ခန့်အောင်

ကဝနယ်ရှိ NLD ပါတီဝင်တဦးနေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

“ခုလို ချိပ်ပိတ်လိုက်တဲ့အတွက် တော်လှန်ရေးကို ပြီးဆုံးအောင်တိုက်ဖို့ တကယ့်ကိုလိုအပ်နေပါလားဆိုတဲ့ တွန်းအား တရပ်လည်း ပိုပြီးရောက်လာပါတယ်။ ချိပ်ပိတ်တဲ့ကိစ္စဟာ တော်လှန်ရေးကို ရပ်သွားမယ့်ကိစ္စမဟုတ်ဘူး”

ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနား ကျောင်းသားတပ် ABSDF ကျင်းပ (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF Column 3 က ဇူလိုင် ၇ ရက် ဒီကနေ့မှာကျရောက်တဲ့ ၆၂ နှစ်မြောက် ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ခြင်းအခမ်းအနားကို တပ်ရင်း ၁၂၊ ယောဒေသတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ဖွယ်အခမ်းအနား ကျောင်းသားတပ် ABSDF ကျင်းပ (Photo News)

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး - ABSDF Column 3 က ဇူလိုင် ၇ ရက် ဒီကနေ့မှာကျရောက်တဲ့ ၆၂ နှစ်မြောက် ဆဲဗင်းဇူလိုင်နေ့ အောက်မေ့ခြင်းအခမ်းအနားကို တပ်ရင်း ၁၂၊ ယောဒေသတနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပန်းတောင်းမှာ မိုးစပါးစတင်စိုက်ပျိုးကာလ မိုးမရွာလို့ တောင်သူတွေ အခက်တွေ့နေ

” မိုးမရွာတာ ရက် ၂၀ ကျော်နေပြီ။ တမြို့နယ်လုံးကို မရွာတာ။ ကျနော်တို့ စပါးခင်းကြဲခင်းတွေဆိုတော့ စပါးပင်သက်ကလည်း သုံးပတ်ကျော်နေပြီ။ စိုက်ခင်းထဲမှာ ‌ရေမရှိလို့ မြေဆီပက် (ဓါတ်မြေဩဇာထည့်သွင်းခြင်း)လို့ မရဘူး”

PDA က ကျဆုံးရဲဘော် ၁ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ် (ရုပ်/သံ)

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)၊ အမှတ် ၄ စစ်ဒေသမှူး၊ ရဲဘော် VJ ကျဆုံးခြင်း အထိမ်းမှတ်ပွဲကို PDO/PDA စစ်ဒေသတိုင်းတခုဖြစ်တဲ့ ပခုက္ကူခရိုင်ထဲက တနေရာမှာ ဇူလိုင် ၃ ရက်က ကျင်းပခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ကို လက်နက်နဲ့ရိက္ခာပို့လေ့ရှိတဲ့ ပေါင်းတည်ကအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

“အုပ်ကြီးက အပ်ပုန်း(တရားမဝင်ဆေးကုသခြင်း)လည်း ဆေးကုတယ်။ အိမ်ကနေဆိုင်ကယ်နဲ့ဆေးကုသွားတုန်း လမ်းကနေ စောင့်ပြီးရှင်းခဲ့တာ။ ပွဲချင်းပြီးသေတယ် “

တပ်ဖွဲ့ရိက္ခာနဲ့ ဒေသခံတွေစားဖို့ သီးနှံတွေကိုယ်တိုင်စိုက်ပျိုးနေတဲ့ PLA (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အခြေစိုက်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA (အနောက်မြောက်စစ်ဒေသ) တပ်ဖွဲ့ဟာ တပ်ဖွဲ့ရိက္ခာနဲ့ ဒေသခံတွေစားသုံးဖို့ သီးနှံတွေကို စိုက်ပျိုးထားတယ်လို့ တပ်ဖွဲ့ဝင်ရဲဘော်လင်းပွင့် က ပြောပါတယ်။

ပြည်ခရိုင်မှာ စစ်မှုထမ်းငှားဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို ခြိမ်းခြောက်ငွေတောင်းနေ

