MLAT

ကလေးမြို့က တော်လှန် ကဆုန်ညောင်ရေသွန်းပွဲ (Photo News)

“ရဲဘော်တွေနဲ့ ကျေးလက်‌နေပြည်သူတွေ ပူးပေါင်းပြီး ကဆုန်လပြည့်နေ့မှာ တော်လှန် ညောင်ရေသွန်းပွဲဆိုပြီးမှ ပြုလုပ်ခဲ့ကြတာပါ”

မြေလတ်ပေးစာ (Podcast)

- ပဲခူးမြို့က နယ်ထိန်းရန်နိုင်အောင် ပြည်သူတွေကို ဘယ်လိုပြုမူနေသလဲ။ - ပဲစဉ်းငုံတွေ မတရားသိမ်းဆည်းခံထားရလို့ သက်ဆိုင်ရာကဖြေရှင်းပေစေချင်သူတဦး။ - အောင်လံ၊ ကျားမွေးရွာက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ပျူခေါင်းဆောင်တွေရဲ့လုပ်ပုံကိုင်ပုံတွေ ကိုရေးသားထားတဲ့စာ။

Campaign ရရှိငွေနဲ့ တော်ဝင်ဒေါင်းရဲဘော်တွေကို စစ်ဝတ်တန်ဆာတွေထောက်ပံ့

အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်း အမှတ် ၁ စစ်ဒေသနယ်မြေ၊ စစ်တောင်းမြစ်ဝှမ်းနဲ့ ပဲခူးရိုးမအကြားလှုပ်ရှားနေတဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းက စစ်ဝတ်တန်ဆာတွေ လက်ခံရရှိခဲ့တယ်လို့ ဒီကနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပုသိမ်-မုံရွာလမ်းပိုင်းမှာ အထက်မင်းလှပကဖ က စစ်တပ်ထုတ်ကုန်တွေစစ်ဆေးမှုပြုလုပ်ရင်း ပြည်သူနဲ့တွေ့ဆုံမိတ်ဆက်

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်း ပုသိမ်-မုံရွာလမ်းပိုင်းမှာ သွားလာနေတဲ့ ခရီးသွားပြည်သူတွေကိုတွေ့ဆုံပြီး မိတ်ဆက်စကားပြောတာနဲ့ ပညာပေးဟောပြောတာတွေ လုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဘဘတို့ခေတ်ရဲ့ Miss ပြိုင်ပွဲ (သရော်စာ)

ညာဆိုပြီးလည်း ခပ်တည်တည်နဲ့ ရောညှပ်လို့ ရအောင်ရယ်၊ ခေါင်းစဉ်လေးကို သဘာဝလည်း ဆန်ရမယ်၊ ပြည်သူကို ပေးချင်တဲ့ စေတနာ၊ အကြင်နာတွေလည်းရောင်ပြန်ဟပ်ရမယ်။ ပါဠိဆန်ဆန်လေးဖြစ်အောင် ပေးကြစို့ ဆိုပြိး ဝိုင်းကြပ်ပေးတာနဲ့ လှလှလေး ရွေးချယ်ထားကြတာပါတဲ့... Title လေးကိုက ဘာတဲ့ “Miss နာနာဘာဝ” တဲ့ဗျ...

သွေးစွန်းခဲ့သည့် မေလနှင့် ကာကွယ်ရေးဝန်ကြီး၏ ကတိစကား (အယ်ဒီတာ့အာဘော်)

အညာဒေသရှိပြည်သူများ၏ အသက်အိုးအိမ်များ ထပ်မံမဆုံးရှုံးရစေရန် တော်လှန်ရေးဦးဆာင်အဖွဲ့များက အညာတော်လှန်ရေးအင်အားစုများ၏ လိုအပ်နေသည့်အကူအညီများ အမြန်ဆုံးပေးနိုင်ရန် ကျွန်ုပ်တို့မြေလတ်အသံသတင်းဌာက အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

