ဆိပ်ဖြူမှာတိုက်ပွဲဖြစ်ပြီး PDF ရဲဘော်တဦးကျဆုံး
"ပစ်ခတ်မှုဖြစ်စဉ်မှာ ကျနော်တို့ဘက်က လက်နက်အင်အား ကျည်အင်အားမလုံလောက်မှုကြောင့် ဆုတ်ပေးခဲ့ရတယ်။ ကျဆုံးရဲဘော်ရဲ့ Body မကောက်နိုင်ခဲ့ဘူး"
"ပစ်ခတ်မှုဖြစ်စဉ်မှာ ကျနော်တို့ဘက်က လက်နက်အင်အား ကျည်အင်အားမလုံလောက်မှုကြောင့် ဆုတ်ပေးခဲ့ရတယ်။ ကျဆုံးရဲဘော်ရဲ့ Body မကောက်နိုင်ခဲ့ဘူး"
"သူတို့ မြို့ဒင်ရွာထဲကို မရောက်ခင် မိုးကြိုးစစ်ကြောင်းအဖွဲ့က မိုင်းဆွဲတယ်လို့ပြောတယ်။ ကျနော်တို့လည်း မိုင်းသံတော့ ကြားလိုက်တယ်။ သူတို့နေအိမ်တွေကို မီးရှို့နေချိန် ကျနော်တို့လက်နက်ကြီးနဲ့ပစ်တော့ ရွာထဲကနေ ပြန်ထွက်လာတယ်။ အဲမှာ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်တာပဲ"
"သူတို့ဘက်က အထိနာပြီးတော့ လေယာဉ်နဲ့လာကြဲတယ်။ ပြီးတော့ ပေါက်မြို့ပေါ်ကနေလည်း ဟောင်ဝစ်ဇာနဲ့ပစ်ကူပေးတယ်။ လေယာဉ်နဲ့လာကြဲတဲ့အချိန် ကြိုတင်သတင်းရထားလို့ လူထိခိုက်တာတွေမရှိဘူး"
" ခုခံရင်း အပြန်အလှန်ပစ်ခတ်မှု ၁၀ မိနစ်လောက်တော့ဖြစ်တယ်။ စခန်းထဲမှာ ဖမ်းဆီးခံရတဲ့ ရဲဘော်တယောက်နဲ့ ထမင်းချက်တယောက်ကို ခေါင်းကိုပစ်သတ်သွားတာ။ ကျန်တယောက်ကတော့ ခန္ဓာကိုယ်ကိုထိသွားတာ။ သေနတ် ၄ လက်ဆုံးရှုံးတာကို **တွေတင်ထားတာတော့ ၃ လက်ပဲတင်ထားတယ် ၊ ဘာလို့လဲတော့မသိဘူး "
" ဖမ်းဆီးခံရတဲ့ သူတွေက ဘယ်သူဘယ်ဝါလဲဆိုတာတော့ ကျနော်တို့လည်း လိုက်ထောက်(စုံစမ်း)နေတုန်းပဲ။ မြို့ပေါ်မှာ သူတို့(စစ်ကောင်စီ)တွေ အင်အားတွေဖြန့်ထားတယ်။ လိုက်ပတ်နေတယ်၊ ကပ်လို့တောင်မရသေးဘူး"
" ကျောင်းသားတွေက တယောက်မှ မထိလိုက်ဘူး။ ကျောင်းဆင်းပြီး ၅ မိနစ်လောက်မှာ လာကြဲသွားတာ။ ကျောင်းကတော့ ရစရာမရှိတော့ဘူး။ လေယာဉ်သတင်းကြားကတည်းက ကလေးတွေကို အကုန်ပေးပြန် လိုက်တာ"
ဇွန် ၁၃ ရက် ည ၇ နာရီ ၂၅ မိနစ်အချိန် တံတားဦးလေဆိပ်ကထွက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးထဲက ၁ စီးဟာ ညောင်ကုန်းရွာဝန်းကျင်ကို ဗုံးကြဲချခဲ့တာကြောင့် ရွာအပြင်သို့ ထွက်ပြေးတိမ်းရှောင်ကြတဲ့ ညောင်ကုန်းရွာက အသက် ၅၀ အရွယ် ဦးမင်းငြိမ်းဟာ ဦးခေါင်းပြတ်ထွက်သွားပြီး ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်စန်းစန်းဌေးကတော့ ဦးခေါင်းညာဘက်ခြမ်းပွင့် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
“ စစ်သုံ့ပန်း ၅ ယောက်ကို မစစ်ဆေးရသေးဘူး။ သူတို့ကို စစ်ဆေးပြီးရင်တော့ သေတဲ့အထဲမှာ အရာရှိတွေ ပါ မပါသိရမယ်။ အရာရှိတယောက်တော့ ခြေထောက်ထိသွားတယ်လို့ မိထားတဲ့တယောက်က ပြောတယ်။ အဲ့ဒီဒဏ်ရာနဲ့ ရအောင်ပြေးသွားတယ်။ သူ့ရဲ့လက်နက်ကိုတော့ ရလိုက်တယ်”
