Nan Khan

ပုသိမ်ကြီးမြို့နယ်က စစ်တပ်သတင်းပေး ၂ ဦးကို ပကဖက တပြိုင်တည်းဝင်ဖမ်းချိန် ၂ ဦးလုံးထွက်ပြေးလွတ်မြောက် - ဆိုင်ကယ် ၁ စီးနဲ့ ရေယာဥ် ၁ စီးသိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျွန်းဆင်ရွာက စစ်ကောင်စီသတင်းပေး ၂ ဦးကို ပြည်သူ့ကာကွယ်အဖွဲ့က သြဂုတ် ၃၀ ရက် ညပိုင်းမှာ ဝင် ရောက်ဖမ်းဆီးစဉ် ထွက်ပြေးသွားတယ်လို့ ပုသိမ်ကြီးမြို့နယ် ပကဖ ဆီက သိရပါတယ်။

လပခကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က သေဆုံးသူများခဲ့ဟုဆို

“မနေ့(စက်တင်ဘာ၄ရက်)က ညနေ ၄ နာရီလောက်မှာ လူနာတင်ယာဉ် ၁၀ စီးနဲ့ နန်းတွင်းထဲကိုဝင်လာပြီး ဒဏ်ရာရတဲ့သူတွေကို လာခေါ်သွားတယ်။ မနေ့က ၇ ယောက်သေတဲ့အပြင် ဒီနေ့မနက်မှာ ဒဏ်ရာပြင်းထန်တဲ့ လူတွေက ထပ်သေတယ်။ လက်နက်ကြီးက သူတို့ရဲ့စစ်ဆေးရုံတည့်တည့်ကို ကျသွားတာ။ စိုးဝင်းမှာက PA ၈ ယောက်ရှိတယ်။ ဆေးကုသရင်း သေတဲ့အထဲမှာ နောက်ထပ် ၁ ယောက်ပါထပ်ပါတယ်လို့ပြောတယ်။ သူတို့က ဒီသတင်းတွေကို ဖုံးဖို့ကြိုးစားနေကြတယ်။”

မြို့သာရဲစခန်းတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့

“စခန်းကရလုနီးပါးဖြစ်နေပြီ အဲ့အချိန်မှာလေယာဉ်ပစ်ကူလာတယ်။ မြေပြင်ကလည်းဖိပစ်တော့ ကိုယ့် ဘက်ပူးပေါင်းအဖွဲ့က ၄ယောက်ကျသွားတယ်။ Body ၃ခုတော့မကောက်နိုင်ခဲ့ဘူး။ ၁ ခုကိုတော့ မရမကကောက်လာတယ်။ Body ၃ ခုက စခန်းနားမှာပဲ ကျန်ခဲ့တယ် ”

MBT တပ်ရင်းရဲ့ အပတ်စဥ် ၁၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို နယ်မြေ ၂ ခုမှာပြုလုပ်

“ရှေ့တန်း စစ်မျက်နှာပြင်ရောက်နေတဲ့သူတွေက နဲနဲတော့စောတယ်။ ရှေ့တန်းစစ်မျက်နှာပြင်က လေယာဉ်တွေနဲ့ ခဏခဏဗုံးကြဲနေတာပေါ့။ အဲ့လိုအနေအထားတခုကြောင့် သင်တန်းဆင်းပွဲကို ကောင်းကောင်းလည်း မလုပ်ပေးနိုင်ခဲ့ဘူး။” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

ပျူစောထီးရွာကို လေယာဥ်နဲ့လာပို့တဲ့ ရိက္ခာတွေကို PDF သိမ်းဆည်း (ရုပ်/သံ)

“လေယာဉ် နဲ့ ၅ ခေါက်ပတ်ပြီး ချသွားတာ။ တခေါက်ကို ၆ ထုပ်ချတယ်။ သရက်ကွရွာထဲကို ချတာ။ ရွာဘေးတွေကျတဲ့ပစ္စည်းတွေ ရခဲ့တယ်။ လာကောက်တဲ့ပျုတွေနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့သေးတယ်။ အထိခိုက်ကတော့ စုံစမ်းနေဆဲပဲ”

ပျူစောထီးရွာကို လေယာဥ်နဲ့လာပို့တဲ့ ရိက္ခာတွေကို PDF သိမ်းဆည်း

“လေယာဉ် နဲ့ ၅ ခေါက်ပတ်ပြီး ချသွားတာ။ တခေါက်ကို ၆ ထုပ်ချတယ်။ သရက်ကွရွာထဲကို ချတာ။ ရွာဘေးတွေကျတဲ့ပစ္စည်းတွေ ရခဲ့တယ်။ လာကောက်တဲ့ပျုတွေနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့သေးတယ်။ အထိခိုက်ကတော့ စုံစမ်းနေဆဲပဲ”

ထီးလင်းက စစ်သားတဦး အထက်အရာရှိရဲ့ စနိုက်ပါကိုယူပြီး အလင်းဝင်

“သူထွက်လာမယ်ဆိုတဲ့အချိန်မှာ သူ့သေနတ်က သူ့ရဲ့တပ်ကြပ်ကြီးက ငှားသွားတယ်။ အဲ့ဒါကြောင့် သူ့အထက်အရာရှိရဲ့ သေနတ်ကိုယူပြီးမှ ပြေးလာတာ။ တပ်ထဲကနေ သူပုံမှန်ပဲ လမ်းလျှောက်ပြီးထွက်လာတယ်။ ကျနော်တို့နဲ့တွေ့တဲ့အချိန် ကားနဲ့တင်ပြီး ခေါ်လာတယ်”

