Nan Khan

နွားထိုးကြီးမှာ စစ်တပ်ကဗုံးထပ်ကြဲလို့ ကလေး ၂ ဦးအပါ ဒေသခံ ၄ ဦးသေဆုံး  ■ ၄ ရက်အတွင်း သေဆုံးသူ ၈ ဦးအထိရှိလာ

“အောင်ပန်းကုန်းရွာက တောထဲနေတဲ့သူပေါ့ဗျာ။ မိသားစု ၃ ယောက်ကတော့ အိပ်နေရင်းတန်းလန်း တခါတည်းသေသွားတယ်။ နွား ၅ ကောင်သေတယ်။ ဝက် ၁ ကောင်သေတယ်။ တခြားထိခိုက် ဒဏ်ရာရတဲ့သူတွေတော့ မရှိဘူး။“

ကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်း မိုင်းဆွဲပစ်ခတ်တာခံရလို့ ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မိုင်းဆွဲပစ်ခတ်ခံရလို့ ငါန်းဇွန်ပြည်သူ့အင်အား PDF တပ်ဖွဲ့ဝင် ၂ ဦးနဲ့ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းက တပ်ဖွဲ့ဝင် ၁ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

နွားထိုးကြီးမှာ ၂ ရက်ဆက် လေကြောင်းကပစ်ခတ်လို့ ဒေသခံ ၄ ဦးသေပြီး ၁၁ ဦးဒဏ်ရာရ  ■ ကနီမှာလည်း လေကြောင်းဗုံးကြဲခံရပြီး မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံး လယ်ကွက်ထဲ ကျန်နေ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၁၁ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျည်ဖိုးနဲ့ ရိက္ခာအတွက် စိုက်ထားတဲ့ ၁၆ ဧကရှိ နှမ်းခင်းတွေကို ရိတ်သိမ်း (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် ဗစ်တာ ပြောက်ကျားတပ်ဖွဲ့က ကျည်ဖိုးနဲ့ ရိက္ခာအတွက် စိုက်ပျိုးထားတဲ့ နှမ်းခင်းတွေကို ရိတ်သိမ်းပြီး ပြန်လည်ရောင်းချမယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

ကလေးဝမှာ စစ်တပ်ကဒရုန်းနဲ့ပစ်ခတ်လို့ ဒေသခံ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ပန်းချီစုရွာမှာ အထိုင်ချထားတဲ့ စစ်အုပ်စုက ကျေးရွာတွေဘက်ကို ဒရုန်းနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

စီပါရွာထဲ စစ်ကြောင်းပြန်ထိုးလာမှာကြောက်လို့ ဒေသခံတချို့  ရွာပြင်မှာ တဲထိုးပြီးနေရ

"တဲအလုံးရေ ၂၅၀ လောက်ရှိတယ်၊ တဲလေးတွေနဲ့ကတော့ စင့်တွေဘာတွေ မထိုးနိုင်ဘူးလေ ဒီအတိုင်းပဲမြေပြင်မှာပဲအိပ်ရတာ မြေပြင်မှာပဲနေပြီးတော့မှ ဘေးက အကာရံလေးတွေနဲ့ပေါ့၊ အပြည့်စုံတော့မကာနိုင်ဘူးပေါ့၊ ရွာထဲ စစဝင်ချင်းမြင်ရတဲ့မြင်ကွင်းက တအားဝမ်းနည်းမိတယ် တအားလည်းသူတို့ကိုဒေါသဖြစ်တယ် ဘယ်တော့မှလဲ သူတို့ကိုအရှုံးပေးမှာမဟုတ်ဘူး"

မြေကွက်ငှားပြီးနေရတဲ့ စစ်ရှောင်တွေ ဆေးဝါးကုသရေးနဲ့ စားဝတ်နေရေးခက်ခဲနေ (ရုပ်/သံ)

အလုပ်မလုပ်ကိုင်နိုင်တဲ့ စစ်ရှောင်သက်ကြီးရွယ်အိုတွေ၊ ဒုက္ခိတတွေနဲ့ ချို့တဲ့တဲ့မိသားစုဝင် ကလေးငယ်တွေဟာ အစာအာဟာရ မျှတစွာမစားရတဲ့အပြင် ဆေးဝါးကုသရေးပါ ခက်ခဲနေတဲ့အတွက် ဖော်ဖော်ဝါရီလကနေ ယခုနိုဝင်ဘာလအတွင်း သက်ကြီးရွယ်အိုတွေနဲ့ကလေးငယ် သေဆုံးသူဦးရေ ၈ ဦးခန့်ရှိတယ်လို့ ဆိုပါတယ်။

