MLAT

နတ်တလင်းမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေ

"မနေ့ကလည်းတိုက်ပွဲဖြစ်သေးတယ်။ နတ်တလင်း PDF က ကြေညာတယ်။ ဒီနေ့လည်းထပ်ဖြစ်နေပြန်ပြီ အကျိုးအကြောင်းကိုတော့ မသိရသေးဘူး မနေ့ကအထိနာလို့ ဒီနေ့စစ်ခွေးတွေ ပြန်တိုက်တာနေမယ်"

နတ်တလင်းမှာ စစ်ကောင်စီက အသက်မပြည့်သေးတဲ့ မိန်းခလေးနဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးနေ

"ခလေးသူငယ်အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်။ လူငယ်တွေကြား မလုံခြုံမူတွေဖြစ်နေတယ်။ တိမ်းရှောင်ကြတာတွေ မိဘတွေ စိတ်ပူကြတာတွေ ဖြစ်နေတယ်"

ဒလန် Channel တခုကသတင်းပေးပြီးနောက် ရှစ်တန်းကျောင်းသူမိန်းကလေးအပါ ၂၀ ကျော်ဖမ်းဆီးခံရပြီး နေအိမ် ၅ လုံးချိတ်ပိတ်ခံရ

"မြိုင်မြို့ပေါ်မှာ နေ့စဉ်ရက်ဆက် မတရားသဖြင့်နှိပ်စက်ဖမ်းဆီးနေတယ်။ ၁၂ ရက်နေ့က မြိုင်မြို့ပေါ် ကို နေပြည်တော်က အထူးတပ်ဖွဲ့ကဆိုပြီး စစ်ကောင်စီတပ်သား ၃၀ ခန့်လာတပ်စွဲပြီး ပုံထဲမှာပါတဲ့သူတွေကို အကုန်လိုက်ဖမ်းတာပဲ အာဏာသိမ်းကာစက Gz ဆိုပြီး ဂီတာတွေတီးနေကြတော့ CDM တွေထောက်ပံ့တယ်ဆိုပြီး ကောင်မလေးနှစ်ယောက် ဖမ်းတော့ကြတော့ အိမ်က အသက်မပြည့်သေးတဲ့ ၈ တန်းကျောင်းသူကိုပါ ခေါ်သွားတာ အဲတာ ၁၄ ရက်နေ့ညက နောက်တယောက်ကိုကြတော့ သူ့အကိုပါခေါသွားတာ သူတို့က တက္ကသိုလ်ကျောင်းသူတွေပါ။ တညထဲ ၄ ယောက်ပေါ့"

ပြည်အကျဥ်းထောင် မှ နိုင်ငံရေးအကျဥ်းသားမပါဘဲ ရဲပြေးနှင့်စစ်ပြေးများအပါ ပြစ်ဒဏ်ချခံနေရသူ ၁၃ ဦးလွတ်

"ဒီနေ့လွတ်တာကတော့ ရဲအက်တို့ စစ်စည်းကမ်းတို့နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ သူတွေ အခြားသူတွေလည်းပါတယ်။ နိုင်ငံရေးအကျဉ်းသားကတော့မပါဘူး၊ ဒီရက်ထဲမှာကို အမိန့်ချထားတဲ့ ၅၀၅(က) တွေ ရှိတယ်။ သူတို့ကို ပါလာမယ်ထင်တာ အခုထိတော့ မပါသေးဘူး"

ပြည်ထောင်စုနေ့ကျင်းပဖို့ ပြင်ဆင်နေတဲ့ စဉ့်ကိုင်ထွေအုပ်ရုံး မိုင်းခွဲခံရလို့ ညစာစားပွဲကိုဖျက်သိမ်းလိုက်ရဟုဆို

“ နေ့လည်ဘူဖေးကျွေးပြီး၊ ညကိုအရက်သောက်ကြဖို့ မန္တလေးကမှာထားတဲ့ ဟာတွေကို မလုပ်ရဲတော့လို့ အဆုံးခံလိုက်တယ်၊ ပွဲပျက်ပြီးမလုပ်ဖြစ်တော့ဘူးလို့ သိရတယ်၊ မနက်ကတော့ လူအနည်းငယ်နဲ့လုပ်သွားတယ်၊ “

