MLAT

ရာသီဥတုဒဏ်ကြောင့် မြိုင်မြို့နယ်မှာ စပါးရိတ်သိမ်းချိန်နောက်ကျပြီး တောင်သူတွေ အရှုံးပေါ်နိုင်

“အခုချိန်ထိလည်း (စပါး) မရိတ်နိုင်သေးဘူး။ အဓိကအကြောင်းရင်းကတော့ ရာသီဥတုကြောင့်ပါ။ ဒီနားစိုက်သမျှရွာတိုင်း အရှုံးပေါ်မယ့်အနေအထားပဲ။ စိုက်တဲ့အရင်းတောင် ပြန်မရနိုင်ဘူး။”

ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်က မျောက်တွေ အစာရေစာရှားပါးလို့ လူနေအိမ်တွေအထိဝင်ရောက်

"ပုံမှန်ချိန်ဆို မသိသာပေမယ့် ကိုဗစ်ကာလနဲ့ အာဏာသိမ်းကာလအတွင်း အစားအသောက်ရှားပါးလာတော့ တောင်အောက် ရင်ပြင်မှာ လာစုဝေးတယ်။ မျောက်စာကျွေးသူတချို့ရှိပေမယ့် မလုံလောက်ဘူး"

စစ်ရေးပြင်းထန်လာမှာဖြစ်လို့ ထီးလင်းမြို့ပေါ်ကအရပ်သားများ အမြန်ဆုံးထွက်လာကြဖို့ ပအဖ နောက်ဆုံးအကြိမ်သတိပေး

" အဆုံးအစွန်ထိဆိုရင် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာတဲ့ အနေအထားအထိ ရှိနိုင်တယ်။ မြို့သိမ်းတိုက်ပွဲတွေကြုံတဲ့အခါမှာ ပြည်သူတွေက ဘေးကြပ်နံကြပ်တွေဖြစ်မှာစိုးလို့ ကြိုတင်ပြီးတော့မှ ကျနော်တို့ဆီလာရောက်ဖို့ကမ်းလှမ်းတာဖြစ်တယ်။"

ကွမ်းနုဝါ အထွက်နည်းပြီး ဈေးကောင်းရနေ

"အေးလာတဲ့အခါ အစာချက်အား နည်းသွားတာ။ အစား သိပ်မစားနိုင်တော့ အထွက်နှုန်းလျော့သွားတယ်။ ရာသီဥတုနဲ့လည်း ဆိုင်သလို တောင်သူနဲ့လည်း ဆိုင်တယ်။ ခြံအိုတွေက များတာကိုး၊ မိုးရာသီလက်ကျန် ကွမ်းခြံတွေက အိုသွားတော့ မြေတွေက မာသွားရော။ အဲ့မှာ အစာချက်အားနည်းသွားတယ်။ မြေကို တူးဆွပေး ကောက်ရိုးတွေနဲ့ အနွေးဓာတ်ပေးရတာတို့ လုပ်ပေးရတယ်။"

တပ်ဖွဲ့ဝင်ချင်း လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့ တိုင်ကြားခံရသူရဲဘော်ကို ဖမ်းဆီးစစ်ဆေးနေ

“အားလုံးမူးကြတဲ့အချိန်မှာ တခြားရဲဘော်တွေကိုတော့ ခေါင်းဆောင်လုပ်တဲ့သူက အပြင်ကို ပ,ထုတ်လိုက်တယ်၊ နစ်နာတဲ့သူပဲ ကျန်ခဲ့တယ်ပေါ့၊ အဲ့ချိန်မှာ ဒီလိုမျိုး Rape Case က ဖြစ်သွားတယ်။”

“အသဲကြီးခြင်းအတွက် မဲဇလီ” (Podcast)

လိပ်ခေါင်းရောဂါကာကွယ်ဖို့ မဲဇလီပင်ရဲ့ဘယ်အစိတ်အပိုင်းကိုအသုံးပြုနိုင်သလဲ။ မဲဇလီအမြစ်သွေးရေဟာ ဘယ်လိုရောဂါတွေကိုသက်သာစေသလဲ။ သွေးတိုးရောဂါသက်သာစေဖို့ မဲဇလီရွက်ကို ဘယ်လိုအသုံးပြုနိုင်သလဲ။ ရင်ပူ၊ ရင်ပြည့်၊ ရင်ကယ်တဲ့အခါ မဲဇလီပင်ရဲ့ ဘယ်အစိတ်အပိုင်းကို အသုံးပြုကုသနိုင်သလဲစတာတွေကို နားဆင်ရမှာပါ။

ဝက်လက်မြို့နယ်ကနာရေးကို စစ်တပ်က ဟောင်ဝစ်ဇာနဲ့ လှမ်းပစ်လို့ ရွာခံတွေ ထွက်ပြေးခဲ့ရ

ကျေးရွာအနီးမှာ တော်လှန်ရေးနဲ့ပတ်သက်နေသူ ၁ ဦး ကျန်းမာရေးကြောင့် သေဆုံးတာရှိပြီး အဲဒီနာရေးသတင်းပေါက်လို့ ခြောက်လှန့်ပစ်ခတ်တာမျိုးဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပုလဲမြို့အနီးက တောင်ယာသီးနှံ ရိတ်သိမ်းသူတွေကို PDF တွေက လုံခြုံရေးယူပေး

