MLAT

ဒေါက်တာဇော်မြင့်မောင် နာရေးကို ပြည်သူသောင်းနဲ့ချီလိုက်ပါပို့ဆောင်နေပြီး လမ်းတလျှောက်မှာလည်း ပြည်သူအများအပြား အလေးထွက်ပြု ■နာရေးကို စစ်တပ်က လုံခြုံရေးအထူးတင်းကျပ်ထား(ရုပ်/သံ)

" ဒါကပြည်သူ့အင်အားဆိုတာကို ပြလိုက်တာပဲ။လိုက်ပို့တဲ့ပြည်သူတွေများလွန်းလို့ တမြို့လုံးက လုံခြုံရေးအင်အား နာရေးကိုပို့ထားရတယ်။ အခုတာဝန်ထမ်းဆောင်နေတဲ့ ဘယ်ဝန်ကြီးလမ်းကြောင်းက ဒီလောက်လုံခြုံရေးလိုမလဲ။ လမ်းတလျှောက်လုံးထွက်အလေးပြုတဲ့ ပြည်သူတွေလည်းအပြည့်ပဲ "

ဒေါက်တာဇော်မြင့်မောင် နာရေးကို ပြည်သူသောင်းနဲ့ချီလိုက်ပါပို့ဆောင်နေပြီး လမ်းတလျှောက်မှာလည်း ပြည်သူအများအပြား အလေးထွက်ပြု ■နာရေးကို စစ်တပ်က လုံခြုံရေးအထူးတင်းကျပ်ထား

" ဒါကပြည်သူ့အင်အားဆိုတာကို ပြလိုက်တာပဲ။လိုက်ပို့တဲ့ပြည်သူတွေများလွန်းလို့ တမြို့လုံးက လုံခြုံရေးအင်အား နာရေးကိုပို့ထားရတယ်။ အခုတာဝန်ထမ်းဆောင်နေတဲ့ ဘယ်ဝန်ကြီးလမ်းကြောင်းက ဒီလောက်လုံခြုံရေးလိုမလဲ။ လမ်းတလျှောက်လုံးထွက်အလေးပြုတဲ့ ပြည်သူတွေလည်းအပြည့်ပဲ "

လာမယ့်ဒီဇင်ဘာမှာ နောက်တပွဲထိုးသတ်သွားမယ့် ဗန်

ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ဒီနှစ်မကုန်ခင်မှာ နောက်တပွဲထိုးသတ်သွားဖို့ရှိကြောင်း အသိပေးထားတဲ့ ဗန်ကတော့ လာမယ့်ဒီဇင်ဘာလမှာ နောက်ထပ်တပွဲထိုးသတ်သွားတော့မှာ ဖြစ်ပါတယ်။

မန္တလေးမြို့မှာ ခင်ပွန်းက ဇနီးဖြစ်သူကို ဓားနဲ့ထိုးသတ်လို့ ပွဲချင်းပြီးသေဆုံး

"ဓားနဲ့ ၄ ချက်ထိုးသွားတာ။ ဒဏ်ရာနဲ့တင် အမျိုးသမီးက နေရာမှာသေသွားတယ်။ အလောင်းကိုတော့ ရင်ခွဲရုံပို့လိုက်တယ် "

တော်လှန်ရေးနှင့် သစ်တောပြုန်းတီးမှု (ရုပ်သံဆောင်းပါး)

သစ်ပင်တို့သည် လူသားတို့အတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနေသော်ငြားလည်း မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် သစ်တောပြုန်းတီးမှုကို ထိန်းချုပ်နိုင်ခြင်းမရှိပေ။ မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်သည် နိုင်ငံခြားဝင်ငွေ ရရှိစေရန် သစ်ထုတ်လုပ်မှုကို စည်းကမ်းမဲ့စွာ တရားဝင်လုပ်ကိုင်ခဲ့ကြပြီး ပြုန်းတီးသွားသည့် သစ်တောများကို ပြန်လည်စိုက်ပျိုးခြင်း မရှိခဲ့သည့်အတွက် မြန်မာ့သစ်တောအများစုသည် သစ်တောပြုန်းတီးမှုဒဏ်များနှင့် ကြုံတွေ့နေရပါသည်။

နိုင်ပွဲပျောက်နေတဲ့ ယူနိုက်တက် ရုန်းကန်ရဦးမယ့် အဝေးကွင်းပွဲစဉ် (အားကစားသတင်း)

