွေဆို အမိုးတွေမှာ အပေါက်တွေ ချည်းပဲ”

မြောင်မြို့မရဲစခန်းကို Drone ဗုံးနဲ့တိုက်ခိုက်သလို သတိပေးစာတွေလည်း ကြဲချ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့မရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက Drone ဗုံးနဲ့သွားရောက်ပစ်ခတ်ခဲ့သလို လက်ကမ်းစာစောင်တွေကိုလည်း ကြဲချခဲ့တယ်လို့ စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း - MSPDF တပ်ဖွဲ့ဆီ က သိရပါတယ်။

တန့်ဆည်မြို့ပေါ်တိုက်ပွဲ ၁၀ နာရီကျော်ကြာပြင်းထန်နေပြီး စစ်တပ်က ၂ ကြိမ် လေကြောင်းပစ်ကူပေးထား

“ ရဲစခန်းကိုဝင်သိမ်းတဲ့အချိန် လေယာဉ်နဲ့လာပစ်တော့ သိမ်းလို့မရသေးပါဘူး။ အခုလည်း ကန့်ဘလူဘက်ကနေ ဟောင်ဝစ်ဇာတွေနဲ့ ပစ်ကူပေးနေတယ်။ ရေဦးဘက်ကနေလည်း စစ်ကူတွေလာဖို့ပြင်နေတယ်။ တိုက်ပွဲက ပြင်းထန်နေဆဲပါ”

မတ္တရာမြို့နယ်က စစ်တပ်စခန်းကုန်းတခုကို PDF က သိမ်းပိုက်

“အရှင်ဖမ်းမိထားတဲ့ ၄ ယောက်လုံးက စခန်းကုန်းကိုဝင် ရောက်စီးနင်းခဲ့တဲ့အချိန်မှာပဲ လက်ရ ဖမ်းဆီးခဲ့တာ။ ထွက်ပြေးလွတ်မြောက်သွားတဲ့ သူတွေလည်းရှိပါတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်သေဆုံးတာတွေ မရှိပါဘူး။” လို့ MDY – PDF တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

လှတောရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို PDF တွေက ဒရုန်းနဲ့ တိုက်ခိုက်

“ဒရုန်းနဲ့ချတာက သူတို့အထိုင်နေရာစခန်းနဲ့ စိုက်ပျိုးရေးရုံးပတ်ပတ်လည်ကို တချိန်တည်းမှာပဲချခဲ့တာ။ သူတို့ ဘက်က ထိခိုက်မှုတွေရှိလို့ ကျနော်တို့ကို လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10