Nan Khan

PDF ကိုစိန်ခေါ်တဲ့ ထွေအုပ်စာရေး ပစ်သတ်ခံရ

“မမဲကြီးရွာဘက်ကို စစ်မှုထမ်းစာရင်းကောက်ဖို့ ထွက်လာတာကို သတင်းကြိုတင်ရရှိထားတယ်။ စစ်မှုထမ်းကောက်တဲ့နေရာမှာ လဝက၊ မီးသတ်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် အားလုံးပေါင်း ၆ ယောက်လောက်ရှိတယ်။ သူက ‘PDF ကို ဂရုမစိုက်လို့ တယောက်ထဲသွားလာနေတာကွ’ ဆိုပြီး ကြွေးကြော်ထားတဲ့သူ။ ”

နွားထိုးကြီးရဲစခန်းက လက်နက်ကြီးနဲ့ပစ်လို့ လင်မယား ၂ ဦးသေဆုံး  ■မြို့နယ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပျက်စီးမှုတွေလည်းရှိနေ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့မရဲစခန်းကနေ ၆၀ မမလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ဒေသခံလင်မယား ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ် ဂိတ်စခန်း ၁ ခုကို ပကဖပူးပေါင်းအဖွဲ့က ဝင်တိုက်ခိုက်လို့ စစ်သား ၂ ဦးသေပြီး ကာဘိုင် ၁ လက်ရရှိ

“ကျနော်တို့ဝင်ပြီး စီးနင်းတိုက်ခိုက်တဲ့အချိန် အင်အား ၁၂ ယောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ ခုန်ချပြီးတော့ ထွက်ပြေးကုန်တာပေါ့။ သူတို့ဘက်က ပြန်ခံပစ်တာတွေလည်းရှိတယ်။ ကျသွားတာကို ကျနော်တို့ မျက်မြင်တွေ့ရှိခဲ့တယ်။ သူတို့ဂိတ်စခန်းကိုလည်း မီးရှို့ခဲ့တယ်။ ကျနော်တို့က အချိန်အကြာကြီးယူလို့မရတဲ့အတွက်ကြောင့်မို့ အမြန်သိမ်းဆည်းခဲ့တယ်။”

ဆိပ်ဖြူမြို့နယ်က ကြားကာလစာသင်ကျောင်းအနီး စစ်တပ်ကလေကြောင်းတိုက်ခိုက်

“လေယာဉ်နဲ့ ၅ ပတ် ပတ်တယ်၊ ၁ ပတ်ပတ်ပြီးတိုင်း ၁ ခါစက်သေနတ်နဲ့ ၄ ချက်လောက်ပစ်တယ်။ သူတို့ပစ်လိုက်တဲ့လက်နက်ကြီးက စာသင်ကျောင်းဘေးက အိမ်သာဘေးမှာကျတာ။ အဲ့နေ့က KG ကနေ ၇ တန်း ၈ တန်းအထိကလေးတွေ စာမေးပွဲနောက်ဆုံးရက်။ ကလေးတွေက မနက်ပိုင်း စာဖြေပြီးတယ်၊ သူတို့က ညနေပိုင်းလာပစ်တာ ထိခိုက်တာတွေတော့မရှိလိုက်ဘူး။”

သဲကုန်းမှာ ပျုစောထီးတပ်ဖွဲ့ဝင် ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

“ သူတို့ဒေသမှာ ပြည်သူ့စစ်အဖွဲ့ရှိတယ်ကြားထားတော့ ပကဖအဖွဲ့ဝင်တွေအနေနဲ့ သတိထားဖမ်းဆီးဖို့ ကြိုးစားရတယ်။ သူနဲ့အတူပါလာတဲ့အဖော်ကတော့ ပြောတဲ့အတိုင်း မှောက်ထားတယ်။ သူကတော့ အသာတကြည်အဖမ်းမခံလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတာ။”

ဆည်ဘောင်ပေါ်မှာ စစ်ရှောင်နေသူတွေရဲ့ အိမ်တွေကို စစ်တပ်က မီးရှို့ခဲ့ (ရုပ်/သံ)

