တော်လှန်ကျောင်းကစာအံသံ
အညာနွေပူပူကို အန်တုရင်း သောကအပူဝေနေကြတဲ့ မိခင်ဖခင်တချို့ရဲ့ အပူတခြမ်းက ကျသွားခဲ့ပြီ ဟုဆိုနိုင်သည်။ ကျန်းမာရေးကပ်ဘေးဒဏ်နှင့် စစ်အာဏာသိမ်းမှုကိုတော်လှန်ရင်း ၂ နှစ်ကြာပိတ်ထားခဲ့ရသည့် အညာလူထုရဲ့ ကျောင်းတံခါးများက ပွင့်လာခဲ့ပေပြီ။ ဖုန်ကပ်နေသော စာသင်ခုံ၊ ကျောက်သင်ပုန်း၊ ရုံးခန်းများနဲ့ ခေါင်းလောင်းများက တဖန်အသက်ဝင်လာကြပြန်သည်။