MLAT

ရွှေရောင်ကောင်းကင်ပိုင်ရှင် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သီချင်းတွေနဲ့အောင်မြင်ခဲ့တဲ့ နိုင်ငံကျော်အဆိုတော် မာရဇ္ဇ ဇန်နဝါရီ ၂၃ ရက် ညပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ဂီတအနုပညာရှင်အသိုင်းအဝိုင်းထံက သိရပါတယ်။

သန့်ဇင်အဖြေထုတ်ရမယ့် ပုစ္ဆာ(သို့မဟုတ်) စူရီယန်လက်ခ် (အားကစားသတင်း)

ဇန်နဝါရီ ၂၄ ရက် ဒီနေ့ည ဘန်ကောက်မြို့၊ Impact Arena မှာ ကျင်းပသွားမယ့် ONE 170 ပြိုင်ပွဲမှာ သန့်ဇင်ကတော့ ထိုင်းဖိုက်တာ စူရီယန်လက်ခ်နဲ့ ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။

မြဝတီရုပ်သံအစီအစဥ်တွေ တိုးတက်အောင်လုပ်ပြီး စည်းရုံးကြဖို့ စစ်ခေါင်းဆောင်မှာကြား (ရုပ်/သံ)

၂၀၂၁ စစ်အာဏာသိမ်းပြီး လူထုထောက်ခံမှုသိသိသာသာကျဆင်းနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ကောင်စီထောက်ခံတဲ့ သရုပ်ဆောင်တွေကို ခေါ်ယူကာ ဝါဒဖြန့်ချီရေးဇာတ်ကားတွေ ရိုက်ကူးထုတ်လွှင့်ဖြန့်ချီတာတွေလုပ်ဆောင်နေသလို ၎င်းတို့လက်အောက် မြဝတီရုပ်သံထုတ်လွှင့်မှုတွေကနေ စည်းရုံရေးလုပ်ဆောင်ဖို့ တိုက်တွန်းလာတာလည်း ဖြစ်ပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ခဲယမ်းတင်ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်သား ၅ ဦး သေဆုံး

“စစ်‌ကောင်စီဘက်ကနေ ကား ၁စီး ပျက်စီးသွားခဲ့တာရှိတယ်။ ပြီးတော့ ၅ ဦး သေဆုံးပြီးတော့ ၈ ဦး ဒဏ်ရာရတယ်လို့ ကျနော်တို့ တိုက်ပွဲထဲမှာ မျက်မြင်အရရော၊ အတွင်းသတင်းတွေ အရရော သိရတယ်။”

လွမ်းရဌာနေ (အက်ဆေး)

ဟင်းချက်စရာသီးနှံ လဲလှယ်လို့ရတဲ့ ကျမရွာလေး၊ သရက်သီးကို ရာသီစာအနေနဲ့ မက်မက်မောမောစားကြတဲ့ ကျမရဲ့ ရွာလေး၊ ကျမရဲ့ လွမ်းမောဖွယ်ရာငယ်ဘဝတွေတည်ရှိနေတဲ့ ကျမရဲ့ ရွာလေးကို ကျမ မရောက်ဖြစ်တာ ၅ နှစ် နီးပါးရှိပါပြီ။ ဒီအတောအတွင်း ရွာမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ၊ ဘာတွေပြောင်းလဲသွားလဲ ကျမ သေချာမသိပါ။

မြဝတီရုပ်သံအစီအစဥ်တွေတိုးတက်အောင်လုပ်ပြီး စည်းရုံးကြဖို့ စစ်ခေါင်းဆောင်မှာကြား

“ ရုပ်မြင်သံကြားထုတ်လွှင့်ရေးလုပ်ငန်းများဟာ လူထုဆက်ဆံရေးလုပ်ငန်းတခုပင်ဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးရုံးရဲ့ရည်ရွယ်ချက်မှာ ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်နဲ့ စည်းရုံးရန်ဖြစ်ကြောင်း၊ နည်းမှန်လမ်းမှန် ပြန်ကြားပေးခြင်း၊ ဖျော်ဖြေပေးခြင်းနဲ့ ပညာပေးခြင်းတို့ကိုဆောင်ရွက်ပေးခြင်းတို့ဟာ စည်းရုံရေးကို ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း”

ဝမ်ပေါင်ကုမ္ပဏီကားတွေကို လုံခြုံရေးပေးတဲ့ စစ်ကြောင်းကြောင့် ဒေသခံ ၃,၀၀၀ ကျော် တိမ်းရှောင်ပေးရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တရုတ်ပိုင်ဝမ်ပေါင် ကုမ္ပဏီ အတွင်းဝင်လာတဲ့ ကုမ္ပဏီယာဉ်တွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းက အနီးဝန်းကျင်က ကျေးရွာတွေကို ဝင်ရောက်နေတာကြောင့် ဒေသခံ ၃,၀၀၀ ကျော် ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝါရင့်ဖိုက်တာချင်းထိုးမယ့်ပွဲမှာ အနိုင်ရမယ့်သူက ဆက်ဆန်လား၊ စိုးလင်းဦးလား (အားကစားသတင်း)

