Nan Khan

ပေါက်မြို့နဲ့ မြိုင်မြို့အကြား ထိတွေ့မှု ၂ ကြိမ်အတွင်း စစ်သား ၃ ဦးနဲ့ PDF ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မကျီးစင်ရွာကနေ မြိုင်နယ်ဘက်ကို ပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့မှု ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဆီက သိရပါတယ်။

ဝက်လက်မြို့ခံ ၂၀ ကျော်ကို စစ်ကောင်စီကထွေအုပ်ရုံးမှာဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့က ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇန်နဝါရီ ၈ ရက် ညပိုင်းမှာလိုက်လံဖမ်းဆီးပြီး ရွှေဘိုမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးကိုပို့ထားတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဖေဖော်ဝါရီဝမ်းက ပြောပါတယ်။

မကျီးစင်ရွာက နေအိမ် ၃၀ ခန့်နဲ့ အမျိုးသား ၁ ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်

ရေပြာရဲစခန်းကနေ အင်အား ၂၀၀ ဝန်းကျင်နဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ အဲဒီရဲစခန်းကနေ ၁ မိုင်ခန့်အကွာမှာရှိတဲ့ မကျီးစင်ရွာကို လက်နက်တွေပစ်ဖောက်ပြီးဝင်ရောက်လာကာ ရွာထဲက နေအိမ် ၂၇ လုံးကို မီးရှို့ဖျက်ဆီးသွားသလို အသက် ၄၀ ဝန်းကျင်အရွယ် ကိုဝင်းစိုး ကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ ဆိုပါ တယ်။

မိုးကုတ်က ကျောက်တွင်းကို စစ်ကောင်စီကလေယာဥ်နဲ့ဗုံးကြဲလို့ အရပ်သား ၅ ဦးသေဆုံးကာ ၂၀ နီးပါးဒဏ်ရာရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ခြမ်းမှာရှိတဲ့ ဝင်းထရံရပ်ကွက်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတဲ့အတွက် ၅ ဦးသေဆုံးပြီး ၂၀ နီးပါးဒဏ်ရာရရှိခဲ့တယ်လို့ မိုးကုတ်မြို့ခံဆီက သိရပါတယ်။

၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံးကို မိုင်းခွဲတိုက်ခိုက်

“အဲဒီရုံးမှာက အမြဲတမ်း ဒီအုပ်ချုပ်ရေးအဖွဲ့တွေ ၇ ဦးလောက်ရှိတယ်။ သေဆုံးသွားတာကတော့ ၁ ဦးကတော့ သေချာတယ်။ ကျန်တဲ့ ၂ ဦး ၃ ဦးမက ဒဏ်ရာရတာရှိတယ်။ ပြင်းထန်ဒဏ်ရာရတယ်။ သေဆုံးတဲ့သူ အလောင်းကို ရဲကားနဲ့သယ်သွားတယ်။ ပြီးတော့ အုတ်ဖိုဆေးရုံရင်ခွဲရုံကိုပို့တယ်။”

နတ်မောက်မှာ ထွေအုပ်စာရေးတဦး အသတ်ခံရ

“ ၄ ချက်လောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်။ သူ့ဆီမှာ အရင်တုန်းက လက်ပစ်ဗုံးတို့ဘာတို့ရှိတာကို ကျနော်တို့သတင်းကြားထားတော့ ချက်ချင်းပစ်ခတ်ရှင်းလင်းခဲ့တာ။ ရင်ဘတ်နဲ့ခေါင်း(ကျည်ထိတယ်)။”

မြိုင်မှာ စစ်ကြောင်းထိုးလာလို့ထွက်ပြေးရာက သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံး၊ ၃ ဦး ဖမ်းဆီးခံရ ■ ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတွေ မီးရှို့ခံခဲ့ရပြီး ကျပ်သိန်းရာချီဆုံးရှုံးတယ်လို့ဆို

“ သူကအသက်ကြီးတာဆိုတော့ စိတ်လှုပ်ရှားတာရော၊ အအေးမိတာရော၊ ကြောက်တာရော အဲလိုမျိုးအကုန်လုံးရောပြီးတော့ ရှော့ဖြစ်သွားပြီးတော့မှ ဆုံးသွားတယ်။ အကုန်လုံးကလည်း စစ်ရှောင်တွေချည်းပဲ ဖြစ်နေတဲ့အတွက် ဓလေ့ထုံးစံတွေအရ မလုပ်ခဲ့နိုင်ဘူးပေါ့နော်။ ဒီအတိုင်းပဲချက်ချင်း သင်္ဂြိုဟ်လိုက်ရတယ်။”

