MLAT

လုံခြုံရေးတင်းကျပ်ထားတဲ့ ကလေးမြို့မှာ ၈၈၈၈ အရေးတော်ပုံနေ့လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒေသခံအချို့က သြဂုတ် ၈ ရက်ဒီနေ့မှာကျရောက်တဲ့ ၃၆ နှစ်ပြည့် ၈၈၈၈ အရေးတော်ပုံနေ့အဖြစ် လှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။

ကတုတ်ကျင်းနက်နက်တူးထားတဲ့ ပြင်ဦးလွင်က စစ်တပ်ခံစစ်နဲ့  မြို့ကိုစွန့်ခွာနေတဲ့ တပ်မိသားစုဝင်တွေ (ရုပ်သံဆောင်းပါး)

ရှမ်းမြောက်၊ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကျသွားပြီးနောက် ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်ရှိ စစ်တပ်မြို့လို့ခေါ်ဆိုတဲ့ ပြင်ဦးလွင်မြို့ကို တော်လှန်ရေးတပ်တွေ ဝင်တိုက်မယ့်သတင်းတွေကို စစ်ကောင်စီတပ်အရာရှိတွေ ခန့်မှန်းရရှိထားပြီး ကတုတ်ကျင်းတူး ခံစစ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေသလို တပ်မိသားစုဝင်တွေလည်း မြို့ကိုစွန့်ခွာနေကြပြီလို့ ပြင်ဦးလွင်တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

ပြင်ဦးလွင်မှာ ပြည်သူတွေစိတ်မပူကြဖို့ စစ်တပ်ကလိုက်အော်ချိန် မြို့ခံတွေစစ်ရှောင်ထွက်ပြေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ပေါ်မှာ သြဂုတ် ၈ ရက်ဒီမနက်ပိုင်းက ပြည်သူတွေစိတ်မပူကြဖို့ စစ်ကောင်စီတပ်သားတွေက မိုက်နဲ့လိုက်အော်ချိန်ကစပြီး ဒေသခံတွေက မန္တလေးဘက်ကို စစ်ရှောင်ထွက်ပြေးသွားကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ပြေလျော့စေတဲ့ ကန်စွန်း” (Podcast)

အစာအဆိပ်မိပါက ကန်စွန်းရွက်ကို ဘယ်လိုအသုံးပြုကုသရမလဲ။ ကန်စွန်းရွက်နဲ့ နှမ်းဆီစစ်စစ်ကို အသုံးပြုပြီး နားအူနားကိုက်ဝေဒနာကို ဘယ်လိုကုသနိုင်သလဲ။ အိုမင်းရင့်ရော်မှုကိုဟန့်တားဖို့ ကန်စွန်းရွက်ကို ဘယ်လိုအသုံးပြုရမလဲ။ ကန်စွန်းပင်ရဲ့ဘယ်အစိတ်အပိုင်းတွေက ဆေးဘက်ဆိုင်ရာမှာ အသုံးပြုလို့ရသလဲ စတာတွေကို နားဆင်ရမှာပါ။

မတ္တရာမြို့နယ်အနောက်ခြမ်းကို လေကြောင်းကနေ ဗုံးသီး ၈၀ ကျော်ကြဲချလို့ အမျိုးသမီး ၃ ဦး ဒဏ်ရာရ

"ဘာတိုက်ပွဲမှ မရှိတော့ အကုန်ရွာထဲအေးအေးချမ်းချမ်းနေနေကြတာ။ ထပ်ဝဲပြီး သေချာကိုကြည့်ပြီး ပစ်ချသွားတာ။ အရိပ်မြင်ရာ အကုန်ပစ်တဲ့သဘောပဲ"

အုပ်ချုပ်ရေးမှူးညီအမ အသတ်ခံရပြီးနောက် မန္တလေးမှာစစ်ဆေးမှုတင်းကျပ်၊ ၅/ မှတ်ပုံတင်ကိုင်ဆောင်သူတွေ ပိုမိုစစ်ဆေးနေဟုဆို

အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ဖြိုးသန္တာအောင်နဲ့ ညီမဖြစ်သူတို့ ဩဂုတ်လ ၆ ရက် ဒီကနေ့မနက် ၇ နာရီခွဲလောက်မှာ အဆိုပါရပ်ကွက်အပိုင် ၈၂ လမ်း ၊ ၁၆ နဲ့ ၁၇ လမ်းကြားမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

စဉ့်ကူးနယ်က ရွာ ၂ ရွာကို ရဟက်ယာဥ်နဲ့ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံး

"စက်သေနတ်တွေနဲ့လည်းပစ်သွားတယ်။ အဲ့ဒါအပြီး ကျောက်မြောင်းတပ်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်"လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စဉ့်ကူးတွင် စစ်တပ်ကလေကြောင်းနဲ့ဗုံးကြဲလို့ ပြည်သူ ၁၃ ဦးသေဆုံးပြီးနောက် ဒေသခံတွေ ဘေးကင်းရာကို ပြောင်းရွှေ့နေရ

" မနေ့က တိုက်ပွဲလည်းမရှိဘဲ လေကြောင်းလာတိုက်သွားတာ။ ရွာကတော့ တော်တော်ထိတယ်။ ဖုန်း၊ အင်တာနက်လိုင်းတွေလည်း အကုန်ပိတ်ထားတုန်းပဲ။ အခုလည်း ထပ်လုပ်ဦးမယ်ဆိုလို့ အကုန်ပြေးနေကြတာ "