စစ်ဗိုလ်ကြီး အိပ်မက် (ရုပ်သံဆောင်းပါး)

ဟိတ်ကောင်ရေ ငါဆယ်တန်း အောင်တော့ တရွာလုံးက ဝိုင်းတိုက်တွန်းကြတာ စစ်ထဲဝင်တဲ့ တရွာလုံးထက် ပညာတတ်ပါတယ်ဆိုတဲ့ ရွာဦးကျောင်း ဆရာတော် ငါ့ဦးရီးတော်ကလည်း စစ်ထဲဝင်ခိုင်းတာပဲ။ စစ်ဗိုလ်ကြီး ဖြစ်ကိုဖြစ်ရမယ် ငါတူ ငါ့တပည့်ရ တဲ့ ....

ဘဘတို့ခေတ်ရဲ့ Miss ပြိုင်ပွဲ (သရော်စာ)

ဆောင်းပါးရှင် မြေလတ်အမတ်ကြီးရဲ့ သရော်စာအစီအစဉ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ "ဘဘတို့ခေတ်ရဲ့ Miss ပြိုင်ပွဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ နားဆင်နိုင်ပါပြီ။

CDM တပ်ကြပ်ကြီး/စာရေး ပြောပြတဲ့ နေပြည်တော် စစ်ရုံးအကြောင်း (အင်တာဗျူး)

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ပြီး စစ်ဘက်အရာရှိကြီးတွေ ရုံးထိုင်ကွပ်ကဲတဲ့နေရာမှာ ၃ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သူ CDM တပ်ကြပ်ကြီး ကြုံတွေ့ခဲ့ရတဲ့ စစ်ရုံးအတွင်း အခြေအနေတချို့ကို မြေလတ်အသံက မေးမြန်းထားပါတယ်။

တပတ်တွင်း မြေလတ်သတင်း

- ဆောနယ်ဘုန်းကြီးကျောင်းမှာ ဒေသဖွံ့ဖြိုးရေးအစည်းဝေးလုပ်ချိန် လေယာဥ်နဲ့ ဗုံးကြဲလို့ ပြည်သူ ၁၆ ဦးသေဆုံး၊ ၃၄ ဦးဒဏ်ရာရ - ကိုဝေမိုးနိုင်ကို နောက်ဆုံးကျန်ရှိတဲ့အမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ထပ်မံချမှတ်၊ စုစုပေါင်း ၇၄ နှစ်ချမှတ်ခံထားရ - ဆောနယ်ကို လေယာဉ်နဲ့ဗုံးထပ်ကြဲ၊ လသားကလေးငယ်အပါအဝင် ၇ ဦးသေဆုံး - ပဲခူးအနောက်ခြမ်းမှာ ပြည်သူ့စစ်အဖြစ် အဓမ္မစုဆောင်းခံရသူတွေကို စစ်သင်တန်းတက်ဖို့ ရှမ်းပြည်ကိုပို့ - လေကြောင်းအန္တရာယ်ကြောင့် မြိုင်ကပြည်သူ့အခြေပြုစာသင်ကျောင်းတွေနဲ့ ပညာရေးလုပ်ငန်းစဉ်အားလုံး ယာယီရပ်နား - ဒိုက်ဦးထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်/ကျဉ်း ၁ ဦး ထပ်မံသေဆုံး၊ ၃ လအတွင်း သေဆုံးသူ ၃ ဦးထိရှိလာ - ရာသီဥတု ပူပြင်းတာကြောင့် မော်လူးမှာ ပဲစိုက်တောင်သူတွေ အရှုံးပေါ် - ပုလဲနဲ့ဂန့်ဂေါက စစ်‌ရှောင်စခန်း‌တွေမှာ သောက်သုံးရေ ခက်ခဲနေ

ကွယ်လွန်သူ KIA စစ်ဦးစီးချုပ်အတွက် အလေးပြုအခမ်းအနား မန္တလေး PDF ပြုလုပ်

KIO/KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်းအား လွမ်းဆွတ်တမ်းတသောအားဖြင့် တမိနစ် ငြိမ်သက်အလေးပြုအခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ပြုလုပ်ခဲ့ပါတယ်။