ကင်းယူဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပစ်ခံရလို့ ၄ ဦးသေ၊ သေနတ် ၅ လက် PDF ရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ချင်မြစ်ကျင်း - ကာဘိုးလမ်းပိုင်းကို ကင်းယူဖို့ထွက်လာတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံးကာ သေနတ် ၅ လက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ကန့်ဘလူခရိုင်တပ်ရင်း ၄ ဆီက သိရပါတယ်။

စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့လို့ မြစ်ဆုံရွာက အိမ် ၂ လုံး ပျက်စီး ■ မြစ်ဆုံရွာအနီးက ရှင်လောင်းပွဲလည်းပျက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြစ်ဆုံရွာကို စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ နေအိမ် ၂ လုံး ထိမှန်ပျက်စီးသွားတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နဲ့ လုံခြုံရေးအဖွဲ့ - CDSOM ခေါင်းဆောင်ကိုနွေဦးက ပြောပါတယ်။

မင်းလှမြို့၊ ကျွန်းကုန်းရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်သား ၂ ဦးသေပြီး ၅ ဦးဒဏ်ရာရ

“စခ ၃ ကောင်ထွက်ပြေးလို့ နောက်ကလိုက်ရှာတဲ့ ငလှစမ်းဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စခ တွေနဲ့ မထင်မှတ်ဘဲ တိုက်ပွဲဖြစ်သွားတာ။ စမ်းဘုတ်ရွာ စစ်ဆေးရေးဂိတ်က စစ်သား ၃ ယောက်ထွက်ပြေးသွားတာ။ သူတို့ကို ခလရ ၁ ကနေပို့ထားတာ။”

၄ နှစ်တာကာလအတွင်း ကျဆုံးခဲ့တဲ့ရဲဘော်တွေရဲ့ မိဘတွေကို ထောက်ပံ့ငွေပေး

"ပုံမှန်တော့ ကျနော်တို့ထောက်ပံ့ပေးတာမျိုးတော့ မရှိပါဘူး။ ပြည်သူတွေကမှတဆင့် ထောက်ပံ့တဲ့ငွေကို ကျနော်တို့ နိုင်သလောက်စုပြီးတဲ့အခါမျိုးမှာ ထောက်ပံ့ပေးတာပါ။ အခုထောက်ပံ့ငွေတွေကိုတော့ သူတို့နေအိမ်အထိသွားပြီး ထောက်ပံ့ပေးဖြစ်ပါတယ်။"

ပေါက်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ဒေသခံ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အုတ်ဖိုမှာ ပျူစောထီးတဦး ပစ်သတ်ခံရ

“သူက တပ်ကထွက်တာ။ အာဏာသိမ်းစက စစ်**စိတ် လုံးဝမပျောက်ဘူး။ ပြည်သူတွေအပေါ်လူပါးဝတဲ့ လူစားမျိုးပါ။ သူကြွေးကြော်တာက ငါသာခုချိန်ထိ စစ်ထဲကမထွက်သေးရင် ခုမြို့နယ်က PDF တွေကို အပြီးချေမှုန်းပစ်မယ်တဲ့။ သူ့ကြောင့်အသတ်ခံရတာက ပြည်သူ ၄ ယောက်၊ အဖမ်းခံရ၊ စစ်မှုထမ်းအတွက်ပေါ် တာကိုထည့်တာက ၈ ယောက်။ လူငယ်တွေချည်းပဲ။”

ထိန်ပင်စောက်ရွာမှာ စစ်တပ်နဲ့ PDF ကြား ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေ၊ သေနတ် ၃ လက်ရ  ■ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၅ ဦးထိမှန်

“စကစရဲ့ အလောင်း ၃ လောင်း နဲ့ သေနတ် ၃ လက်တော့ ရရှိခဲ့တာရှိပါတယ်။ ထိခိုက်ဒဏ်ရာကတော့ သတင်းအရ မတ္တရာမြို့ပေါ်က ဆေးရုံကို စကစ ၂၀ ဦးခန့်က အရေးပေါ်အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ကြားသိရတယ်။”

ရေစကြိုမြို့ပေါ်ကနေ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ နို့တိုက်မိခင် ၁ ဦးအပါ ၆ ဦးထိမှန်ဒဏ်ရာရ

“ ၃ ချက် အသံကြားတယ်။ ၁ လုံးကတော့ရွာထဲမှာ လိုက်ရှာနေတုန်း။ မကွဲတဲ့ အလုံး ၁ လုံးကတော့ရှိဦးမယ်။ ထိခိုက်ဒဏ်ရာရတာတော့ရှိတယ်။ သေဆုံးတာတော့ မရှိဘူး။ နေအိမ် ၁ လုံးတော့ ပျက်စီးသွားတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10