ခန့်အောင်

PDF ကို စိန်ခေါ်တဲ့ ရာအိမ်မှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

“ကျနော်တို့က ဦးမြင့်တင်ရေလို့ အိမ်ရှေ့က ခေါ်နေတုန်းမှာ သူကအိမ်နောက်ဖေးက ဆင်းပြေးလို့ သေနတ်နဲ့ ပစ်ခဲ့တာ။ ဦးခေါင်းနဲ့ ညာလက်ပြင်ကို မှန်ပြီး ပွဲချင်းပြီး သေသွားတာပါ။“

လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းများ ရှောင်ရှားနည်း ပညာပေး‌ဟောပြောပွဲ မြိုင်မှာ ပြုလုပ်နေ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ လေကြောင်းရန်နဲ့ စစ်အကြွင်းအကျန်ပစ္စည်းတွေ ရှောင်ရှားနည်းနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူတွေကို အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပန်းတောင်းမှာ ရေကန်အတွင်း ရေမြုပ်မော်တာဆင်းချတဲ့လူငယ် ရေနစ်သေဆုံး

“ရေမြုပ်မော်တာကို ကန်ထဲဆင်းချရင်း ပေါ်မလာလို့ သူနဲ့လုပ်ဖော်ကိုင်ဖက်တွေ ရှာတော့မှ ရေကန်ထဲက ဒိုက်တွေအောက်မှာ သေနေတာ၊ တကိုယ်လုံးပြာနှမ်းနေတာ ရေနစ်သေတဲ့ပုံပဲ”

ပေါက်ခေါင်းမှာ အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်သတ်ခံရ

“ကျောက်ဒိုးအိမ်က ပေါင်းတလည်ဂိတ်နဲ့နီးနေတော့ ပစ်ပြီးတန်းပြန်ဆုတ်ရတော့ ဘယ်တွေမှန်လဲ သေချာမသိရဘူး။ ပွဲချင်းပြီးတော့ သေသွားတယ် ”

ပေါင်းတည်က နေအိမ် ၂၁ လုံးကို စစ်တပ်ကမီးရှို့၊ ကား ဆိုင်ကယ်တွေလည်း ပျက်စီး (ရုပ်/သံ)

မီးရှို့ခံရလို့ ပျံချီတက်ရွာက ဒေသခံနေအိမ် ၂၁ လုံး၊ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး၊ ဝက် ၈ ကောင်နဲ့ လယ်ယာလုပ်ငန်းသုံးလှည်းတွေကိုလည်း ဖျက်ဆီးခဲ့တဲ့အပြင် ကျေးရွာသုံး ဆိုလာပြားတွေကိုလည်း ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးအနောက်ခြမ်းမှာ ၂ ပတ်အတွင်း လက်ပစ်ဗုံးကိုင်အုပ်ချုပ်ရေးမှူး ၄ ဦးအပါ အုပ်ချုပ်ရေးအဖွဲ့ဝင် ၆ ဦး အသတ်ခံရ

အသတ်ခံရသူတွေဟာ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ဘွတ်စိန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုညွန့်စိန်၊ ဆင်တဲကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ကိုသန်းမြင့်၊ ဇရစ်မြှောင်ရွာက ရာအိမ်မှူး ကိုထွန်းထွန်း၊ အုတ်ဖိုမြို့နယ်၊ နှောကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ကိုအောင်ဝင်း၊ ပေါက်ခေါင်းမြို့နယ်၊ ဗောဓိကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ကိုမောင်ဝင်း၊ ပေါက်ခေါင်းမြို့နယ်။ သစ်ရောင်းပြန်အုပ်စုအုပ်ချုပ်ရေးမှူး ကိုတင့်လွင်တို့ ၆ ဦး ဖြစ်ကာ ၎င်းတို့ဟာ ဩဂုတ်လ ဒုတိယအပတ်နဲ့ တတိယအပတ်အတွင်း ရက်ပိုင်းသာခြားပြီး အသတ်ခံခဲ့ရတာပါ။

စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းခံရတဲ့ အကြောတက်ရောဂါသည်လူငယ် ဖမ်းထားချိန်သေဆုံး

”ညနေရောက်မှ အလောင်းလာထုတ်ပါဆိုပြီး ပြောတာ။ ဒါတောင် ရဲစခန်းမှာသေတာမဟုတ်ဘဲ အိမ်‌ရောက်မှ သေတယ်လို့ ရဲကပြောခိုင်းတာ“

