မတ္တရာမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၅ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေကို အရေးပေါ်ကားနဲ့ သယ်သွားဟုဆို
“မတ္တရာမြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို မြွေဟင်္သာရွာနဲ့ ကားလမ်းအကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ကျနော်တို့ မိုင်းဆွဲလိုက်တာက ၃၂ ယောက်ပါတဲ့ စစ်ကြောင်းကိုပါ။ ထိခိုက်မှုကများပြီး ကျနော်တို့ သိတာက ၅ ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ည ၉ နာရီ ၄၅ မိနစ်မှာ သူတို့ကား ၇ စီးနဲ့ လာသယ်သွားပြီး မတ္တရာမြို့ထဲကို ပြန်သွားတယ်”