“တအုပ်စုကို သိန်း ၃၀ တောင်းတာက သုံးလအတွက် အိမ်ထောင်တစုကို ၁၈၀၀၀ ကျလို့ အခုလ(ဇူလိုင်) ၂ ရက်က ပေးရတာ။ ဒီသုံးလပြီးရင် နောက်တခါထပ်စုမယ်ပြောတယ်။ မပေးနိုင်တဲ့အိမ်က စစ်မှုထမ်းရမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးကပြောလို့ ပေးကြရတာ”

ကနီနယ်ကသံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံ‌ဆောင် သပိတ်မှောက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဘုန်းကြီးကျောင်းတကျောင်းမှာ ဇူလိုင် ၃ ရက်ညနေပိုင်းက သံဃာတော်တွေဦးဆောင်ပြီး ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်ပြုခဲ့ကြတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

စနိုက်ဘာပစ် သင်တန်းဆင်းပွဲနဲ့အတူ ထူးချွန်ရဲဘော်တွေကို ဂုဏ်ပြုလက်ဆောင်ပေးအပ် (ရုပ်/သံ)

မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲက လုပ်တဲ့ အမှတ်စဉ် ၁ စနိုက်ဘာ ပစ်သင်တန်းဆင်းပွဲနဲ့အတူ ထူးချွန်တဲ့ သင်တန်းသား ၃ ဦးကို ဂုဏ်ပြုဆုငွေနဲ့ လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့ တပ်ခွဲပြန်ကြားရေးတာဝန်ခံ ရဲဘော် CA က ပြောပါတယ်။

ပျက်စီးနေတဲ့ ကျေးရွာချင်းဆက်လမ်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်ပြင်

ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်နယ် ၂ အဖွဲ့ဝင်တွေ၊ ပုံတောင် Tiger PDF ရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်တို့မှာ လမ်းပိုင်းအရှည် ၆ မိုင်ခန့်ကို ပြုပြင်ခဲ့တာလို့ ဆိုပါတယ်။

ဆားလင်းကြီးမြို့နယ်က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ဇွန် ၃၀ ရက် မနက်က ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ပြုလုပ်ခဲ့ကြတယ်လို့ ဦးဆောင်ရာမှာ ပါဝင်တဲ့ ဓါးမဆိုင်းတပ်မတော် တပ်ရင်းမှူး ဗိုလ်စွမ်းက ပြောပါတယ်။

PDF ကို စိန်ခေါ်တဲ့ ရဲတပ်ကြပ်ကြီးလင်မယား သေနတ်နဲ့ ပစ်သတ်ခံရ

“ရဲက အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းနေတာကို အရင်ပစ်ပြီး ဆိုင်ကယ်လဲကျမှ သူ့မိန်းမကို ထပ်ပစ်တာ နှစ်ဦးစလုံးပွဲချင်းပြီး သေသွားတာ။ ရဲမိန်းမရော သူတို့ သားသမီးကရော PDF ကို စိန်ခေါ်ကြတာလေ“

ဘုတလင်မြို့က စစ်တပ်အထိုင်ချ‌နေရာသုံးခု တပြိုင်နက်တိုက်ခံရလို့ သေဆုံးသူများပြား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က နေရာသုံးခုမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၂၇ ရက် ညနေမှာ ပူးပေါင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူတွေ အများအပြားရှိတယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် - ADPRA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မင်းလှရဲတပ်ဖွဲ့ကို ငွေရှာပေးနေတဲ့ မင်းလှ-မိုးညိုကားလမ်းဘေးက လောင်းကစားဝိုင်း

“သဲကောရွာက လှခိုင်နဲ့ သူ့တပည့်ဆိုးပေတို့က ဦးဆောင်လုပ်နေတာ။ အဲဒီလောင်းကစားဝိုင်းက ရငွေတွေနဲ့ မင်းလှက မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်အပြင် မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးနဲ့စရဖ(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)တို့ကို ဆက်ကြေးပေးပြီး လုပ်နေတာပါ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10