ကျည်လွဲ‌အဆောင်ကြိုးကွင်းဝတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

“ ကျနော်တို့ကို မြင်တော့ သူက ဆိုင်ကယ်ပေါ်ဆင်းပြီး ခြေလျင်ပြေးတာမှာ ၄ ချက်ပစ်တာ။ ဂုတ်ကို ၃ ချက်မှန်သွားတာ ပွဲချင်းပြီးပဲ။ သူ့ကိုရှင်းဖို့စောင့်နေတာ တလ‌‌ကျော်နေပြီ”

ပဲခူးရိုးမတိုက်ပွဲ အသာစီးရနေချိန် ကျည်မလုံလောက်လို့ တော်လှန်ရေးအင်အားစုတွေ ပြန်ဆုတ်ခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ်ကိုတက်လာတဲ့ စစ်ကောင်စီတပ်ကို အသာစီးရတိုက်ခိုက်ချိန် ကျည်မလုံလောက်တဲ့အတွက် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ရင်း ၃၆၀၁ တပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

တချိန်တခါက လယ်ကွင်းတွေဆီ (ရုပ်သံဆောင်းပါး)

မိုးဦးကျလယ်ကွင်းပြင်ကျယ်ကြီးထဲ လယ်ထွန်စက်သံတွေက တဝီဝီ၊ မိုးနှောင်းပိုင်း စပါးရိတ် ခြွေစက်သံကြီးတွေလည်း တညံညံနဲ့ ကြားရပြန်တော့ ဝမ်းသာစိတ်ရော၊ ဝမ်းနည်းတဲ့စိတ်ပါ ပြိုင်တူလိုပေါ်လာတယ်။ ဝမ်းသာစိတ်က လယ်သမားတွေ အဆင့်မြင့်လာပြီဆိုတဲ့အတွေးကြောင့် ဖြစ်ပြီး မခေါ်ပဲကပ်ပါလာတဲ့ ဝမ်းနည်းစိတ်က ဟိုးအတိတ်က အချိန်တွေကို လွမ်းမိလို့ပါ။

ပေါက်ခေါင်းမှာ စစ်မှုထမ်းစုဆောင်းတဲ့ အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

“သေနတ်နဲ့ နှစ်ချက်ပစ်ခဲ့တာ ပွဲချင်းပြီးပါ။ ပြန်ပြီးခုခံချိန်တောင် မရပါဘူး။”

သာယာဝတီခရိုင်ထဲက အသစ်ဖွင့်တဲ့ စစ်‌ရှောင်စာသင်ဆောင်မှာ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေ

“လက်ရှိကတော့ ပုံနှိပ်စာအုပ်လိုတာရှိလည်း မျှသုံးရတယ်။ မနေ့ကဝယ်ထားတဲ့ လွယ်အိတ်ဝေတာမှာ ၂ ယောက်အတွက် လိုနေလို့ မရတဲ့ကလေးက မျက်နှာငယ်သွားတာမျိုးလည်း ရှိတယ်။ ဒီလို သင်ကြားနိုင်ဖို့ မနှစ်ကတည်းက အားစိုက်တာ အခုမှ အောင်မြင်တယ်”

အုတ်ဖိုအပိုင် ပဲခူးရိုးမထဲမှာ ကျွန်းပင်ခုတ်လှဲနေသူတွေကို သတိပေးပြီးပြန်လွှတ် (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ နိုင်ငံပိုင်ကျွန်းစိုက်ခင်းထဲက ကျွန်းသစ်ခုတ်ယူနေသူတွေကို ဩဂုတ် ၁၅ ရက် မနေ့မနက်က ဖမ်းဆီးသတိပေးကာ ပြန်လွှတ်ပေးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ တပ်ခွဲမှူး ရဲဘော်ဒေဝ က ပြောပါတယ်။

“အနက်ရောင်သေမင်းတမန်အဖွဲ့”က သတ်ခဲ့သူတွေဟာ ပြည်ခရိုင်အတွင်းက PDF တွေ မဟုတ်ဟုဆို

"ကျနော်တို့ ပြည်ခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ မဟုတ်ပါဘူး။ ကျနော်တို့ ရဲဘော်တွေ ဖမ်းဆီးခံရတာ၊ ပျောက်ဆုံးတာလည်း မရှိပါဘူး။ ရှိရင် ကျနော့်ဆီကိုပဲ သတင်းပို့ကြတာပါ”

ရွှေဘိုမှာ ၁ နေ့တည်း ၄ ကြိမ်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ခိုက်ရာက စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ ရဲ့ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10