Nan Khan

ညမထွက်ရအချိန် ကျော်သွားတဲ့ ပြည်သူတဦး သေနတ်နဲ့ ပစ်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာအပြီး ၆ ရက်မြောက်နေ့မှာ အလယ်ဆိပ်ရွာသားတဦး ည ၁၀ နာရီကျော်မှာ အိမ်ပြန်မိလို့ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

ကံပြားရဲစခန်း ဝင်စီးချိန် သတင်းပေါက်ကြားလို့ ဘားတိုက်တချို့ကိုသာ မီးရှို့ခဲ့

"ကျတော်တို့က အဲဒီကို လာတိုက်မယ်ဆိုတာ သတင်းပေါက်နေ‌တော့ သူတို့(စစ်ကောင်စီ) ဘက်က အင်အားထပ်ဖြည့်ထားတယ်။ ကျတော်တို့လည်း လူအင်အားနဲနဲနဲ့ အလစ်ဝင်တိုက်တာ ရဲစခန်းထဲကိုတော့ ဝင်လို့မရဘူး။ သူတို့ စနိုက်ဘာတွေနဲ့ ထောက်ထားတော့ ဒါပေမဲ့ ဘားတိုက်တွေ မီးလောင်သွားတယ်" လို့ ဆိုပါတယ်။

PDF က ထိန်းသိမ်းထားတဲ့ ထွေအုပ်ဝန်ထမ်းတွေ တလနီးပါးအကြာမှာ CDM ပြုလုပ်

"သူတို့ရဲ့ ထွက်ဆိုချက်ကတော့ သူတို့ဧည့်စာရင်း လိုက်ကောက်တာ မဟုတ်ဘူး။ မြို့ပေါ်တက်ပြီး ရွှေသွားဝယ်တာလို့ ပြောတယ်။ CDM လုပ်ချင်တာ ကြာပြီ။ မိသားစု စားဝတ်နေရေးအတွက် မလုပ်ချင်ပဲ လုပ်နေရတယ် ပြောတယ်" လို့ မြောင်မြို့နယ် ပလဖ တာရှိသူတဦးက ဆိုပါတယ်။

မုံရွာက ရွာ ၂ ရွာကြားမှာ ဦးခေါင်းမရှိတော့တဲ့ ရုပ်အလောင်းတခုတွေ့

"ဦးခေါင်းလည်း ဖြတ်ထားတာဆိုတော့ သေဆုံးတဲ့သူက ဘယ်ကလဲ၊ ဘယ်သူလဲဆိုတာ မသိရသေးပါဘူး။ အလောင်းတွေ့တဲ့ ရွာနှစ်ရွာက တောဘက်ဆိုတော့ နဲနဲဝေးပါတယ်။ ကြားထဲမှာ ယာခင်းတွေပဲရှိတာ အခုချိန်ထိလည်း ဦးခေါင်းမတွေ့သေးပါဘူး" လို့ ဆိုပါတယ်။

စကားများရန်ဖြစ်ရာမှာ သားဖြစ်သူက ဓားနဲ့ထိုးလို့ အဖေဖြစ်သူ သေဆုံး

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ပေါက်တောရွာက သားအဖ ၂ ဦးဟာ ရန်ဖြစ်စကားများရာမှ သားဖြစ်သူက ဓားနဲ့ထိုးလိုက်လို့ အဖေဖြစ်သူ သေဆုံးသွားတယ်လို့ သိရပါတယ်။

တန့်ဆည်က ရွာတရွာကို စစ်အုပ်စုက ဝင်ရောက်မွှေနှောက်

"အဲဒီရွာထဲကို စခ တွေဝင်တာ ၅ ကြိမ် ၆ ကြိမ်‌လောက်ရှိ‌နေပြီးဆိုတော့ ရွာသားတွေလည်း လည်ကုန်ပြီ။ အိမ်မှာ အဖိုးတန်ပစ္စည်းဘာတခုမှ ချန်မထားကြဘူး။ စခ တွေက တရွာလုံး မွှေနှောက်သွားတယ်" လို့ ဆိုပါတယ်။

စစ်ရှောင်နေတဲ့ အိမ်ထောင်စု ၃၅၀ အတွက် ဆန်နဲ့အဝတ်အထည်များ သွားရောက်လှူဒါန်း

"ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၁ လပိုင်းတုန်းကလည်း တခါလှူဒါန်းတယ်။ ဒီလ ၂ ပိုင်းမှာလည်း ထပ်ပြီး လှူဒါန်းတယ်။ အိမ်ထောင်စုတစုအတွက် ဆန် ၄ ပြည်၊ ဆီ၊ ဆား ၊ ငါးခြောက်နဲ့ အဝတ်အထည်တွေကို လှူဒါန်းခဲ့တယ်" လို့ ဆိုပါတယ်။