ပြိုင်ပွဲစုံ ၄ ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဒီကနေ့ညမှာလည်း ခြေစွမ်းကောင်းပြသနေတဲ့ အက်စတွန်ဗီလာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- မန္တလေးမြို့နဲ့ မတ္တရာကိုကာကွယ်ဖို့ စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေ - စစ်သား၃၀ကျော်သေဆုံးကာ ၄၀ကျော်အညံ့ခံပြီး လက်နက်၅၀ကျော်ရခဲ့တဲ့ ကူတော်ရွာတိုက်ပွဲ - သင်တန်းဆင်း NLA ရဲဘော် ၇၇ ဦးကို EROsတွေ အကူအညီနဲ့ လက်နက်တပ်ဆင်ပေးနိုင်ခဲ့ - ၅ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်နှိပ်စက်ခဲ့သူလင်မယား ပုဒ်မ ၃ ခုနဲ့အမှုဖွင့်ခံထားရ - ကောလင်း၊ ခင်ဦးနဲ့ ပေါက်နယ်တို့မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ - စစ်ကိုင်းတိုင်းထဲက မြို့နယ် ၅ ခုမှာ မြို့လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိ - မြင်းခြံနယ်ထဲမှာ စစ်အုပ်စုနဲ့ PDF တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၁၈ ဦး သေဆုံးဟုဆို - လုံလောက်တဲ့ဆေးကုသခွင့်မရလို့ မြေလတ်ဒေသက အကျဥ်းသား ၇ ဦးအပါ ၁၂ ဦး သေဆုံး - တိုက်ပွဲအတွင်း ပျူရွာမှာ မနေချင်တော့တဲ့သူတွေအပါအဝင် ပိတ်မိနေတဲ့ ပြည်သူ ၄၆ ဦးကို ကယ်ထုတ်နိုင်ခဲ့

အလိမ်မခံရအောင် Call ခေါ်ပါ (ပြည်သူမှ ပြည်သူသို့ ပေးစာ)

ထောက်ပို့ငွေ ကျပ်သိန်းပေါင်း ‌ရာထောင်ချီ အလိမ်ခံရပုံကို လတ်တလော ဖြစ်ရပ်တချို့က သက်သေပြနေပါတယ်။ လေ့လာကြည့်စေလိုပါတယ်။

“ဆီးချိုထိန်းညှိဖို့ အထောက်အကူပြုတဲ့ ကဒတ်ပင်” (Podcast)

ကဒတ်ဥဟာ အစာခြေစနစ်မှာ ဘယ်လိုအထောက်အကူပြုလဲ။ မီးလောင်ဒဏ်ရာများအတွက် ကဒတ်ဥကို ဘယ်လိုအသုံးပြုရမလဲ။ ကဒတ်ပင်ရဲ့ ဘယ်အစိတ်အပိုင်းတွေက ကျန်းမာရေးအတွက် အသုံးဝင်သလဲ။ ကဒတ်ဥပြုတ်ရေက ဘယ်လိုရောဂါတွေကို ပျောက်ကင်းစေသလဲ။ ကဒတ်ဥမှာ ဘေးထွက်ဆိုးကျိုးရှိပါသလား စတာတွေကို နားဆင်ရမှာပါ။

PDF က မန္တလေးလုပ်ငန်းရှင်တွေကို ဆက်ကြေးပေးဖို့ ခြိမ်းခြောက်စာတွေပို့နေတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

မန္တလေး PDF က မန္တလေးက လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ၊ အသင်းအဖွဲ့တွေကို ဆက်ကြေးပေးဖို့နဲ့ တောင်းတဲ့အတိုင်းမပေးရင် အသက်ကိုရန်ရှာလုပ်ကြံမှာဖြစ်ကြောင်း viber ကနေတဆင့် ခြိမ်းခြောက်စာပို့နေတယ်ဆိုတဲ့ သတင်းအမှားပျံ့နှံ့ခဲ့ပါတယ်။

မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့ပစ်ခံရပြီးတဲ့နောက် စစ်တပ်က တင့်ကားတွေနဲ့အင်အားပြ

"ကျုံးမြောက်ဘက် ၁၂ လမ်းကနေ ၁၉ လမ်း၊ ၆၆ လမ်း နန်းတွင်းအရှေ့ဘက်ပေါက်ကနေ နန်းတွင်းထဲ ပြန်ဝင်သွားတာတွေ့တယ်။ အင်အားတော်တော်များများနဲ့ လှည့်နေတာ"

