MLAT

"စစ်ကောင်စီ အခက် PDF အချက် " (ရုပ်/သံ)

စစ်ကိုင်းမှာ မြို့သိမ်း၊ စခန်းသိမ်းဖို့ ဘယ်လိုပြင်ဆင်ထားလဲ။ စစ်အုပ်စုကရော ဘယ်လိုအခြေအနေ ရှိနေလဲ။ အလင်းမဝင်တဲ့ စစ်ကောင်စီတပ်သားတွေကို PDF တွေဘက်က ဘာတွေပြောချင်နေလဲ ဆိုတာတွေကို Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲကို ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

မြေလတ်ပေးစာ (Podcast)

- ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကပစ ၃ က စစ်သားတွေအတွက်စာ - ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်၊ ထောက်ကြန့်အုပ်စုမှာဘာတွေဖြစ်နေလဲ။ - စဉ့်ကိုင်၊ ကွန်ပြူတာတက္ကသိုလ်နားက လုယက်မှုတွေစတဲ့ စာတွေကို နားဆင်ရပါမယ်။

ကောလင်းကို အုပ်ချုပ်ရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ CDM တွေကိုပြန်ခေါ် (Reels)

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေနဲ့ ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းတွေမှာ တာ၀န်ထမ်းဆောင်နိုင်ဖို့ ကောလင်းခရိုင် မြို့နယ်ဌာနအသီးသီးက CDM ၀န်ထမ်းတွေအနေနဲ့ ခရိုင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီ ဆက်သွယ်ပြီး တာ၀န်ထမ်းဆောင်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

"ဒကစရှိတဲ့ လောက်ကိုင်ကို သိမ်းနိုင်ရင် တိုင်းစစ်ဌာနချုပ်အထိသိမ်းနိုင်ဖို့ မျှော်လင့်လို့ရတယ်"

ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ လောက်ကိုင်မြို့တိုက်ခိုက်မယ်ဆိုတဲ့အခြေအနေနဲ့ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်ရင်ဆိုင်နေရတဲ့ စစ်ရေးအခြေ အနေတွေအပေါ် မြန်မာစစ်တပ်မှာ ၁၅ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM တပ်မတော်သား ဗိုလ်ကြီး ထက်မြက်ရဲ့ သုံးသပ်ချက်တွေကို တင်ဆက်ပေးထားပါတယ်။

"စကစ ရဲ့ အပြေးပြိုင်ပွဲ" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "စကစ ရဲ့ အပြေးပြိုင်ပွဲ" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

တော်လှန်ရေးတပ်တွေရောက်နေတဲ့ သတင်းကြားပြီး စစ်သားတွေ မန္တလေးကနေရာစုံမှာ တပ်စွဲ (ရုပ်/သံ)

မန္တလေးမြို့မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်မှာ စျေးချိုတော်အပါအဝင် မန္တလေး မြို့တွင်း၊ မြို့ပြင်က ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေမှာ စစ်တပ်က တပ်စွဲထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မန္တလေးမြို့ထဲ မဟာမိတ်တွေရောက်နေတဲ့သတင်းကြောင့် စစ်တပ်က မြို့ပေါ်ဘုန်းကြီးကျောင်းနဲ့ ဘုရားတွေမှာ တပ်စွဲ

"AA၊ MNDAAနဲ့ PDF တပ်တွေ မြို့ထဲရောက်နေတယ်လို့ သတင်းရထားတယ်။ မြို့တွင်းစစ်ဆေးမှုက ပိုပြီးကျပ်တည်းလာလိမ့်မယ်။ မြို့အပြင်က ကျေးရွာတွေအထိ စစ်တပ် တပ်စွဲပြီးရင် ဧည့်စာရင်းကို လူစာရင်းနဲ့ တိုက်စစ်ဖို့ ပြင်ဆင်ထားတယ်။ အဝေးက တပ်တချို့ကိုပါ မြို့တွင်းကို ခေါ်ထားတယ်"

"တိုက်ပွဲဖြစ်ပြီဆိုမှ သေမှာကြောက်လို့ လက်နက်ချတဲ့ပုံစံမဖြစ်စေချင်ဘူး" CDM ဗိုလ်ကြီးထက်မြတ်နှင့် အင်တာဗျူး

“ဒီဘက်ကို ပူးပေါင်းမယ်ဆိုပြီး လာတာမျိုးဆိုရင် ကျနော်တို့က ကြိုဆိုတယ်။ ပြည်သူကလည်း အခုထိကြိုဆိုနေတုန်းပဲ။ ဘာလို့ဆိုတော့ ဒီလိုမျိုးကြိုချိတ်ဆက်ကူးပြောင်းတာက သွေးမြေကျမှုအနည်းဆုံးနဲ့ တော်လှန်ရေးအောင်မြင်ဖို့ အရွေ့တခုဖြစ်တယ်ဆိုတာကို ပြည်သူတွေရော တော်လှန်ရေးတပ်ဖွဲ့တွေရော ကျနော်တို့ နားလည်ထားကြတယ်။”