ငါန်းမြာကြီးရွာကို လေကြောင်းသုံးတိုက်ခိုက်လို့ ပြည်သူ ၂ ဦး သေဆုံး

“အဖိုးကြီး ၁ ယောက်ကတော့ ဒီအတိုင်းပဲ ဒဏ်ရာနဲ့သေသွားတယ်။ အဖွားကြီး။ ၁ ယောက်ကတော့ ဗုံးဒဏ်မခံနိုင်လို့ လေရိုက်ပြီးသေသွားတယ်။ နောက်ထပ်အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရတယ်။ ပြည်သူတွေက ပြေးချိန်တောင် မရလိုက်ဘူး။”

ကျွဲတလင်းရွာ လေကြောင်းနဲ့ဗုံးကျဲခံရလို့ အမျိုးသား ၁ ဦးသေဆုံး ၄ဦးဒဏ်ရာရ၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေပျက်စီး

“လေယာဉ်နဲ့ လုပ်မှတော့ ပြည်သူတွေက ကြောက်ရွံ့ကြတာပေါ့။ အများစုကတော့ ရှောင်ကြတာပေါ့ ။ စာသင်ကျောင်းကိုလာကြဲတဲ့အခေါက်မှာ ကံကောင်းသွားတာက ညဘက်ဆိုတော့ ကလေးတွထိခိုက်တာတွေမရှိတာ ” လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ကျောက်ရစ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် လေကြောင်းပစ်ကူလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦးထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

အပြန်အလှန်ပစ်ခတ်နေစဉ် နေ့လယ် ၁၂ ခွဲလောက်မှာ အေလာလေတပ်က နေထွက်လာတဲ့ ဂျက်ဖိုက်တာတစီး နဲ့ မိတ္ထီလာလေတပ်ကနေထွက်လာတဲ့ ဂျက်ဖိုက်တာတစီးဟာ တပြိုင်နက်တည်းရောက်ရှိလာပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦးဒဏ်ရာရခဲ့တယ်လို့ CDSOM မြောက်ပိုင်းတိုက်ခိုက်ရေး ဗိိုလ်စင်္ကြာက ပြောပါတယ် ။

သာကြီးတောင်ရဲစခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ ဦး‌သေ ၂ ဦးဖမ်းမိပြီး လက်နက်‌မျိုးစုံ သိမ်းဆည်းနိုင်

"အဲဒီရဲစခန်းမှာ အင်အား ၄၀ ဝန်းကျင်လောက်ပဲ ရှိတယ်။ ထွက်ပြေးကြတဲ့ သူတွေလည်းရှိတယ်။ လိုက်ရှာပြီးပစ်တော့ လေကြောင်းပစ်ကူလာတာနဲ့ ကျနော်တို့ နားလိုက်ရတယ်။"

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်

“ဒီနှစ်ထဲမှာပဲ ကျနော်တို့တောင်ငူလေတပ်စခန်းကို ပစ်တာ ၃ ကြိမ်လောက်ရှိပြီ။ မနေ့က သွားပစ်တော့ ထိခိုက် ပျက်စီးတာတွေရှိတယ်။ ကျနော်တို့သေချာအောင် ကွန်ဖန်း လုပ်နေတုန်း။ ပစ်ခတ်မှုတွေပြီးတဲ့ အချိန်မှာလည်း သူတို့(စစ်ကောင်စီ) သံသယရှိတဲ့ဧရိယာတဝိုက်ကို ဒရုန်းနဲ့ပတ်ကြည့်တယ်။”

ရေစကြိုမြို့ပေါ် ပစ်ခတ်မှုမှာ စစ်သား ၆ ဦးသေဆုံးကာ ပြည်သူသေဆုံးမှုလည်းရှိ

မကွေးတိုင်း၊ ရေစကြိုမြို့၊ အထက(၁) စာသင်ကျောင်းအနီးမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိခဲ့သလို လမ်းသွားပြည်သူတချို့လည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲထပ်ဖြစ်မယ်လို့ သတင်းတွေထွက်ပြီးနောက် စစ်တပ်ကလေကြောင်းသုံးတိုက်ခိုက်

“တိုက်ပွဲလည်းမရှိသေးဘူး။ သတင်းတွေကတော့ အမျိုးမျိုးထွက်နေကြတာ့ သူတို့ကိုတိုက်မှာဆိုးလို့ ပစ်တာနေမှာ အင်းတော်တို့ဘာတို့လည်း မြို့သိမ်းတွေလုပ်တော့ ထီးချိုင့်လည်းလုပ်လိုက်မယ်ခန့်မှန်းချက်နဲ့ လာပစ်တယ်လို့ ယူဆလို့ရတယ်”

ပျူဘုန်းကြီး ဦးဝါယမအထိုင်ချထားတဲ့ ဘုန်းကြီးကျောင်းကို ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့ပြီး သေနတ် ၁ လက်ရ

“ ဘုန်းကြီးကိုယ်တိုင်က ပျုခေါင်းဆောင်။ ပစ်ခတ်မှုမှာ (စကစဘက်က)ကျဆုံးသွားတဲ့သူတွေ ရှိတယ်။ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ ရဲဘော် ၃ ယောက်ဒဏ်ရာရတယ် မစိုးရိမ်ရဘူး။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10