"ဆည်ဘေးကရွာဆိုတော့ ဟိုတစုဒီတစုပေါ့။ သူတို့က အဲ့ဒေသခံတွေမဟုတ်ကြဘူးဗျ။ တချို့က နေအိမ်တွေမီးရှို့ခံရလို့ ဒီဘက်ကိုပြောင်းလာတဲ့သူတွေ၊ တချို့က မီးသွေးဖုတ်၊ ငါးရှာ၊ တောင်ယာလုပ်ဖို့လာကြတာ။ ခုတော့သူတို့နယ်ပဲ ပြန်မလားမသိရသေးဘူး။ ကျနော်တို့လည်း ဘာမှ မလုပ်ပေးနိုင်ဘူး။"

ဘုန်းကြီးကျောင်းပေါ်ကို ဂျက်ဖိုက်တာနဲ့ပစ်ခတ်လို့ ကျောင်းထိုင်ဆရာတော် ဒဏ်ရာစိုးရိမ်ရ

“ ၁ စီးကဗုံးကြဲတယ်၊ ၁ စီးက စက်လက်နက်နဲ့ ပစ်သွားတယ်။ အဲ့တောင်မှာ ဘုန်းကြီးကျောင်းပဲရှိတာ။ ရွာထဲကတော့ တောင်ပေါ်ကျောင်းလို့ခေါ်တယ်။ အဲ့ဒီတောင်ထိပ်ပေါ်မှာ ဓမ္မာရုံသေးသေးလေး ၁ ခုရှိတယ်။ အခုအဲ့ဒါတွေက လုံးဝနေထိုင်လို့မရတော့ဘူး။ စုတ်ပြတ်သတ်ကုန်ပြီ၊ သူတို့ (စစ်ကောင်စီ)က အမျိုးဘာသာသာသနာဆိုပြီးတော့ ခေါင်းစဉ်တွေတပ်ပြီးလုပ်နေကြတယ်။ ခေါင်းစဥ်တပ်တာနဲ့လုပ်ရပ်တွေနဲ့ တခြားစီဖြစ်နေတာ”

ပေါင်းတည်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရလို့ ၅ ဦးဒဏ်ရာရ

“စစ်ကောင်စီဘက်က အပေါ်တက်မှာကို ကြိုတင်သတင်းရထားလို့ မိုင်းကွင်းတွေခင်းပြီးကြားဖြတ်တိုက်ဖို့စောင့်နေခဲ့တာပါ၊ စစ် ***ဘက်က ၅ ဦးထိတယ်ဆိုတာက မျက်မြင်ရဲဘော်တွေက ထမ်းသယ်နေတာကိုတွေ့မြင်ခဲ့ရတာပါ ”

PDF နယ်မြေကို ကင်းလာထောက်တဲ့ ပျူအဖွဲ့ဝင် ၁ ဦး ဖမ်းခံရ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ရွာက ပျူစောထီး ၁ ဦးဟာ ကာကွယ်ရေးအဖွဲ့တွေရဲ့ အခြေအနေကို ကင်းထောက်ဖို့လာရင်း အောက်တိုဘာ ၂၁ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ဖမ်းဆီးခံလိုက်ရပါတယ်။

ထီးလင်းမှာ စစ်တပ်လေကြောင်းဗုံးကြဲလို့ အမျိုသမီး ၁ ဦး သေပြီး ပြည်သူ ၄ ဦးဒဏ်ရာရ

“စာသင်ကျောင်းကို ဦးတည်ပြီးပစ်တယ်။ စာသင်ကျောင်းကို မကျတဲ့ဟာတွေက လယ်ကွင်းတွေ၊ အဲဒီနားက အဝေးပြေးလမ်းဆုံတခုရှိတယ်၊ အဲဒီနားတွေကျကုန်တာ။ ထိခိုက်ဒဏ်ရာရတဲ့ လူတွေရဲ့အခြေနေတွေကိုတော့ လောလောဆယ်မသိရသေးဘူး”

ကျည်ဆန်မလုံလောက်တဲ့အတွက် ၁ လကျော်ကြာသိမ်းထားတဲ့ ငါန်းမြာကြီးကို စစ်ကောင်စီလက်ထဲ ပြန်ပေးလိုက်ရ

