ခန့်အောင်

ညောင်ဦးမှာ နှစ်ရာကျော်သက်တမ်းရှိ ငှက်ကြီးခေါင်းကျဘုန်းကြီးကျောင်း မီးလောင်ဆုံးရှုံး

“ကျောင်းမှာရှိတဲ့ ဘုန်းကြီးက မီးပျက်နေလို့ ဖယောင်းတိုင်ကို စာတိုက် (ကျမ်းစာအုပ်ထည့်သည့် သေတ္တာ) ပေါ်တင်မီးထွန်းထားပြီး ကုဋီသွားတက်နေတုန်း စာတိုက်ကိုမီးကူးပြီး လောင်သွားတာ။ ၁၀ မိနစ်လောက်ပဲကြာတယ်၊ တကျောင်းလုံးကုန်သွားတာ။ အခု ပြာပုံပဲကျန်တော့တယ်”

ရှမ်း-မန်းစစ်ဆင်ရေးမှာပါဝင်နေတဲ့ PDF ရဲဘော်တွေရဲ့မိသားစုကို ငွေနဲ့စားသောက်ကုန်တွေ ထောက်ပံ့ (ရုပ်/သံ)

“နောက်ကျန် မိသားစုတွေမှာ ဝင်ငွေမရှိဘူး။ ဒီလိုမျိုးကူညီမှ ရှေ့တန်းကရဲဘော်ကလည်း စိတ်ဖြောင့်ဖြောင့်နဲ့တိုက်နိုင်မှာ။ နောက်ကျန်မိသားစုကို ပစ်ပယ်မရဘူးဆိုတာကိုသိလို့ နိုင်တဲ့ဘက်က တပ်ရင်းငွေနဲ့ ‌ထောက်ပံ့တာပါ။အရင်ကလည်း ‌ထောက်ပံ့မှုတွေရှိခဲ့တယ်။”

ရှမ်း-မန်းစစ်ဆင်ရေးမှာပါဝင်နေတဲ့ PDF ရဲဘော်တွေရဲ့မိသားစုကို ငွေနဲ့စားသောက်ကုန်တွေ ထောက်ပံ့

“နောက်ကျန် မိသားစုတွေမှာ ဝင်ငွေမရှိဘူး။ ဒီလိုမျိုးကူညီမှ ရှေ့တန်းကရဲဘော်ကလည်း စိတ်ဖြောင့်ဖြောင့်နဲ့တိုက်နိုင်မှာ။ နောက်ကျန်မိသားစုကို ပစ်ပယ်မရဘူးဆိုတာကိုသိလို့ နိုင်တဲ့ဘက်က တပ်ရင်းငွေနဲ့ ‌ထောက်ပံ့တာပါ။အရင်ကလည်း ‌ထောက်ပံ့မှုတွေရှိခဲ့တယ်။”

ဒိုက်ဦးထောင်မှာ ထောင်ဝန်ထမ်းနှစ်ဦးကရိုက်နှက်လို့ နိုင်ကျဥ်းအမျိုးသားတဦး ဒဏ်ရာရရှိ

“ဒဏ်ရာတွေက ကျန်နေသေးတယ်။ သူ့ရဲ့နောက်ကျောမှာ ဝါးဆစ်ပိတ်တုတ်နဲ့ ရိုက်ထားတဲ့ ပေါက်ပြဲ၊ ပွန်းရှဒဏ်ရာတွေရှိတယ်။ ဦးခေါင်းမှာလည်း ညိုမဲဒဏ်ရာတွေရှိတယ်။ ခုချိန်ထိတော့ မပျောက်သေးဘူး။”

မုန်တိုင်းအရှိန်ကြောင့် ၅ ရက်အတွင်း ပဲခူး၊ မကွေးနဲ့ မန္တလေးတိုင်းမှာ မိုးကြီးနိုင်၊ ရေကြီးမြေပြိုမှုအန္တရာယ်ပါ သတိပြုဖို့လိုအပ်

စက်တင်ဘာ ၂၀ ရက် မနက်ဖြန်ကစပြီး စက်တင်ဘာ ၂၅ ရက်အထိ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ရှမ်း၊ ချင်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက်မိုးကြီးတာနဲ့ နေရာကွက်ပြီးမိုးကြီးတာအပြင် လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

ရေကြီးနေတဲ့ ခုံကြီးရွာကို တပတ်ကြာတဲ့အထိ ကယ်ဆယ်ရေးတွေမရောက်လို့ စားသောက်ရေး အခက်တွေ့နေ

“ဘယ်ကယ်ဆယ်ရေးအဖွဲ့ ခုချိန်ထိမရောက်သေးပါဘူး။ ဆန်၊ ဆားနဲ့ ဆီ အဓိကလိုအပ်နေတာ။ စားနပ်ရိက္ခာကလည်း ပြတ်နေပြီ။”

စစ်မှုထမ်းကြေးမတောင်းဖို့ပြောတဲ့ အဘိုးတဦးကို စစ်အုပ်စုကဖမ်းဆီး

“ပြည်သူတွေအဆင်မပြေလို့ စစ်မှုထမ်းကြေးမကောက်ဖို့နဲ့ စစ်တပ်ခိုင်းတိုင်းမလုပ်ဖို့ အုပ်ကြီးကိုပြောတာ။ အုပ်ကြီး ကိုမွှေးက အဲ့ဒီအကြောင်းကို စစ်တပ်ကိုပြန်ပြောလို့ လာဖမ်းသွားတာ။”

စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ မင်းလှက ကလေးတဦးထိမှန်ဒဏ်ရာရ

“လောလောဆယ်တဲ့ ရှိတဲ့ဆရာ၊ ဆရာမတွေက အဆင်ပြေအောင်ကုသပေးထားပါတယ်။ ပစ်တာကတော့ PDF တပ်ရင်းတပ်ဖွဲ့တွေရှိတယ်ဆိုပြီးပစ်တာ။ တကယ်တမ်းက PDF တွေမဟုတ်ဘဲ အရပ်သား ပြည်သူတွေနေတဲ့နေရာတွေ ဖြစ်နေတာ”

ပဲခူးအနောက်ခြမ်းမှာ အမျိုးသားတဦးကို ကျပ်သိန်း ၅၀မှ ၁၀၀အထိ ဈေးပေါက်နေ (ရုပ်သံဆောင်းပါး)

စစ်ကောင်စီရဲ့ နည်းမျိုးစုံသော တပ်သားစုဆောင်းမှုအမျိုးမျိုးကနေ ကင်းလွတ်ခွင့်ရရန် ပြည်သူတွေက ငွေပေးနေရာကနေ အခုအချိန်မှာ အရောင်အဝယ်လုပ်ခံရတဲ့အထိဖြစ်လာတာလို့ ပဲခူးတိုင်းအနောက်ခြမ်းက ဒေသခံတွေက ပြောပါတယ်။

ရေဘေးအလှူကရတဲ့ ခေတ်မီအဝတ်အထည်တချို့ ဒေသခံအမျိုးသမီးများမဝတ်ရဲကြ၊ ဒေသနဲ့ကိုက်ညီတဲ့ အဝတ်များလိုအပ်

“မနေ့က သွားလှူတော့ ဒေသခံအမျိုးသမီးတွေက ဒါကြီးကို မဝတ်ရဲဘူး ဒါကြီးက ဘယ်လိုကြီးတုန်းဆိုပြီးပြောတာ။ ပုံမှန်ဆိုရင် ရွာဘက်ကလူတွေဆိုတာ အတွင်းခံကို Menstruation(ဓမ္မတာ) လာတဲ့အချိန်လောက် သုံးကြတာ။”

စစ်တောင်းမြစ်ဘေးက အိမ်တချို့ ရေနောက်မျောပါ၊ ကူညီသူတွေရောက်မလာသေး (ရုပ်/သံ)

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ ရွှေကစောင်းရွာအရှေ့ပိုင်းဟာ စစ်တောင်းမြစ်ရေတက်လို့ စက်တင်ဘာ ၁၃ ရက် ဒီမနက်မှာ အနည်းဆုံး နေအိမ် ၃လုံး ရေနောက်မျောပါသွားပြီး ကူညီကယ်ဆယ်သူတွေရောက်ရှိမလာသေးဘူးလို့ ဒေသခံတဦးဆီက သိရပါတယ်။

စစ်တောင်းမြစ်ဘေးက အိမ်တချို့ ရေနောက်မျောပါ၊ ကူညီသူတွေရောက်မလာသေး

“အခုပဲ ကျ‌နော့ဦးလေးအိမ် ရေထဲလိမ့်ပါသွားတယ်။ တမံအဆင်း မြစ်ကမ်းဘေးကလေ။ လက်ရှိအချိန်အထိတော့ ရေကမတိုးဘဲ တန့်နေတယ် “

YOMA GBK တပ်ဖွဲ့က တိုက်ပွဲကျ PDF ရဲဘော်ကို သင်္ဂြိုဟ်ပြီးစီး (ရုပ်/သံ)

ကျဆုံးခဲ့တဲ့ရဲဘော်ဟာ YOMA GBK PDF တပ်ဖွဲ့ တပ်ခွဲ ၁၊ တပ်စု ၂၊ တပ်စိတ် ၂ က အသက် ၄၂ နှစ်ရှိ ရဲဘော်ဦးကျော်(ခ)ကျော်ကြီးဖြစ်ပြီး စက်တင်ဘာ ၇ ရက် မနက်က ကွင်းချောင်းရွာစစ်အုပ်စုစခန်းကို တိုက်ခိုက်ချိန်မှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

မြေလတ်ဒေသအပါ ပြည်နယ်နဲ့တိုင်းအချို့မှာ ၃ ရက်အတွင်း မိုးကြီးရေကြီးပြီး မြေပြိုမှုတွေဖြစ်နိုင်တယ်လို့ NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ အခြားပြည်နယ်နဲ့ တိုင်းတွေမှာ စက်တင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ အမျိုးသားညီညွှတ်‌‌ရေးအစိုးရ(NUG) က စက်တင်ဘာ ၁၂ ရက် ဒီကနေ့ မွန်းလွဲပိုင်းက သတိပေးထုတ်ပြန်ထားပါတယ်။

မိုးများပြီး ပေါက်ခေါင်းမြို့နယ်မှာ တောင်ပြိုမှုဖြစ်ခဲ့

“မြေပြိုကျပြီး သစ်ပင်ပါ လမ်းပေါ်လဲကျတာ။ ပရဟိတအဖွဲ့တွေ မီးသတ်တွေလာရှင်းသွားလို့ လမ်းကိုပြန်ပြီး အသုံးပြုနေပါပြီ။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10