တပတ်အတွင်း မြေလတ်သတင်း

- ကောလင်းတွင် ကြားကာလအုပ်ချုပ်ရေး ဖွဲ့စည်းထား၊ ဘဏ်မှသိမ်းဆည်းရရှိတဲ့ ငွေကြေးကို အပ်နှံထားသူတွေ နစ်နာမှုမရှိအောင် စီမံခန့်ခွဲနေ - စစ်တပ်သင်္ဘော ၉ စီးကို PDF တွေ ဘယ်လို သိမ်းဆည်းရမိခဲ့လဲ - အုတ်ဖို ခမရ ၆ က စစ်သား ၃၂ ဦး ကရင်နီတွင် လက်နက်ချသည့်ရုပ်သံ KNDF ထုတ်ပြန် - ပုလဲမှာ စစ်ကောင်စီဘက်က စခန်းမကျဖို့ ထိန်းထားရပြီး အလောင်းကောက်နေ - တိုက်ပွဲ ၃ ရက်မြောက်နေ့မှာ ကျားတက်ရဲစခန်းကို PDF တွေသိမ်းနိုင်ခဲ့ - ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၁၀ ဦးခန့်သေဆုံးပြီး ၄၀ နီးပါးဒဏ်ရာရ - ဇီးပြားရဲစခန်းတိုက်ပွဲ နှစ်ဘက်သေဆုံးမှု ၅၀ ကျော်ခဲ့ - ကန့်ဘလူမှာ စစ်တပ်က ရဟတ်ယာဥ်နဲ့ ၁ နာရီကြာပစ်ခတ်၊ အမျိုးသမီး ၁၁ ဦးအပါ ဒေသခံ ၁၃ ဦးကို ဖမ်းသွား - စစ်ကောင်စီမီးရထား ဝက်လက်မှ ရွှေဘိုကိုခရီးဆက်၊ လူနေအိမ်တွေကို စတင်မီးရှို့ - PDF ဝင်တိုက်မယ့်သတင်းကြောင့် စစ်တောင်းမြစ်ကမ်းနားရွာတွေကို စစ်တပ်က အင်အားဖြည့်တင်းနေ - YDF ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁၃ သင်တန်းဆင်းပွဲ

“မြေစာမြက်ပင် ဆေးဖက်ဝင်” (Podcast)

အဆစ်ရောင်လေးဘက်နာရောဂါသက်သာစေဖို့အတွက် မြေစာမြက်မှုန့်ဟာ ဘယ်လိုအသုံးဝင်သလဲ။ အစာအိမ်အချဉ်ပေါက်နဲ့ ဆီးပူ၊ ဆီးအောင့်၊ ဆီးကျဉ်ရောဂါတွေကို မြေစာရွက်ပြုတ်ရေနဲ့ ဘယ်လိုကုသနိုင်သလဲ။ ဆီးချို၊ သွေးတိုးရောဂါတွေအတွက် မြေစာမြက်ကိုဘယ်လိုအသုံးပြုလို့ရသလဲ ဆိုတာတွေကို နားဆင်ရမှာပါ။

"အခက်အခဲမျိုးစုံကြားက ရုန်းကန်ရင်း စိုက်ပျိုးဖို့ပြင်ဆင်နေရတဲ့ ဆောင်းသီးနှံ"(လူမှုစီးပွား)

ဒီနှစ်အတွက် ဘယ်လိုသီးနှံတွေ စိုက်ပျိုးမှုများလဲ၊ ဆောင်းသီးနှံတွေစိုက်ပျိုးနိုင်မှုဧက ယခင်ထက် ဘယ်လောက်အထိ နည်းပါးသွားလဲ၊ ဆောင်းသီနှံစိုက်ပျိုးဖို့ ဘာအခက်အခဲတွေရှိနေလဲ၊ အခက်အခဲတွေကြားက တောင်သူတွေ ဘယ်လိုရုန်းကန်နေကြရလဲ စတာတွေကို ဒီတပတ် မြေလတ်ဒေသ လူမှုစီးပွား အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ(မြေလတ်အသံ) က စုစည်းတင်ဆက်ပေးထားပါတယ်။

ညီညွတ်မှုနဲ့ လှမ်းယူရမယ့် လက်တကမ်းက တော်လှန်ရေးအောင်ပန်း (အယ်ဒီတာ့ အာဘော်)

ဒီအခြေအနေ၊ ဒီအခွင့်အရေးဟာ ၂ ခါ ရချင်မှ ရပါလိမ့်မယ်။ ကျိန်းသေတာက လက်ရှိ ကြုံလာရတဲ့အခွင့်အရေးကို အမိအရဆုတ်ကိုင်နိုင်ဖို့ပါပဲ။

အောက်ခြေစစ်သားတွေ လက်နက်ချဖို့ PDF တွေတိုက်တွန်း

အောက်ခြေစစ်သားတွေ လက်နက်ချဖို့ PDF တွေတိုက်တွန်း

"ပရိတ်ကြီး နဲ့ အဖြူရောင်အနုပညာရှင်တွေလည်း မကယ်နိုင်တော့ဘူး" (မြင်မိ ကြားမိသမျှ အစီအစဉ်)

မြေလတ်အသံသတင်းဌာနမှာ အပတ်စဉ်တင်ဆက်နေတဲ့ ဆောင်းပါးရှင် သခင်နွေရဲ့ မြင်မိ ကြားမိသမျှ အစီအစဉ် ဒီတပတ်မှာ "ပရိတ်ကြီး နဲ့ အဖြူရောင်အနုပညာရှင်တွေလည်း မကယ်နိုင်တော့ဘူး" ခေါင်းစဉ်ကို နားဆင်နိုင်ကြပါပြီ။

အာဏာအလွဲသုံးစားလုပ်ပြီး တံစိုးလက်ဆောင်ရယူကြောင်း အပြစ်ဖော်ပြကာ  ဒု-ဗိုလ်ချုပ်ကြီး စိုးထွဋ် ကို ထောင်ဒဏ် ၅ နှစ်ချ

စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်တရားရုံးနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်လို့ နိုဝင်ဘာ ၁၀ ရက် မနေ့ည ၈ နာရီသတင်းမှာ စစ်တပ်ပိုင်မီဒီယာတွေက ထုတ်ပြန်လာပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10