စစ်ကောင်စီတပ်သားတွေဟာ နင်းမိုင်းတွေကို များသောအားဖြင့် ရွာဝင်လမ်း၊ ထွက်လမ်းတလျှောက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်နိုင်မယ်ထင်တဲ့ နေရာတွေမှာ ခင်းထားတတ်သလို အများပြည်သူတွေ သွားလာတဲ့လမ်းဘေးတွေကိုလည်း ခင်းတာမျိုးတွေပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဇွန် ၁၀ ရက် မနက် ၅ နာရီလောက်မှာ မအူဂိတ်ကနေ အင်အား ၄၀ ကျော် နဲ့ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ အဲဒီဂိတ် နဲ့ ၁ မိုင်လောက်ဝေးတဲ့ ထနောင်းတောရွာထဲကို လက်နက်တွေ ပစ်ဖောက်ဝင်လာချိန် ရွာမြောက်ဘက်မှာ ကင်းစောင့်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်သတ်သွားသလို CDM ကျောင်းဆရာမ ဒေါ်စန္ဒာဝင်းရဲ့ နေအိမ်အပါအဝင် ၂ လုံးကိုလည်း မီးရှို့သွားတယ်လို့ ဆိုပါတယ်။
“သူက စစ်ကြောင်းရောက်တာကိုမသိတော့ စစ်ကြောင်းနဲ့ လွတ်လောက်တယ်ထင်ပြီးသွားတာ။ ရွာထဲရောက်တော့ သူနဲ့မလှမ်းမကမ်းမှာ စစ်ကောင်စီတပ်သားတွေနဲ့တွေ့တော့ ဆိုင်ကယ်ကိုပြန်ကွေ့ပြီး မောင်းပြေးတာ အပစ်ခံလိုက်ရတယ်”
“သူတို့ (စစ်ကောင်စီ)က ရှမ်းတောရွာထဲမှာ ဖောကားတွေကိုချန်ခဲ့ပြီး တောင်ကိုင်းရွာထဲကို ခြေလျင်နဲ့ ဝင်ခဲ့တာ။ ရွာသားတွေ ဖမ်းဆီးခံရတာတော့မရှိဘူး။ ရွာသားတွေကအရင် ၃ လလောက်ကတည်းက ရှောင်တိမ်းနေကြတော့ ရွာမှာသိပ်မကပ်ကြဘူး ”
ဇွန် ၄ ရက် မနက် ၁၀ နာရီကျော်လောက်မှာ မတ္တရာမြို့ပေါ်ကို တက်လာတဲ့ အဲဒီကားကို မတ္တရာမြို့နယ် ခြေတော်ရာကျေးရွာနားအရောက်မှာ အသင့်စောင့်နေတဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်လုပ်မိုင်း ၂ လုံး နဲ့ မိုင်းဆွဲခဲ့သလို၊ လက်နက်ငယ်တွေနဲ့လည်းပစ်ခတ်ခဲ့လို့ ကားပျက်စီးခဲ့ပြီး ကားပေါ်လိုက်ပါလာတဲ့ တပ်ရင်းမှူးအပါအဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ သတင်းတာဝန်ခံက ပြောပါတယ်။
“အဲဒီကျောင်းထဲမှာ သတင်းသုံးနေတဲ့ ဘုန်းကြီးတချို့ နဲ့ ဆရာလေးအချို့ရှိတယ်။ ထိခိုက်မှုတော့ မရှိလိုက်ဘူး။ ဘုရားကြီးဝန်းက အကျယ်ကြီးဆိုတော့ သူတို့ရမ်းပြီးပစ်သွားတာ၊”
ဟင်္သာရွာပြင်မြောက်ဘက်မှာ အင်အား ၅၀ ဝန်းကျင် နဲ့ အထိုင်ချတပ်စွဲနေတဲ့ ပျုစောထီးတွေအပါအဝင် စစ်ကောင်စီတပ်သားတွေ နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ပြီးတဲ့နောက် ပျုစောထီးဘက်က ၃ ဦးသေဆုံးပြီး ၆ ဦးထိခိုက်ဒဏ်ရာရရှိသွားသလို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။