ခန့်အောင်

လက်ပစ်ဗုံးဆောင်ထားတဲ့ ရာအိမ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

“ ထွန်းထွန်းက အိမ်အပြင်ထွက်မလို့ပြင်တုန်းမှာ ခေါင်းကိုနှစ်ချက်ပစ်ခဲ့တာ။ တခါထဲ လဲကျသွားပြီး သေတာ။ သူ့ကားနဲ့ စစ်သားတွေသွားလိုတဲ့နေရာကို လိုက်ပို့တာတွေလည်းရှိတယ်။”

ပေါက်ခေါင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်မှာပစ်သတ်ခံရ

"ကျနော်တို့ သူ့အိမ်ရှေ့က ဝင်လာတာကိုမြင်ပြီး အိမ်ပေါ်ကနေ အိမ်နောက်ဖေးဆင်းပြေးတာမှာ အိမ်နောက်ကစောင့်နေသူတွေက ပစ်ခတ်ခဲ့တာပါ"

ပေါင်းတည်ထောင်ကထွက်ပြေးတဲ့ အကျဉ်းသားသုံးဦးကို နှစ်ပါတ်ကျော်ကြာအထိ မဖမ်းမိသေး

“ထောင်ပြေးတွေကို ခုထိမမိသေးဘူး။ သူတို့အိမ်တွေကို ရဲကသွားမေးတာကလွဲပြီး ဘယ်ရဲကမှ လိုက်မရှာကြဘူး။ ရဲကိုယ်တိုင် ဒုစရိုက်အားပေးတွေဖြစ်နေတာ” လို့ အကျဉ်း‌ထောင်နဲ့ နီးစပ်တဲ့မြို့ခံတဦးက ပြောပါတယ်။

ကျောက်ပန်းတောင်းနယ်က ပျူခေါင်းဆောင်နေအိမ်ကိုဝင်တိုက်၊ ၆ ဦးသေဆုံး သေနတ် ၃ လက်ရ

“ အိမ်ဘေးဘန်ကာနားကကောင်ကိုအရင်ပစ်လိုက်တာ သေနတ်ကျည်ထိသွားချိန်မှာကျန်တဲ့ကောင်တွေ ပြန်ပစ်တယ်။ အိမ်ကို ၄၀ မမနဲ့ ထပ်ပစ်တယ်။ အသာစီးရနေလို့ လက်နက်ချဖို့ ပြောတာမချလို့ RPG နဲ့ ထပ်ပစ်တာမှာ ၃ယောက် လွင့်သွားတယ်။ မျက်မြင် ၆ ဦးသေတယ်။ နေအိမ်ထဲကနေ အဲ့ဒီမနက်ကမှ ပျူစောထီးတွေဖမ်းသွားတဲ့သူကိုလည်း ကယ်နိုင်ခဲ့တယ်”

လက်ပစ်ဗုံးဆောင်ပြီး PDF ကိုစိန်ခေါ်ထားတဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

"တယောက်တည်း ဆိုင်ကယ်နဲ့ ပြန်လာတုန်းမှာ စောင့်ပစ်တာမှာ ပွဲချင်းပြီးသေတာ။ အသက်က ပြင်းတယ်။ ခေါင်းတွေကို တေ့ပစ်ရတာ။"

စခန်းချမယ့်နေရာမှာ ကြိုထောင်ထားတဲ့မိုင်းနဲ့ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရ

"သတင်းကြိုရလို့ ခွဲမိုင်း ၁ လုံး ရှေ့ထွက် ၃ လုံးနဲ့ ခွဲခဲ့တာပါ။ ၇ ယောက် ဒဏ်ရာရပြီး ၃ ယောက် ဒဏ်ရာပြင်း တယ်။ ကျဆုံးမှုတော့ မသိရသေးဘူး”

စစ်အုပ်စုတပ်စွဲနေရာလေးခုကို တပြိုင်နက်ဝင်တိုက်ပြီး စစ်ကောင်စီပိုင် စွပ်ကျယ်စက်ရုံနဲ့ စစ်ကားကို မီးရှို့ (ရုပ်/သံ)

တောင်သာမြို့နယ်ထဲက စစ်အုပ်စုတပ်စွဲနေတဲ့ ဘုရားလှပျူစောထီးရွာ၊ ‌မင်းကန်ရွာအနီး တရုတ်ပိုက်လိုင်း၊ ကျောက်ခွဲစက်ဂိတ်နဲ့ စက်မှု ၁ စွပ်ကျယ်စက်ရုံတို့ကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ နေရာလေးခုကို တိုက်ခိုက်‌နေတဲ့ အချိန်မှာပဲ တောင်သာမကျီးရိုးဂိတ်နဲ့ တောင်သာမြို့ထဲက စစ်ကောင်စီတပ် တပ်စွဲတဲ့နေရာတွေကိုလည်း ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။

