MLAT

နေရပ်မပြန်နိုင်သေးသည့် စစ်ကိုင်းတိုင်းမှ စစ်ရှောင်များ (Photo News)

စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲများ၊ စစ်ကောင်စီ တပ်သားများ၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုများကြောင့် သိန်းနှင့်ချီသည့် ဒေသခံများမှာ ၎င်းတို့ပိုင်ဆိုင်သည့် အိုးအိမ်၊ လယ်ယာများကို စွန့်လွှတ်ကာ ဘေးကင်းလုံခြုံမည့်ဒေသသို့ တိမ်းရှောင်နေထိုင်နေရခြင်းဖြစ်သည်။

BNRAရဲ့ အပတ်စဉ် ၁ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲ ပြုလုပ်

အဲ့ဒီအခမ်းအနားကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်နဂါး တက်ရောက်မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်ကို ချီးကျူးခဲ့တဲ့ သီတဂူဆရာတော်က ဆရာတော်ကြီးပျံလွန်တော်မှုရခြင်းအပေါ် သည်းခံ၊ မေ့ပျောက်ကြဖို့ မိန့်ကြား

“ ၁ သည်းခံခြင်း၊ ၂ ခွင့်လွှတ်ခြင်း၊ ၃ မေ့ပျောက်ခြင်းရယ် အဲ့ဒီတရားသုံးပါးဟာ ယူနိုက်တက်ရယ်၊ ယူနီယံရဲ့ အခြေခံဖောင်ဒေးရှင်းဖြစ်ပါတယ်။ ဘုရားတပည့်တော်တို့ရဲ့ ဗုဒ္ဓသာသာနာတော်ကြီးကို ဒီသုံးပါးအခြေခံပြီး တည်ဆောက်ရမှာဖြစ်တော့ အားလုံးသောသံဃာတော်များ၊ ခွင့်လွှတ်တော်မူကြပါ၊ မေ့ပျောက်အောင် ကြိုးစားတော်မူကြပါ၊ သည်းခံတော်မူကြပါ၊ စိတ်ဆိုးမှုတွေကို ထိန်းသိမ်းတော်မူကြပါ”

ဝင်းနိမ္မိတာရုံကျောင်းဆရာတော်ကြီး ပစ်ခံရမှု စစ်တပ်အမှားမဟုတ်ဆိုတဲ့သဘော ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ကံမရွာဘက်ကနေ မောင်းနှင်လာတဲ့ အရပ်နံပါတ်လိုင်စင်တပ် Surf အမျိုးအစားယာဉ်တစီးနဲ့ တွေ့ဆုံခဲ့ရာမှာ ယာဉ်ကိုရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ အော်ဟစ်တားဆီးတာ၊ လက်ပြတားဆီးတာလုပ်ခဲ့ကြောင်း၊ သေနတ်ကို မိုးပေါ်ထောင်ပစ်ခတ်တားဆီးခဲ့သော်လည်း ကားက ကျော်တက်မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေ ပစ်ခတ်တားဆီးခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာဖြစ်ပါတယ်။

လွတ်လပ်မှု၊ လုံခြုံမှုများ ဆိုးရွားစွာ ဆိတ်သုဉ်းလာသည့် မြန်မာပြည် (အယ်ဒီတာ့ အာဘော်)

မြန်မာနိုင်ငံတွင် နေထိုင်ကြသည့် ပြည်သူများ၏ ဘဝမလုံခြုံမှုသည် နေ့စဉ်နှင့်အမျှ ပိုမိုဆိုးရွားလာသည်။ ဖေ့ဘွတ်အသုံးပြုမှုကို ထိန်းချုပ်လာခြင်းကြောင့် ပြည်သူများအချက်အလက်ရရှိမှုနှင့် သတင်းလွတ်လပ်ခွင့်သည် ရှေ့လျှောက် ပိုမိုဆိုးရွားမည့်အလားအလာများ မြင်တွေ့နေရသည်။ စစ်ကောင်စီသည် ပြည်သူများအပေါ် မတရားမှုများ ဆိုးဆိုးရွားရွား ဆက်လက်ကျူးလွန်တော့မည်မှာ မလွဲဧကန် ဖြစ်သည်။

တပတ်အတွင်း မြေလတ်သတင်း

- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို စစ်ကိုင်း၊ ပဲခူးနဲ့မကွေးတိုင်းတို့ကကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူတွေက ကျင်းပ - မဟနအဖွဲ့ဝင် ပဲခူး၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် လိုက်ပါလာတဲ့ကားကို စစ်တပ်ကပစ်လို့ ဆရာတော် ပျံလွန်တော်မူ - မင်းတုန်းနယ်က အများပြည်သူသုံးတဲ့လမ်းတွေမှာ စစ်ကောင်စီက မိုင်းတွေထောင် - စစ်ကိုင်းတိုင်း၊ ကျွန်းလှနဲ့ ဘုတလင်မြို့တွေမှာ စစ်တပ်ကလေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်၊ ဒေသခံတွေ ထိခိုက်သေဆုံးမှုရှိ - အခုနှစ်အတွင်း စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် ပြည်သူ ၃၇၀ ခန့်သေဆုံး - ဒိုက်ဦးထောင်မှာ နိုင်ကျဥ်းအမျိုးသမီး ၈၀ ကျော်ရိုက်နှက်ခံရပြီး ၅ ဦးဒဏ်ရာပြင်းထန်ရ - နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင် ၇၀၀၀ ကျော်အတွက် မြေနေရာအရေးပေါ်လိုအပ်နေ - ဗုံးထိမှန်ပျက်စီးခဲ့တဲ့ ကြားကာလစာသင်ကျောင်း ပြန်လည်ပြုပြင်ဖို့ အကူညီလိုအပ်နေ

ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့ကြောင်း အတူပါဆရာတော်က လူသိရှင်ကြား မိန့်ဆို (ရုပ်/သံ)

ပစ်ခတ်မှု ဖြစ်စဉ်အစအဆုံးနဲ့ နောက်ပိုင်း စစ်ဆေးခံရတာတွေကအစ အပြည့်အစုံကို မိန့်ကြားခဲ့တာဖြစ်ပြီး အဲဒီမိန့်ကြားမှု ကို Live လွှင့်ထားတဲ့ ရုပ်သံဖိုင်ဟာ ယနေ့မှာပဲ လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။

“မျက်စိကျန်းမာရေးကို အကျိုးပြုတဲ့ သီဟိုဠ်သရက်ပင်” (Podcast)

အာရုံကြောရောဂါတွေကို သီဟိုဠ်စေ့က ဘယ်လိုကာကွယ်နိုင်သလဲ။ သီဟိုဠ်စေ့မှာ ဘယ်လို အာနိသင်တွေပါဝင်ပါသလဲ။သီဟိုဠ်ရွက်ဟာ ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုပါသလဲ။ သီဟိုဠ်စေ့ရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲစတာတွေကို နားဆင်ရမှာပါ။

ရှေ့တန်းတနေရာမှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ (ရုပ်/သံ)

အခမ်းအနားမှာ "ခွန်းအားဖြည့်မိငယ်"သီချင်းကိုသီဆိုတာ၊ ကဗျာရွတ်ဆိုတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖမ်းဆီးခံ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းခဲ့ကြတာအပြင် မြန်မာပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ရမယ်လို့လည်း ကြွေးကြော်ခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးမှာ ပန်းပန်တဲ့အမျိုးသမီး တဒါဇင်လောက်ကို စစ်တပ်က ဖမ်းဆီး

"အရပ်ဝတ်တွေ ချထားတာ။ အဲဒီလူတွေက သတင်းပေးပုံပဲ။ ဆိုင်ထဲအထိ ဝင်ဖမ်းတာ"

စစ်ဘေးသင့်စာသင်ကျောင်းမှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်

ဒီပွဲကို S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ ကဦးစီးကျင်းပခဲ့တာဖြစ်ပြီး ဒေသခံပြည်သူအချို့နဲ့ ကျောင်းသား၊ကျောင်းသူတွေကလည်း အင်္ကျီအဖြူဝတ်ဆင်ပြီး နှင်းဆီးပန်းတွေ ကိုင်ဆောင်ကာ အထိမ်းအမှတ်အဖြစ် မွေးနေ့ကိတ်ခွဲခဲ့ကြတယ်လို့ သိရပါတယ်။

မြေလတ်ပေးစာ (Podcast)

- ပိုက်ဆံကောက်တာမပေးရင် အိမ်မီးရှို့မယ်လို့ ကျေးရွာအုပ်ကြီးက ခြိမ်းခြောက်တဲ့စာ။ - ပြည်ပအလုပ်အကိုင်အတွက် လူလိမ်အေ့ဂျင့်တွေကို သတိထားကြဖို့ ပေးပို့လာတဲ့စာ။ - အုတ်ဖိုမြို့၊ မန်ကျီးစုမှာ စစ်မှုထမ်းအကြောင်းပြပြီး ၁၅ ရက်တခါလောက် ပိုက်ဆံကောက်နေ။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မတိုင်ခင် မန္တလေးမှာ စစ်တပ်က လုံခြုံရေးတင်းကျပ်

ဇွန် ၁၉ ရက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်ပြီး မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဖောက်ခွဲမှုတွေပြုလုပ်မှာကို စိုးရိမ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူ့စစ်နဲ့ ပူးပေါင်းပြီး နေရာစုံကို ကင်းပုံးတွေလည်းချထားသလို မန္တလေးမြို့ပေါ်က နေရာတွေကို စစ်တပ်က တင်းကျပ်စွာပိတ်ဆို့ စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို သပိတ်လှုပ်ရှားမှု ကလေးမြို့မှာ ပြုလုပ် (Photo News)

စစ်ကိုင်းတိုင်း၊ ကလေးမြို့တနေရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အကြို ပန်းသပိတ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တွေဆီက သိရပါတယ်။

စဉ့်ကူးနယ်မှာ စစ်တပ်က နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာကြောင့် ဒေသခံတချို့ နေရပ်မပြန်နိုင်သေး (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ တရော်ပင်ကျေးရွာကို စစ်တပ်က မီးရှို့ခဲ့ပြီးနောက် ထပ်မံဝင်ရောက်ဖို့ကြိုးစား နေတာကြောင့် ဒေသခံတွေဟာ ၃ ရက်ကြာတဲ့အထိ ရွာထဲပြန်မဝင်ရသေးဘဲ တိမ်းရှောင်နေရတယ်လို့ စဉ့်ကူးမြို့နယ်ပကဖထံက နေသိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10