MLAT

ဘာဖြစ်ဖြစ် သန့်ဇင် နဲ့ မျှော်လင့်မိတဲ့ စိုးလင်းဦး (အားကစားသတင်း)  ■ One Friday Fights 81

မြန်မာဖိုက်တာ စိုးလင်းဦးနဲ့ သန့်ဇင်တို့ပါဝင်ထိုးသတ်မယ့် One Friday Fights 81 ပွဲစဉ်တွေကို စက်တင်ဘာ ၂၇ သောကြာနေ့ ယနေ့ည မြန်မာစံတော်ချိန် ၇ နာရီမှာ စတင်သွားမှာဖြစ်ပါတယ်။

လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ကာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ PDF အပါ လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီဖိတ်ခေါ်

နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ ဆုံးရှုံးနစ်နာမှုတွေက်ို ထောက်ရှုပြီးတော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေ၊ PDF အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်လမ်းစဥ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတွေနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ကမ်းလှမ်း ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။

တလအကြာ မန္တလေးကထွက်သွားတဲ့ စစ်သင်္ဘောတွေ လမ်းမှာအကြိမ်ကြိမ်တိုက်ခိုက်ခံရ ■ စစ်သင်္ဘောတွေ ဒီနေ့ဝင်လာနိုင်ပြီး မန္တလေးဂေါဝိန်ဆိပ်အနီး အစစ်ဆေးတင်းကျပ်

သြဂုတ်လကတည်းက စစ်သားတွေအပြည့်တင်ပြီး မန္တလေးကထွက်သွားတဲ့ စစ်သင်္ဘောတွေ စက်တင်ဘာ ၂၆ ရက် ဒီကနေ့မှာ မန္တလေးကို ပြန်ရောက်လာနိုင်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“အမေက လာဖမ်းတဲ့သူကို ခြေသလုံးဖက် တောင်းပန်တာကိုမှ ရဲတယောက်က ခြေထောက်နဲ့ ဆောင့်ကန်ခဲ့တာ” PDF ထံ အလင်းဝင်လာတဲ့ စစ်မှုထမ်းဖို့ အတင်းအဓမ္မစုဆောင်းခံရသူ တပ်သားသစ်နှစ်ဦးရဲ့ အင်တာဗျူး

ကိုချမ်း နဲ့ ကိုဖိုးသားတို့ စစ်တပ်ရဲ့ အတင်းအဓမ္မဖမ်းဆီးခံခဲ့ရပုံ၊ စုဆောင်းရေး၊ စစ်သင်တန်းတက်ရောက်စဉ် ကာလတလျှောက် ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေအပေါ် မြေလတ်အသံသတင်းဌာနမှ ဆက်သွယ်မေးမြန်းထားတာကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။

“မှတ်ဉာဏ်လုပ်ဆောင်ချက်ကောင်းမွန်စေတဲ့ ခရမ်း” (Podcast)

ခရမ်းပင်ရဲ့ ဘယ်အစိတ်အပိုင်းတွေက ကျန်းမာရေးအတွက်အသုံးဝင်သလဲ။ သွေးတွင်းမကောင်းတဲ့အဆီလျှော့ချနိုင်ဖို့ ခရမ်းသီးကို ဘယ်လိုအသုံးပြုနိုင်သလဲ။ ခရမ်းသီးဟာ ဆီးချိုရောဂါဝေဒနာရှင်တွေအတွက် ဘယ်လိုအထောက်အကူပြုပါသလဲ။ ခရမ်းရွက်သတ္တုရေကို ဘယ်လိုရောဂါတွေအတွက်အသုံးပြုလို့ရသလဲစတာတွေကို နားဆင်ရမှာပါ။

တော်လှန်ရေးတပ်ဖွဲ့များနှင့် NUG ဖြေရမည့် အရေးကြီးပုစ္ဆာတခု (အယ်ဒီတာ့ အာဘော်)

စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်လိုက်ရသည့်မြို့များ၊ အုပ်ချုပ်ခွင့်မရသော ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွင်ပါ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းများ ခပ်စိပ်စိပ်မြင်တွေ့လာရသည်။

မြေလတ်ပေးစာ (Podcast)

- စစ်မှုထမ်းဥပဒေကို ပြည်သူတွေတုံ့ပြန်ဖို့လို့ပြီလို့ တိုက်တွန်းထားတဲ့စာ။ - ကဝမြို့၊ ဝဲပတန်ရွာက အုပ်ကြီးနဲ့အပေါင်းအပါတွေ ပြည်သူတွေကို ဘာတွေလုပ်နေလဲ။ - အုတ်ဖိုမြို့၊ ညောင်ပင်အိုင်ရွာမှာ ယောကျ်ားလေးတွေရှောင်နေကြရ။

မန္တလေးမှာ အဆောက်အဦဟောင်းတခုပြိုကျလို့ အမျိုးသမီး ၁ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

" ဒီအဆောက်အဦက အရင်ဦးကျားကြီး(မန္တလေးဦးကျားကြီး)တို့ခေတ်ထဲက အဆောက်အဦလို့ပြောတယ်။ အရင်ဆယ်စုနှစ်ကျော်က မန္တလေးမီးအကြီးအကျယ်လောင်ခဲ့တုန်းကလည်း မီးလောင်ထားတဲ့ အဆောက်အဦတဲ့။ အဲဒီအဆောက်အဦပြိုကျတာ"လို့ ရပ်ကွက်နေပြည်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

မန်စီးတီးနဲ့အာဆင်နယ် ထိပ်တိုက်တွေ့ဆုံမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ (အားကစားသတင်း)

ရာသီသစ်အစ အစောပိုင်းသာ ရှိနေသေးပေမယ့် အရင်နှစ်တွေကတည်းက ချန်ပီယံဖြစ်ဖို့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတဲ့ နှစ်သင်းအတွက် ဒီပွဲရဲ့ အနိုင်အရှုံးရလဒ်ကလည်း ချန်ပီယံပြေးလမ်းအတွက် များစွာအကျိုးသက်ရောက်မှု ရှိစေမှာဖြစ်လို့ မန်စီးတီးနဲ့ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ယှဉ်ပြိုင်မှုကို စောင့်မျှော်ကြည့်ရှုကြရအောင်ပါ။

One Friday Fights 80 မှာ သွေးသစ်ဝင်းလှိုင် ထပ်မံရှုံးနိမ့် (အားကစားသတင်း)

စက်တင်ဘာ ၂၀ ရက် ဒီနေ့ညမှာထိုးသတ်ခဲ့တဲ့ One Friday Fights 80 မှာ သွေးသစ်ဝင်းလှိုင်က ပြိုင်ဘက် ဥဇဘက်ကစ္စတန်ကစားသမား ခါခိုရော့ဗ်ကို အမှတ်အဆုံးအဖြတ်နဲ့ရှုံးနိမ့်သွားခဲ့ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- တပ်ကုန်းနဲ့ အုတ်တွင်းမြို့နယ်တို့က ရေဘေးသင့်ပြည်သူအချို့ အစာအဆိပ်သင့်ခဲ့ - PDF အယောင်ဆောင်ပြီး မန္တလေးကလုပ်ငန်းရှင်တွေကို ခြိမ်းခြောက်ငွေတောင်းမှုတွေ ရှိနေ - စစ်တပ်ကသွားလာရေးကန့်သတ်ထားလို့ ရေဘေးသင့်ကျေးရွာ ၁၀၀ ကျော်မှာ လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေမရ - ရေဘေးအလှူကရတဲ့ ခေတ်မီအဝတ်အထည်တချို့ ဒေသခံအမျိုးသမီးများမဝတ်ရဲကြ၊ ဒေသနဲ့ကိုက်ညီတဲ့ အဝတ်များလိုအပ် - အင်းတော်မှာ စစ်တပ်ပိတ်ဆို့ထားတဲ့ ပြည်သူ ၁၀၀၀ ဝန်းကျင်အနက် ၃၀၀ ကျော်လွတ်မြောက်လာပြီး သေဆုံးသူ ၄ ဦးအထိရှိ - မီးကြိုးပြင်ဖို့ လုံခြုံရေးလာပေးတဲ့ စစ်သားတွေ မိုင်းဆွဲခံရလို့ သေဆုံးမှုရှိဟုဆို - ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နဲ့ဖြူးမြို့နယ်က ရေဘေးသင့်ပြည်သူတွေ အကူအညီလိုအပ်နေ - အရက်ဆိုင်ဖောက်ပြီး အရက်သောက်နေတဲ့ ရဲနဲ့ ပျူစောထီး တိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသူတွေရှိ - ၃ ထပ်တိုက်ပေါ် တပ်စွဲနေတဲ့စစ်အုပ်စု လက်နက်ကြီးနဲ့ပစ်ခံရပြီး ၂ ဦးဒဏ်ရာပြင်းထန်