အွန်လိုင်းပေါ်က တော်လှန်ရေး ဗန်းပြ အုပ်စုလိုက် လိမ်လည်မှု

အမှန်တကယ်တွင် Burma Army ဟု နာမည်ပေးကာ လိမ်လည်နေသည့် အဖွဲ့ဝင် အကောင့်တုများအနက် တစ်ခုမှာ အာဏာသိမ်း ဖြစ်စဉ် မတိုင်ခင်ကတည်းက အွန်လိုင်းပေါ်တွင် သတင်းမှားများဖြန့်ကာ နာမည်ကြီးခဲ့ဖူးသည့် Facebook အကောင့်တု တစ်ခုဖြစ်သည်။

ခင်ဦးမြို့နယ်အတွင်း တပ်စွဲဖို့လာတဲ့ စစ်အုပ်စု နဲ့ PDF တိုက်ပွဲဖြစ်ပြီး ပြည်သူနှစ်ဦး သေဆုံး

ခင်ဦးမြို့နယ် မဒေါင်းကြီးရွာကနေအိမ်အချို့ကို ဖျက်ဆီးပြီး တပ်ဆွဲဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီအင်အား ၁၀၀ နီးပါးကို ဖေဖော်ဝါရီ ၈ရက် မနေ့က နေ့လည် ၁၂နာရီလောက်မှာ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေါင်းစစ်သည် Local PDF Khin U တာဝန်ခံက ပြောပါတယ်။

ကြို့ပင်ကောက်မြို့မှာ စစ်ကောင်စီက လူငယ်တဦးကို သေနတ်နဲ့ပစ်လို့ သေဆုံး

" အဲ့လိုစစ်တဲ့ အချိန်မှာ အနောက်က ကလေးကတော့ ထွက်ပြေးတယ်ပေါ့ ကျန်တဲ့ တယောက်က မိသွားတဲ့ အခါကျတော့ ဖုန်းကို ယူစစ်တော့ ( သေဆုံးသူ)ဖုန်းမှာ က NUG Profile လေးချိန်းထားတာရှိတယ်၊ ကျန်တာတော့ ဘာမှမရှိဘူးပေါ့နော်၊ သူတို့က ဖုန်းကို သိမ်းထားလိုက်ပြီးတော့ မင်းသွားတော့လို့ ပြောလို့ ကလေးက ဆိုင်ကယ်မောင်းပြီးအထွက်မှာ နောက်ကနေပြီး‌တော့ ပစ်သတ်တာပါ"

အွန်လိုင်းပေါ်က တော်လှန်ရေး ဗန်းပြ အုပ်စုလိုက် လိမ်လည်မှု

၎င်းတို့အဖွဲ့မှာ အကောင့်တုများအပါအဝင် နာမည်အမျိုးမျိုးပေးထားသည့် Page အတု စုစုပေါင်း ၁၀၀ နီးပါး ဖွင့်ထားပြီး ပီဒီအက်ဖ် တပ်ဖွဲ့ဝင် အမျိုးသားငယ်၊ အမျိုးသမီးငယ်များအပြင် ၎င်းတို့နှင့် သိရှိသည့် ဆရာဝန်အယောင်ဆောင် အကောင့်တုများနှင့် ချိတ်ဆက်ထားကြသလို အွန်လိုင်းပေါ်တွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ထောက်ခံပေးကြကာ အစစ်အမှန်သဖွယ် ဟန်ဆောင်ထားကြသည်။

အခက်ခဲတွေကြားက CDM တွေရဲ့ ရွှေ့ပြောင်းစာသင်ကျောင်း

“ကျတော်တို့တတွေဟာ လက်နက်ကိုင်မှတော်လှန်ရေးမဟုတ်တဲ့အတွက်ကြောင့် ကျတော့ထဲမှာပါတဲ့ရွာ ၅ ရွာကိုအရင်ဆုံး ကျေးရွာလုံခြုံရေး ကျေးရွာကာကွယ်ရေးဖြစ်ပြီးတော့ ကိုယ့်ရွာကိုယ်လုံခြုံအောင် စောင့်ရှောက်နိုင်အောင်ပထမဆုံးလုပ်တယ်၊ အခုကြတော့ကိုယ့်ကျေးရွာကိုယ် လုံခြုံရေးပေးနိုင်ပြီဆိုတဲ့အခါကြမှ ကလေးတွေစာနဲ့ဝေးနေရရှာတဲ့ အတွက်ကြောင့် ဒီပညာရေးကိုစတင်လိုက်တာပါ”