ကြို့ပင်ကောက်က ကြံ့ခိုင်ရေးပါတီ၀င် စစ်တပ်သတင်းပေးဆိုသူ ပစ်သတ်ခံရ

"သူ့(ဝင်းအောင်)ကို မရှင်းလင်းခင်တနေ့က စကစ ၆ ဦး စီကောက်ပင်ရွာကို လာရောက်ခဲ့ပါတယ်။ သူကကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်ပါတယ်။ ခုလိုရှင်းလင်းရတာက ပါတီဝင်ကြောင့်မဟုတ်ပါဘူး။ အကြမ်းဖက်မင်းအောင်လှိုင် အာဏာစသိမ်းတည်းက စကစဗိုလ်တွေနဲ့ပူးပေါင်းပြီး သတင်းပေးလုပ်နေခဲ့သူပါ။ အဲဒါကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာပါ။"

ရေစကြိုမှာ စစ်အုပ်စုက ပစ်ခတ်လို့ သံဃာ ၁ ပါးအပါ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြူရွာနဲ့ ဆင်ကြို့ရွာကို စစ်ကောင်စီစစ်ကြောင်းကဝင်ရောက် ပစ်ခတ်ခဲ့တာကြောင့် သံဃာ ၁ ပါးအပါအဝင် ၃ ဦးသေဆုံးတယ်လို့ ရွာခံပြည်သူတွေဆီက သိရပါတယ်။

PDF ၃ ဦး စစ်တပ်ထံပူးပေါင်းသွားပြီးနောက် အလင်းဝင်ကြဖို့ ဆိုင်းဘုတ်တွေလိုက်ကပ် (ရုပ်/သံ)

“ဒီလအတွင်းကို ၃ ယောက်လောက် (စစ်တပ်နဲ့ပူးပေါင်းတာ) ရှိထားတာဆိုတော့ နောက်ထပ် အလင်းဝင်ဖို့ ပုံစံမျိုးနဲ့ စကစ ဘက်က PDF တွေအလင်းဝင်ဖို့ရာ ဆိုင်းဘုတ်တွေချိတ်ထားတဲ့သဘော။”

PDF တွေအလင်းဝင်ချင်ရင် ဆက်သွယ်ဖို့ဆိုကာ စစ်တပ်က ဆိုင်းဘုတ်တွေကပ်ထား

“ဒီလအတွင်းကို ၃ ယောက်လောက် (စစ်တပ်နဲ့ပူးပေါင်းတာ) ရှိထားတာဆိုတော့ နောက်ထပ် အလင်းဝင်ဖို့ ပုံစံမျိုးနဲ့ စကစ ဘက်က PDF တွေအလင်းဝင်ဖို့ရာ ဆိုင်းဘုတ်တွေချိတ်ထားတဲ့သဘော။”

စစ်ဘေးရှောင်လင်မယားချင်းစကားများရာက မိန်းမဖြစ်သူ ဓားထိုးခံရပြီး သေဆုံး

“ ကျောင်းဝန်းထဲမှာ သူတို့ကို မီးစက်ခန်းအဟောင်းလေးတခု ပေးထားတာပေါ့။ သူတို့လင်မယား အဲ့မှာနေတာပေါ့။ သူ(ကိုထွန်းထွန်း)က အဲ့ထဲမှာ ဆေးသုံးဖို့လုပ်နေတဲ့အချိန် သူ့အမျိုးသမီးဝင်လာတယ်။ ဆေးကနည်းနည်းပဲ သုံးခင်ရတယ် (သုံးတယ်လို့ပြောတယ်)။ သုံးပြီးတော့ လင်မယားနည်းနည်းစကားအခြေတင်ဖြစ်တာ။”

ဆိပ်ဖြူမှာ စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး  ■ ထီးလင်းမှာလည်း ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ဆော-ဆိပ်ဖြူကားလမ်းပိုင်းက စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို နိုဝင်ဘာ ၂၂ ရက်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Yenather Column အဖွဲ့ဆီက သိရပါတယ်။

ရေစကြို၊ သဲတောရွာကို လေယာဉ်နဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးစီးနင်းလို့ ရွာခံ ၃ ဦးဒဏ်ရာရ  ■ ဒဏ်ရာကြောင့်မပြေးနိုင်တဲ့ အမျိုးသား ၁ ဦးအပါ ရွာခံ ၁၀ ဦးကျော်ဖမ်းခံထားရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်ပြီးနောက် မြေပြင်စစ်ကြောင်းနဲ့ သေနတ်ပစ်ဖောက်စီးနင်းလာလို့ ဒေသခံ ၃ ဦးကျည်ထိမှန်ဒဏ်ရာရရှိကာ ခြေထောက်ထိမှန်လို့ မပြေးနိုင်တဲ့ရွာခံအမျိုးသား ၁ ဦးအပါ ရွာခံ ၁၀ ဦးကျော် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာကို စစ်တပ်ကမီးရှို့ပြီး ရွာအနီး ဒရုန်းတွေနဲ့ပစ်ခတ်နေ

"အိမ်အပျက်အစီးလည်း အစ်မတို့အတည်ပြုလို့မရသေးဘူး။ စစ်ကြောင်းက ရွာထဲမှာပဲ ရှိနေတဲ့အတွက် ဘာမှလုပ်လို့မရသေးဘူး။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10