ဇန်နဝါရီ ၂၄ ရက်ညမှာကျင်းသွားမယ့် ONE 170 ပြိုင်ပွဲမှာ စိုးလင်းဦးဟာ ထိုင်းနိုင်ငံရဲ့ဝါရင့်ဖိုက်တာတဦးဖြစ်တဲ့ ဆက်ဆန်နဲ့ထိုးသတ်ရမှာဖြစ်ပြီး ဆက်ဆန်ဟာ မွေထိုင်းပွဲစဉ်ပေါင်း ၂၀၀ ကျော်ထိုးသတ်ထားကာ ONE ကကျင်းပတဲ့ပြိုင်ပွဲတွေမှာ ၁၀ ပွဲထိုး ၉ ပွဲနိုင် မှတ်တမ်းကောင်း ပိုင်ဆိုင်ထားသူတယောက်ဖြစ်ပါတယ်။

"ရေဖျဉ်းရောဂါအတွက် လယ်ပဒူပင်” (Podcast)

ဆီးကျဉ်၊ ဆီးအောင့်ပါက လယ်ပဒူပင်ကို ဘယ်လိုသောက်သုံးကုသနိုင်သလဲ။ အသည်းယောင်ခြင်း၊ အသားဝါခြင်းတွေမှာ လယ်ပဒူအမြစ်ကို ဘယ်လိုအသုံးပြုကုသနိုင်လဲ။ လယ်ပဒူအစေ့ဟာ ဆီးပူညောင်းကျရောဂါကို ဘယ်လိုသက်သာပျောက်ကင်းစေသလဲ စတာတွေကိုနားဆင်ရမှာပါ။

လက်နက်ကြီးကျည်ထိလို့ ကလေး ၁ ဦးအပါ ၃ ဦးဒဏ်ရာရပြီး နွား ၂ ကောင်သေ

"လက်နက်ကြီးက ရှပ်ပြေးတောင်ပေါ်ကနေ နေ့တိုင်းပစ်နေတာ။ ၁ ပတ် ၁၀ ရက်လောက်ရှိပြီ။ (ဇန်နဝါရီ ၂၀ ရက်က) ရွာရှည်ရွာပေါ် လက်နက်ကြီး ၂ လုံးကျတယ်။ နမခနဲ့နီးတဲ့ ကျေးရွာတွေကတော့ လောလောဆယ် ရှောင်တိမ်းနေကြရတယ်။"

မြေလတ်ပေးစာ (Podcast)

- စစ်တပ်ထောက်ခံသူတွေပါ ပေါ်တာအဆွဲခံနေရတဲ့အကြောင်း။ - စစ်မှုထမ်းကြေးကောက်တဲ့ရာအိမ်မှူးကို ပြန်ပြောလို့ စစ်တပ်ကရိုက်နှက်ဖမ်းဆီး။ - စကုမြို့မှာ လူငယ်တွေကို စစ်တပ်က အိမ်စီးကားတွေနဲ့ လိုက်ဖမ်းနေ။

စစ်ကောင်စီကြောင့် ၁ နှစ်အတွင်း မြေလတ်ဒေသက အမျိုးသမီး ၂၅၀ ဝန်းကျင်သေဆုံးဟု BWU ဆို

၂၀၂၄၊ ၁ နှစ်တာအတွင်း နိုင်ငံတဝှမ်းအမျိုးသမီး ၄၇၈ ဦးသေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ မန္တလေးတိုင်းတို့မှအမျိုးသမီး ၂၄၉ ဦးပါဝင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ - BWU ရဲ့ ဇန်နဝါရီ ၂၀ ရက် ထုတ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ပျူစောထီးတွေရဲ့ ဖိနှိပ်မှုတွေကြောင့် ငွေတွင်းရွာက ပြည်သူ ၄ ပုံ ၃ ပုံ PDF ဆီ ထွက်ပြေးခိုလှုံ

အရာတော်မြို့နယ်အတွင်းက ပျူစောထီး(ခေါ်) ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ငွေတွင်းကျေးရွာကနေ ထွက်ပြေးလာတဲ့ ပြည်သူ ၃,၀၀၀ နီးပါးရှိပြီလို့ လက်ခံပေးထားတဲ့ PDF တပ်ဖွဲ့ဆီက သိရပါတယ်။

စစ်တပ်က လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်လို့ ကျောက်မှော်ရွာက ဆီစက်ဂိုထောင် မီးလောင်ပျက်စီး

ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီ ၁၉ ရက်မှာ လက်နက်ကြီးနဲ့ တတိယ အကြိမ်မြောက် ထပ်မံပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်းရှိ ဆီစက်ဂိုထောင် ၁ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

မုံရွာမြို့တော်ခန်းမမှာ တာဝန်ထမ်းဆောင်နေရတဲ့ စစ်ကောင်စီတပ်သားတဦး ပြည်သူ့ရင်ခွင်နဲ့ချိတ်ဆက်ပြီး CDM ပြုလုပ်

"သူ CDMလုပ်ချင်တယ်လို့ ဆက်သွယ်တုန်းကတော့ လက်နက်ပါယူခဲ့မယ်ပြောတယ်။ တကယ်တမ်းကျ လူပဲ ကိုယ်လွှတ်ရုန်းပြေးခဲ့ရလို့ လက်နက်မယူနိုင်ခဲ့ဘူး။ ကျနော်တို့ တပ်ရင်းမှာကို တပတ်လောက်ကြာတယ်။ အနွေးထည်မပါလို့တောင် ကျနော်တို့ ပေးရတာ၊ သေချာ ကျွေးမွေးစောင့်ရှောက်ထားပေးတယ်၊။ "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10