နိုင်ငံရေးလမ်းစဥ်နဲ့ ညှိနှိုင်းဖို့ပြောတဲ့ အာဏာသိမ်းခေါင်းဆောင်ကို PDF တွေ ဘယ်လိုတုံ့ပြန်ကြမလဲ (အင်တာဗျူး)

အညာက PDF အဖွဲ့တွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့ရဲ့ တာဝန်ရှိသူတွေ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဘယ်လိုမျိုး တုံ့ပြန်ပြောဆိုထားကြလဲဆိုတာကို အခုတင်ဆက်ပေးတဲ့ အင်တာဗျူးရုပ်သံမှာ တွေ့ရမှာဖြစ်ပါတယ်။

မန္တလေးမြို့နဲ့ မတ္တရာကိုကာကွယ်ဖို့ စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေ

"အခုတပ်စွဲလိုက်တဲ့ ရွာတွေက ကျောက်တံတား(မန္တလေး-မတ္တရာကားလမ်းပေါ်က အခုတိုက်ပွဲဖြစ်ပွားနေတဲ့ရွာ)နဲ့ အဖြောင့်တိုင်းလိုက်ရင် တတန်းထဲပဲ။ အဲ့ဘက်ကနေ ကာလိုက်ရင် တော်လှန်ရေးတပ်တွေ မန္တလေးအထိ တက်မလာနိုင်ဘူးလေ။ စစ်တပ်က မတ္တရာကို ပေးလိုက်ရရင်တောင် ကျွန်တော်တို့အဖွဲ့တွေ မန္တလေးအထိ တက်မလာနိုင်အောင် အနောက်ရော၊ အရှေ့ရော ဒီကောင်တွေကာလိုက်တဲ့သဘောပဲ။"

One Friday Fights 81 မှာ စိုးလင်းဦးရော သန့်ဇင်ပါ အရှုံးနဲ့ရင်ဆိုင်ခဲ့ရ (အားကစားသတင်း)

စက်တင်ဘာ ၂၇ ရက် ယနေ့ညမှာယှဉ်ပြိုင်ခဲ့တဲ့ One Friday Fights 81 မှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ မြန်မာဖိုက်တာနှစ်ဦးစလုံး ရှုံးနိမ့်ခဲ့ပြီး သန့်ဇင်က တာကေရုကို အလဲထိုးနဲ့ရှုံးနိမ့်ခဲ့သလို စိုးလင်းဦးကတော့ နာဘီလ်ကိုအမှတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။

တပတ်အတွင်း မြေလတ်သတင်း

- ပဲခူးရှေ့ခြမ်း KNU ထိန်းချုပ်နယ်မြေထဲက လူ ၁ သိန်းကျော်ရေဘေးသင့်ခဲ့ပြီး ရေဘေးအကူအညီပေးအပ်မှုတွေ မရောက်ရှိအောင် စစ်ကောင်စီကပိတ်ဆို့ထား - မြေလတ်ဒေသကမြို့နယ်တွေမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ဖို့ သင်တန်းပေးနေ - ကံဇီးရွာကို ကာကွယ်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီး သုံ့ပန်းတချို့ကိုဖမ်းမိကာ လက်နက်ခဲယမ်းတွေပါရရှိခဲ့ - စုဖွဲ့မှုအားကောင်းလာစေဖို့ ဂန့်ဂေါက PDF ၅ ရင်း ပူးပေါင်းလေ့ကျင့် - စစ်ကောင်စီကန့်သတ်ထားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရေဘေးသင့်ပြည်သူတွေကို တော်လှန်ရေးအင်အားစုတွေက ကယ်ဆယ်နေရာချထားပေး - ချင်းတွင်းမြစ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ သင်္ဘော ၁၅ စီး တိုက်ခိုက်ခံရ - မြေလတ်ဒေသမှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိ - မန္တလေးမြို့မှာ တပတ်အတွင်းလူငယ် ၇ ဦး ဖမ်းဆီးခံရပြီး အဆက်အသွယ်ပြတ်နေ - မြိုင် စက်မှု ၂ က စစ်အုပ်စုတိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး ဒုအရာခံဗိုလ် ၁ ဦးအပါ ၄ ဦးအရှင်ဖမ်းမိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10