စစ်ကောင်စီရိုက်နှက်ခဲ့တဲ့ ဒဏ်ရာကြောင့် နှမ်းခါးရွာကစိတ်ဝေဒနာရှင်တဦး သေဆုံး
" နှမ်းခါးရွာကိုညအိပ်တပ်စွဲလာပြီးမှ စိတ်ဝေဒနာရှင်တဦးကို ဖမ်းဆီးရိုက်နှက်သွားတယ်၊သူတို့အဖွဲ့တွေ ၃၀ ရက်နေ့မှာပြန်ပြီးထွက်သွားတဲ့အချိန်မှာ ကျနော်တို့လူငယ်အဖွဲ့တွေ တွေ့လို့ သူ့ကိုဆေးကုသမှုပေးနေရင်းနဲ့ပဲ သေဆုံးသွားတယ်၊ ခေါင်းမှာ ၁ ချက် လည်ပင်းနားလောက်မှာ ၁ ချက်ရိုက်ခံရတာ " လို့ နှမ်းခါးလူငယ်အဖွဲ့ဝင် ကိုစိုးလေးကပြောပါတယ်။