ယူနက်စကိုစာရင်းတင်သွင်းထားသည့် မြောက်ဦးမြို့မှ ရှေးဟောင်းရုပ်တု ၂ ရုပ်ဖျက်စီးခံရ
“နတ်ရုပ်ရှိတဲ့ နန်းရာကုန်းဒုတိယထပ်ဆိုတာက လူအနေများတဲ့နေရာတစ်ခုပါ။ နေ့ခင်းဆိုရင်လည်း အဲဒီနေရာမှာ အအေးဆိုင်တွေဖွင့်လို့ရောင်းကြတယ်။ ပြီးတော့ အပန်းဖြေသူတွေထိုင်တဲ့ ခုံတန်းလေးတွေရှိတယ်။ နတ်ရုပ်တွေကို မာကျောတဲ့ပစ္စည်းတစ်ခုခုနဲ့ ထုရိုက်သွားတာထင်တယ်။ အဲဒီနတ်ရုပ်တွေကို သံဆန်ခါတွေနဲ့သေသေချာချာ ခြံခတ်ထားတာပါ။ ဒီလိုနတ်ရုပ်တွေကိုမှ ဖျက်စီးရတယ်လို့။ တော်တော်လည်း စိတ်ပျက်ဖို့ကောင်းပါတယ်။”