တော်လှန်ရေးတပ်ဖွဲ့တွေ မဟန့်တားနိုင်တဲ့ လက်ပံတောင်းတောင်ကြေးနီထုတ်လုပ်မှု (ရုပ်သံဆောင်းပါး)

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို မလည်ပတ်ဖို့ ဒေသခံသပိတ်ကော်မတီနဲ့ ပြည်သူတွေက ဆန္ဒပြတောင်းဆိုတာ၊ ကြေးနီသယ်ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက် ဟန့်တားတာတွေ လုပ်ပေမယ့် အဲဒီကြားထဲကပဲ စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီက ကြေးနီတွေကို ဆက်လက်ထုတ်လုပ်နေတာ ဖြစ်ပါတယ်။

Thai Fight ပြိုင်ပွဲမှာ ဘရော်နီကာ အမှတ်ဖြင့်အနိုင်ရ (အားကစားသတင်း)

ဩဂုတ်လ ၄ ရက် ဒီနေ့ညနေမှာကျင်းပခဲ့တဲ့ Thai Fight မွေထိုင်းပြိုင်ပွဲမှာ ဘရော်နီကာဟာ ပြိုင်ဘက်အာဂျင်တီးနားသူ ဖလော်ရန်စီယာကို အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။

စစ်ဘေးရှောင်မိသားတစ်စုရဲ့ စစ်ရှောင်ဒုက္ခအတွေ့အကြုံများ (ဆောင်းပါး)

အသက်ဘေးကလွတ်ဖို့ ရွာကိုစွန့်ခွာရပြီဖြစ်တဲ့ မမီးငယ်ဟာ အသက် ၆၀ ကျော် မိခင်ကို ဆိုင်ကယ်အနောက်မှာတင်ကာ သူရင်ခွင်နဲ့ ဆိုင်ကယ်လက်ကိုင်ကြားထဲမှာ ငါးနှစ်အရွယ်သမီးငယ်ကို ခွတင်လိုက်ပါတယ်။ တခြားဆိုင်ကယ်တစ်စီးမှာတော့ အသက် ၁၄ နှစ်အရွယ် သူ့သားကြီးက ဆိုင်ကယ်မောင်းပြီး ၁၀ နှစ်အရွယ် သူ့သားငယ်က နောက်ကထိုင်ကာ ဗုံးသံ၊ သေနတ်သံတွေ ဟိန်းဟိန်းညံနေတဲ့ သူတို့ရွာကို တခြားသူတွေနည်းတူ စွန့်ခွာခဲ့ကြပါတော့တယ်။

ရမခ သိမ်းပိုက်နိုင်မှု ကရင်နီ၊ ကရင်နဲ့ ချင်း ERO တွေ ဂုဏ်ပြု

“လားရှိုးမြို့တွင် အခိုင်အမာတပ်တည်ဆောက်ထားသည့် အာဏာသိမ်းစစ်တပ်၏ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) ကို ၂၀၂၄ ၊ ဩဂုတ်လ ၃ ရက်နေ့တွင် အောင်မြင်စွာဖြင့် သိမ်းပိုက်လိုက်သည့်အတွက် ညီနောင်တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော KNPP, KNU နှင့် CNF တို့က လွန်စွာအားရနှစ်သက်ပြီး ဝမ်းသာဂုဏ်ယူပါကြောင်း သိစေအပ်ပါသည်”

ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ကို ပြည်ထဲရေးဒုဝန်ကြီးနဲ့ရဲချုပ်ရာထူးမှ ဖြုတ်ချ၊ ဒုရဲချုပ် ၁ ရဲဗိုလ်ချုပ် ဝင်းဇော်မိုး ကို ရဲချုပ်အဖြစ် ခန့်အပ်

“ ရဲချုပ်ရာထူးက ဒုဝန်ကြီးတွဲကိုင်တာဆိုပေမယ့် ခုသတင်းထွက်နေတာ ဒုချုပ်(ရဲဒုချုပ်) ၁ ရဲချုပ် ဖြစ်မယ်လို့ ထွက်နေတာ။ ဒုဝန်ကြီးအတွက်က တပ်ကတယောက်လာမယ်လို့လည်း ကြားတယ်။ ဘယ်သူတွေရောက်မလဲတော့ ဒီနေ့မှ အမိန့်ထွက်မှာ”

အောင်ပွဲရ MDYPDF ရဲဘော်များကို စဉ့်ကူးပြည်သူများမှ ကြိုဆို (Photo News)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို သိမ်းပိုက်ပြီးနောက် စဉ့်ကူးပြည်သူများမှ အောင်ပွဲရတော်လှန်ရေးရဲဘော်များအား ကြိုဆိုဂုဏ်ပြုနေသည့် မြင်ကွင်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDYPDF က ယမန်နေ့ ဩဂုတ် ၃ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။

အာဂျင်တီးနားပြိုင်ဘက်နဲ့ ထိုးသတ်သွားမယ့် ဘရော်နီကာ (အားကစားသတင်း)

ဘရော်နီကာနဲ့ ဖလော်ရန်စီယာတို့ ပါဝင်ထိုးသတ်သွားမယ့် မွေထိုင်းပြိုင်ပွဲကို ယနေ့ ဩဂုတ် ၄ ရက် မြန်မာစံတော်ချိန် ညနေ ၅း၃၀ မှာကျင်းပသွားမှာဖြစ်ပြီး THAI FIGHT OFFICIAL Youtube Channel မှာ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10