ရိုက်နှက်ဖျက်ဆီး ဖမ်းဆီးမှုများကြားက အသံတိတ်သပိတ်မှာပူးပေါင်းနေတဲ့ ပြည်မြို့

"မနက်က လမ်းမတော်ကပိတ်ထားတဲ့ဆိုင်တွေကို ဖျက်တာ ဓါတ်ပုံမှတ်တမ်းရိုက်တာ‌တွေလုပ်တယ်။ ကလေးတွေကို ရိုက်နှက်ဖမ်းသွားတာလည်းရှိတယ်။ ဆိုင်ကတော့အဖွင့်ပြထားတယ်။ စောင့်တဲ့သူပဲထားတယ်။ အသွားအလာကတော့ မနက်ပိုင်းမှာရှိတယ် ဆယ်နာရီကျော်တော့ မရှိတော့ဘူး"

မြသလွန်ဘုရားပေါ်တွင် အချင်းချင်းစကားများရာက ဒုရဲအုပ်ကို ရဲတပ်သားက ပစ်သတ်

"သေတာက ဒုရဲအုပ်တယောက်ထဲရယ်။ ပွဲချင်းပြီးပဲ ဘာကြောင့်ဖြစ်တယ်ဆိုတာ ကျတော်တို့မသိရဘူး။ သူတို့က ဘုရားကုန်းပေါ်မှာ လုံခြုံရေးယူနေတာ။ ပစ်တဲ့ရဲကတော့အဖမ်းခံလိုက်ရတယ်။ "

မင်းတုန်းတိုက်ပွဲ နှင့်မဆိုင်သူဒေသခံပြည်သူ ၄ ဦး ကိုဖမ်းဆီးပြီး PDF များဟု စစ်ကောင်စီကပုံဖော်၊ သတင်းဖော်ပြမှုများမှားယွင်းနေဟု PDF အဖွဲ့များဆို

“ဖြစ်စဥ်မှာ အဖမ်းခံရတဲ့ သားအမိနှစ်ယောက်က သတင်းတွေမှာ ပျံ့နေသလိုမျိုး PDF တွေမဟုတ်ဘူး။ မိုင်စိုးကေသွယ်အောင်နဲ့ သူရဲ့မိခင်ပေါ့။ သူတို့က ပထမအဖမ်းဆီးခံရတာ ဖြစ်တယ်။ သူတို့နှစ်ယောက်အဖမ်းဆီးခံရပြီးတော့ ဒီမင်းတုန်းပြန်ရောက်တဲ့အချိန် သူတို့ကိုစစ်ဆေးပြီးတော့ ညနေ ၅ နာရီဝန်းကျင်မှာ မင်းတုန်းမှာနေတဲ့ မိုင်ဝင့်သီတာထွန်းဆိုတာနဲ့ သူရဲ့အမျိုးသားကထပ်အဖမ်းခံရတယ်။ PDF စခန်းကဖမ်းလာတာမဟုတ်ပဲနဲ့ သူတို့မီးရှို့လိုက်တဲ့ ဇာလီရွာကပါ။”

အသံတိတ်သပိတ်မလုပ်ဖို့နဲ့ ဆိုင်မပိတ်ဖို့ လိုက်အော်ခဲ့တဲ့ စည်ပင်ရုံး လက်ပစ်ဗုံးနဲ့ ပစ်ခံရ

"စည်ပင်ဝန်ထမ်းတွေက silent strike နေ့မှာ စျေးဆိုင်တွေဖွင့်ဖို့ VPN တွေမသုံးဖို့နဲ့ PDF တွေနဲ့မပက်သက်ဖို့ လိုက်အော်နေလို့ပါ"

ပေါက်မြို့နယ်မှာ စစ်ကောင်စီကို လိုက်ကြည့်တယ်ဆိုတဲ့ ‌အချက်နဲ့ ပြည်သူ ၁ဦး သတ်ခံရ

" ဘာကြောင့်လဲဆိုရင် သူကတဲ့ သူတို့နောက်ကို လိုက်ကြည့်လို့ဆိုပြီးမှ သတ်သွားတာ၊ ၂နာရီဝန်းကျင်လောက်မှာ သတ်ပစ်ခဲ့ပြီး ၆နာရီဝန်းကျင်လောက်မှာ အလောင်းကို ဒီတိုင်း သုဿာန်မှာ ပစ်ခဲ့တာ၊ အခုအထိရွာထဲကို ဘယ်သူမှ မဝင်ရဲလို့ မမြှုပ်ရသေးဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10