“သွေးအန်၊ သွေးလျှံခြင်းတို့အတွက် မာလကာ” (Podcast)

မာလကာရွက်သတ္ထုရေဟာ ဘယ်ရောဂါတွေကိုသက်သာစေသလဲ။ အူတွင်းအန္တရာယ်ရှိပိုးမွှားတွေကို မာလကာက ဘယ်လိုရှင်းလင်းပေးနိုင်သလဲ။ သွားကိုက်၊ သွားနာရောဂါတွေအတွက် မာလကာရွက်အရေဟာ ဘယ်လိုအသုံးဝင်သလဲ။ ဦးရေပြားကျန်းမာရေးအတွက် မာလကာပင်က ဘယ်အစိတ်အပိုင်းကိုအသုံးပြုနိုင်သလဲ စတာတွေကို နားဆင်ရမှာပါ။

မြေလတ်ပေးစာ (Podcast)

- ရွှေဘိုမြို့နယ်မှာ ပကဖ၊ ပအဖအချို့ ဘာတွေလုပ်နေသလဲ။ - ပဒါန်းမှာ ကားသမားတွေကို ရိက္ခာပို့ဖို့မဲနှိုက်ခိုင်းနေ။ - မင်းဘူးမှာ စစ်သားတွေက ဘယ်လိုကားတွေနဲ့ စစ်ဆေးရေးလုပ်နေသလဲ။

ခြင်းကြားပေါက်မှ ပြုတ်ကျကျန်ခဲ့သော ဆောင်ပုဒ်များ (သရော်စာ)

ဖြစ်နေတဲ့ အခြေနေတွေက ရှေ့တန်းစခန်းလောက်ကျရုံမဟုတ်ဘူး နောက်တန်း မိန်းမတန်းလျားအထိပါ အကြိတ်ခံ အသိမ်းခံ နေရတဲ့ အချိန်မို့ အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ ဆိုတဲ့ နေရာမှာ တစ်ချက်ကလေးပဲ သေနတ်သံပေး "စခန်းကို စွန့် ထွက်ပြေးတာ တို့တပ်မတော်ပါ" ဆိုတဲ့ အခြေနေပါဗျို့ ။ သတ္တိခဲတွေရဲ့ (တောင်းပန်ပါတယ် တောင်းပန်ပါတယ် ) ပါ။ ဒီလိုနဲ့ “ ရဲဘော်မသေ သေသော်ငရဲမလား “ ပြောရင်း ဟောတစ်ယောက် ကားကနဲ ကျသွားလိုက်။ ဟော ဆယ်ယောက် ကားကနဲကျသွားလိုက်။ ဟော တတပ်လုံး ပျောက်သွားလိုက်နဲ့ ငရဲကြီးရှစ်ထပ်က စာရေးမတွေဆို အွန်ဂျူတီအပြင် အိုဗာဒိုင်ဆင်းရင်နဲ့ လက်ကိုမလည်တော့ပါဘူး။ ငရဲကလည်း မလားလို့ကို မရပါဘူးဗျို့ ။

ဖမ်းဆီးစစ်ဆေးခံရကြောင်းသတင်းထွက်ပြီး လူမြင်ကွင်းကပျောက်နေတဲ့ ဒုဗိုလ်ချုပ်ကြီး ညိုစော စစ်ခေါင်းဆောင်နဲ့အတူ ပြန်တွေ့ရ (ရုပ်/သံ)

မေ ၁၁ ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ၎င်းရဲ့လက်အောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေကို သွားရောက်တွေ့ဆုံကြောင်း စစ်တပ်သတင်းရုပ်သံမှာ ဒုဗိုလ်ချုပ်ကြီး ညိုစော ကို စစ်ခေါင်းဆောင်နဲ့အတူ တွေ့မြင်ရတာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10