“သူတို့ (စစ်ကောင်စီ) ငါန်းမြာကြီးဘက်ကို ထွက်လာတဲ့အချိန် ကျနော်တို့ ကြားဖြတ်တိုက်သေးတယ်၊ မရဘူး။ ကျည်ကလည်း နည်းသွားတယ်။ အဲနေ့ကတိုက်တာ ရဲဘော် ၁ ယောက်ဆီမှာ ကျည်ကတဘောက်စာလောက်ပဲရှိ တော့တယ်။ အဲဒါကြောင့် ဆုတ်ခဲ့လိုက်ရတာ။”

ရေတာရှည်မှာ သန်းခေါင်စာရင်းလာကောက်တဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေးအဖွဲ့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး

“သန်းခေါင်စာရင်း ကောက်ဖို့ဝင်လာတဲ့သတင်းရထားလို့ ကျနော်တို့က ကြိုတင်စောင့်ဆိုင်းခဲ့တာပါ။ သူတို့ခေါ်လို့မရတဲ့ ရွာတွေကို ရပ်မိရပ်ဖတွေခေါ်ပြီးဝင်တယ်။ ဝင်ပြီးတော့ ပြည်သူလူထုကို စည်းရုံးတာပေါ့။ အဲလိုပုံစံမျိုး လုပ်နေတာ။ အဲ့ဒါကြောင့် ကျနော်တို့နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်တာ။”

တောင်ငူလေတပ်ကို ၄ ကြိမ်မြောက် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်းသေဆုံးကြောင်း BWM ပြော

အောက်တိုဘာ ၂၀ ရက် မနေ့ ည ၈ နာရီကျော်လောက်မှာ BWM ပူးပေါင်းတပ်ဖွဲ့ဟာ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်ခဲ့ရာ လေတပ်အတွင်း ၂ လုံး ကျရောက်ပေါက်ကွဲတယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ပျူစောထီး စိုးမိုးထားတဲ့ရွာကို ကာကွယ်ရေးတပ်တွေ စီးနင်းစစ်ဆေး ■ တိုက်ပွဲဖြစ်ပြီး စစ်တပ်ကဗုံးကြဲလို့ နေအိမ်တချို့ပျက်စီး

“သူတို့ ကြိုတင်သတင်းရတော့ တယောက်မှမနေတော့ဘူး။ ကျနော်တို့ ဝင်လာတာကိုသူတို့တွေ့ပြီး စပြီးပစ်ခတ်တယ်။ ကျနော်တို့လည်း ပြန်ပြီးပစ်တယ်။ လေယာဉ်နဲ့ နောက်ဆုံးပစ်လိုက်တဲ့အစီးက ရွာထဲကို ပစ်ထည့်လိုက်တာဆိုတော့ ကျတဲ့နေရာတွေမီးတွေ အကုန်လောင်ကုန်တာ။ ကျနော်တို့ရှိမယ် ထင်ပြီး နေအိမ်တွေပေါ်ကြဲချတာ။”

ဒီပဲယင်းမြို့လယ်မှာ ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၁ ဦး လက်နက်နဲ့ဖမ်းဆီးခံရ ■ ပစ်ခတ်မှုတွေအပြီး စစ်ကောင်စီဘက်က မြို့ကိုဗုံးကြဲ

“ဒဏ်ရာရတဲ့ ၂ ယောက်ထဲမှာ ၁ ယောက်ကတော့ စိုးရိမ်ရတယ်။ ဒီကောင်တွေက ကျနော်တို့ပစ်ကွင်းထဲကိုရောက်လာတယ်။ ဖမ်းဆီးရမိတဲ့ကောင်က ရှေ့ဆုံးကတက်တာ။ ကျနော်တို့ပစ်လိုက်တော့ သူ့နောက်ကကောင်တွေက ပြန်ပြေးသွားတယ်။ ဒီကောင်က ကျနော်တို့အနီးနားမှာ ဝပ်နေခဲ့တာ။ သူဝပ် နေတာကို ကျနော်တို့တွေ့တဲ့အချိန် သေနတ်နဲ့ထောက်ပြီးတော့ ဖမ်းလိုက်တာ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10