"ဒေသခံပကဖတွေ ပြည်သူ့ကာကွယ်ရေးတပ်သားတွေက ကင်းယူပေးလို့ စပါး၊ နှမ်းတွေ ရိတ်သိမ်းနိုင်ခဲ့တယ်။ မြို့နဲ့ အနီးကပ်ဖြစ်တဲ့ စပါးခင်းတွေကိုတော့ မရိတ်သိမ်းနိုင်သေးဘူး။ မြို့နဲ့ နည်းနည်းကပ်နေတဲ့ ယာခင်းတွေကို အမျိုးသားတွေ မခေါ်ဘဲ အမျိုးသမီးတွေပဲ ရိတ်ခိုင်းတယ်။”

ပေါက်မြို့နယ်က စစ်ရှောင်တွေအတွက် NUG က စားနပ်ရိက္ခာနဲ့ ခြုံစောင်တွေ ထောက်ပံ့

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ နေအိမ်မီးရှို့ခံရပြီး ကာလရှည်နေရပ်စွန့်ခွာနေရတဲ့ စစ်ရှောင်လူဦးရေ ၇၆၀ ကျော်အတွက် စားစရာရိက္ခာဆန်နဲ့ ခြုံစောင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ထီးလင်းနယ်ရှိ စစ်ရှောင် ၇,၀၀၀ ခန့် ဆောင်းတွင်းကာလတွင် အစားအသောက်နဲ့အနွေးထည်တွေ လိုအပ်နေ (ရုပ်/သံ)

"အရေးအကြီးဆုံးကတော့ စားဝတ်နေရေးပ(ပေါ့)။ စားဖို့ဆန်တောင် ရှားလာကြပြီ။ အရင်နှစ်တွေနဲ့ မတူတာက မိုးကလည်း ခေါင်တယ်၊ မုန်တိုင်းကလဲဝင်လိုက်သေးတာဆိုတော့ စပါး ၁ တင်းပျိုးတာကို ၁ တင်းတောင်ပြန် မရတဲ့လူတွေလည်းများတယ်။ စစ်ကြောင်းကလည်း ခဏခဏထိုးတော့ လယ်ဖြောင့်ဖြောင့် မလုပ်နိုင်ကြဘူးလေ"

မြေလတ်ပေးစာ (Podcast)

- ခင်ဦးမြို့နယ်က ပကဖနဲ့တာဝန်ရှိသူတွေ သိစေချင်တဲ့စာ။ - ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖုန်းဆက်ပြီးငွေလိမ်နေတဲ့အကြောင်း။ - အောင်လံမြို့နယ်က ယာဉ်ထိန်းရဲတွေ ကားသမားတွေကို ခြိမ်းခြောက်ငွေညှစ်နေ။

ယောဒေသမှာ ဗုံးခိုကျင်းတွေ တူးကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကို ကာကွယ်နိုင်ဖို့ ဒေသခံပြည်သူ‌တွေအနေနဲ့ ဗုံးခိုကျင်းတူးကြရန် တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနေကြတယ်လို့ သိရပါတယ်။

ထီးလင်းနယ်ရှိ စစ်ရှောင် ၇,၀၀၀ ခန့် ဆောင်းတွင်းကာလတွင် အစားအသောက်နဲ့ အနွေးထည်တွေ လိုအပ်နေ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ နေရပ်စွန့်ခွာစစ်ရှောင်ပြည်သူဦးရေ ၇၀၀၀ အထိဖြစ်လာပြီး ၂ နှစ်ကျော် လာတဲ့အထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်နေကြရာ အခုဆောင်းတွင်းကာလမှာ အစားအသောက်နဲ့အနွေးထည်တွေ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ထီးလင်းမှာတာဝန်ကျတဲ့ ဗိုလ်ကြီး ၆ ဦးထဲက ၃ ဦးသေပြီး ၁ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ စစ်ကောင်စီက ၂၀၂၁ ကနေ ယခုနှစ်ထိ ၃ ပွင့်အဆင့်ရှိ ဗိုလ်ကြီး ၆ ဦးကို တာဝန်ချထားပေးခဲ့ပြီး သူတို့ထဲက ၃ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိထားတယ်လို့ မြေပြင်ကတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။

မုံရွာမှာ မီးကြိုးဖြတ်တဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေကို PDF က အသိပေးစာထုတ်ပြန်

"စစ်ကောင်စီ ထောက်တိုင်အဖြစ် ဘဏ္ဍာငွေရှာပြီး ပြည်သူတွေအပေါ် မတရားသဖြင့် အနိုင်အထက် ပြုကျင့်နေတဲ့သူတွေကို သတိပေးတာပါ။ ဆက်လုပ်နေရင်တော့ ထုတ်ပြန်စာပါ အကြောင်းအရာအတိုင်း ကျနော်တို့ တုန့်ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီဗျ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10