သွေးသစ်ဝင်းလှိုင်ပါဝင်ထိုးသတ်မယ့် ONE Friday Fights 80 (အားကစားသတင်း)

မြန်မာပြည်ရဲ့ထိပ်တန်းလက်ဝှေ့ကျော်တယောက်ဖြစ်တဲ့ သွေးသစ်ဝင်းလှိုင်ဟာ စက်တင်ဘာ ၂၀ ရက် ယနေ့ညနေပိုင်းမှာကျင်းပမယ့် One Friday Fights 80 မှာ ပါဝင်သွားမှာဖြစ်ပြီး ပြိုင်ဘက် ဥဇဘက်ကစ္စတန်ကစားသမား မာလွန်ခါခိုရော့ဗ်နဲ့ မွေထိုင်း(ဖယ်သာဝိတ်တန်း)မှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။

“ကြို့ထိုးခြင်း ပြဿနာ” (Podcast)

ကြို့ထိုးခြင်းဟာ ဘာကြောင့်ဖြစ်တာလဲ။ ကြို့ထိုးခြင်း ဘယ်နှစ်မျိုးရှိပါသလဲ။ ကြို့ထိုးခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်နေထိုင်နိုင်သလဲ။ ကြို့ထိုးခြင်းကို သက်သာစေတဲ့ ဆေးဝါးဓာတ်စာရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

ချန်ပီယံလိဂ်မှာ ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ဘိုင်ယန် (အားကစားသတင်း)

ယနေ့ မနက်အစောပိုင်း မနက် ၁ နာရီ ၃၀ မှာ ယှဉ်ပြိုင်ခဲ့တဲ့ ဘိုင်ယန်နဲ့ ဒိုင်နမိုဇာဂရက်ဇ်ပွဲစဉ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ပင်နယ်တီ ဟက်ထရစ်အပါအဝင် သွင်းဂိုး ၄ ဂိုးနဲ့အတူ ဘိုင်ယန်မြူးနစ်က ၉ ဂိုး ၂ ဂိုးရလဒ်နဲ့ အိမ်ကွင်းဂိုးပြတ်နိုင်ပွဲတခုကို ဖော်ဆောင်နိုင်ခဲ့တာပါ။

မြေလတ်ပေးစာ (Podcast)

- ပဲခူးတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက် ပေးတဲ့စာ။ - နတ်တလင်းက ပျူစောထီးတွေ ဒမငယ်မှာ ပြည်သူပိုင်လယ်မြေတွေကို သိမ်းထားတဲ့စာ။ - မကွေးမြို့နယ် ကမ်းရင်ရွာမှာ အစည်းအဝေးခေါ်ပြီးမှ စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းတဲ့စာ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10