ရွာထဲကမထွက်ရင် မီးရှို့မယ်လို့ ခြိမ်းခြောက်ပြီး ဒေသခံ အယောက် ၅၀ ကိုဖမ်းသွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မြို့လှကျေးရွာက ပြည်သူတွေကို ကျေးရွာကထွက်မသွားရင် မီးရှို့မယ်လို့ ခြိမ်းခြောက်မောင်းထုတ်ပြီး ပြည်သူအယောက် ၅၀ လောက်ကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကန့်ဘလူနယ်ထဲက ပြည်သူ ၃ ဦး ဖမ်းခံရပြီး နေအိမ် ၁၅ လုံး မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပိတောက်ရွာထဲမှာ တညတာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာထဲက နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လောင်းကစားဝိုင်းမှာ သေနတ်နဲ့ပစ်ခံရလို့ ဗိုလ်တဦးအပါ ၆ ဦး သေဆုံး

"၂ပွင့်ဗိုလ်လို့ ဘာကြောင့်သိရလဲဆိုတော့ ၆လုံးပြူးလည်းကိုင်တယ်။ နောက်ပြီး ကျနော်တို့ကိုသတင်းပေးပို့တဲ့ ပြည်သူက အတိအကျကိုပြောတာပါ။ အဲဒီထဲမှာ ဦးစိန်ထွန်းနဲ့ ဒေါ်သိန်းကြည်က ဒလန်လင်မယားတွေပါ။ သူတို့တွေက ပြည်သူတွေကိုစစ်ကောင်စီနဲ့ ခြိမ်းခြောက်ထားပြီး လောင်းကစားဝိုင်းဖွင့်ထားပါ” လို့ ဆိုပါတယ်။

NUG လက်အောက်ခံ ဆရာ၊ဆရာမတွေကို ဖမ်းဆီးအရေးယူမယ်လို့ ခြိမ်းခြောက်စာစောင်တွေ လိုက်ဖြန့်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ NUG လက်အောက်ခံ ဆရာ၊ဆရာမတွေကို တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံဖြန့်ဝေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ရှောင်အမျိုးသမီး ၂ ဦး ၂ ရက်ဆက်တိုက် မြွေကိုက်ခံရ

“မနေ့ကအမျိုးသမီးက ကျွဲ၊ နွားတွေသွားလှန်ရင်းပိုးထိသွားတယ်။ သူ့ကိုကိုက်လိုက်တဲ့ ကောင်ကတော်တော်ကြီးတာ၊ အဲဒါကြောင့် သူ့ကို BPI မြွေဆိပ်ဖြေဆေးခြောက်လုံးနဲ့ အိန္ဒိယမြွေဆိပ်ဖြေဆေး ၄ လုံး စုစုပေါင်း ၁၀ လုံးထိုးထားပေးတယ်။ ဒီမနက်ကိုက်ခံရတဲ့ အမျိုးသမီးကလည်း ၈၀ ရာခိုင်နှုန်းလောက်က သက်သာလာပါပြီ” လို့ ဆိုပါတယ်။

အရာတော်က ပျူစောထီးရွာ လက်နက်ကြီးနဲ့ပစ်ခံရလို့ သေဆုံးမှုရှိ

အဲ့ဒီရွာမှာ စစ်တပ်ကလည်း အထိုင်ချတပ်စွဲထားပြီး ရွာခံပျူစောထီးတွေ ပူးပေါင်းကာ နီးစပ်ရွာကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ လုပ်နေတာကြောင့် ၆၀ မမ အပါအဝင် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မုန်တိုင်းက မြေလတ်အသံကို ပြောပါတယ်။

အန်စာတုံးကားနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရလို့ ၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရဟုဆို

“မိုင်းဆွဲလိုက်တဲ့ အချိန် ၄ ယောက် ကျသွားပြီး ၃ ယောက် ဒဏ်ရာရသွားတာကို နီးစပ်ရာတွေဆီက သိရတယ်။ မိုင်းဆွဲခံရပြီးတော့ သူတို့က မြင်းမူဘက်ကို မောင်းသွားပြီး မြင်းမူ ဆေးရုံမှာ ဒဏ်ရာရတဲ့သူ ၃ ယောက်ထဲက တယောက်က ကျသွားတယ်။ မြင်းမူဘက်မှာ ရောက်တော့ ထိခိုက်သေဆုံးတာတွေကို ပိုပြီးတော့ အတည်ပြုနိုင်တာပါ” လို့ ဗိုလ်မုန်တိုင်းက ဆိုပါတယ်။

လက်နက်ကြီးကျည်မှန်လို့ အဖွားတဦးဒဏ်ရာရပြီး ဘုန်းကြီးကျောင်းပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုမြောက်ပိုင်းမှာရှိတဲ့ ပျူစောထီးတပ်ဖွဲ့ဟာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် အသက် ၈၈ အရွယ်အဖွားတဦး ထိခိုက်ဒဏ်ရာရတဲ့အပြင် ဘုန်းကြီးကျောင်းတကျောင်းလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10