ဇီးကုန်းမှာ စစ်မှုထမ်းကြေးဆိုကာ စစ်ကောင်စီက အဓမ္မပိုက်ဆံတောင်းနေ

“စစ်**အုပ်စုက သူ့လူတွေနဲ့ပဲ အစည်းဝေးလုပ်တာ ပြည်သူမပါဘူး။ အစည်းအဝေးလုပ်ပြီး ဩဂုတ် ၂ ရက်က တည်းက လိုက်ကောက်တာ။ အခုအချိန်(ဩဂုတ် ၁၂)ထိ ကောက်နေတုန်းပဲ။ တအိမ်ထောင် ငါးသောင်း၊ သုံးသောင်း၊ တသောင်းဆိုပြီး ကောက်နေတာ “

ကျဆုံးရဲဘော်တွေအတွက် နှစ်နှစ်ပြည့် ဂုဏ်ပြုအထိမ်းအမှတ်ကျင်းပ (ရုပ်/သံ)

ကျဆုံးရဲဘော်တွေဟာ မကွေးတိုင်းထဲက ဆိပ်ဖြူ၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းနဲ့ အောင်လံမြို့နယ် စတဲ့ မြို့နယ်အတွင်း နေ့ရက်အသီးသီးမှာ ကျဆုံးတာဖြစ်ပြီး အဲဒီအထဲက ရဲဘော် ၇ ဦးကျဆုံးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ် ၉ ရက်ကို အထိမ်းအမှတ်နေ့ သတ်မှတ်ကာ ကျင်းပတာလို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲ ဆက်တိုက်အောင်မြင်ခဲ့တဲ့ ရဲဘော်တွေကို စစ်‌ရှောင်တွေက အောင်သပြေပန်းနဲ့ ကြိုဆို (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ကိုင်းတောမရဲစခန်း၊ စစ်တပ်အထိုင်စခန်းနဲ့ ပျူစောထီးစခန်းတွေကို သိမ်းပိုက်ပြီးပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို စစ်ရှောင်တွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ပေါင်းတည်က ဒေသတွင်းအရေးပါတဲ့လမ်း ပျက်စီးနေလို့ ကိုယ်ထူကိုယ်ထ ပြုပြင်နေ

“ချိုင့်ခွက်တွေက ကားတွေ၊ ဆိုင်ကယ်တွေ ရှောင်မောင်းလို့မရလောက်အောင်ဖြစ်နေလို့ ပြည်သူတွေက မြေနီ(ကျောက်ပါသည့်မြေနီ)တွေ ငွေကုန်ခံဝယ်ပြီး ပြင်နေရတယ်။ အဓိကတော့ ဂူကြီးရွာနဲ့ သဖန်းကုန်းဈေးကြားတွေမှာပါ။ နှစ်မိုင်ခွဲဝန်းကျင် ရှိမယ်။ အုံ့ဆိုင်းနေတဲ့ သစ်ပင်အကိုင်းတွေလည်း ခုတ်သင့်တာ ခုတ်ကြတယ်”

အညာဒေသ တော်လှန်ရေးအထူးတပ်ဖွဲ့က ပိုရင်ကူအစီအစဉ်နဲ့ ဆေးခန်းဖွင့်ပြီး ကုသပေးနေ

“လက်ရှိကုသပေးနေရတဲ့ အထဲမှာ ကိုယ်လက်‌ခြေထောက်တွေ ထုံနာကျင်နာဝေဒနာသည်တွေ အတွေ့များ တယ်။ ဒါ့အပြင် ဖျားနာတဲ့အခါတွေမှာလည်း အကိုက်အခဲပျောက်‌ဆေး(ပါရာစီတမော)တွေကိုသာ သုံးစွဲနေ ကြလို့ ရေရှည်ဆက်သွားရင် ဆေးယဉ်ပါးမှုဒဏ်တွေလည်း အများကြီးခံရနိုင်တယ် “

မြင်းခြံက စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေ၊ လက်နက်နဲ့ကျည်အချို့ရရှိ

“အဲဂိတ်ကနေ ကားတွေ၊ ခရီးသွားတွေကို စစ်တယ်ဗျ။ ကျနော်တို့လည်း မောင်းလာတဲ့ဖောကားကို အစစ်ခံသလိုနဲ့ ရပ်ပေးပြီးမှ အပိုင်ပစ်တာမှာ စစ်**နှစ်ကောင်နဲ့ရဲ** တကောင်သေတာ”

ရှမ်းမြောက်မှာ အလင်းဝင်သူတွေထဲ ပဲခူးတိုင်းက ပြည်သူ့စစ် ၅ ဦးထက်မနည်း ပါဝင် (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန် ဩဂုတ် ၇ ရက် ဒီကနေ့မှာ စစ်ကောင်စီတပ်က အလင်းဝင်လာသူတွေထဲမှာ ပဲခူးတိုင်းထဲက ပြည်သူ့စစ် ၅ ဦးထက်မနည်းပါဝင်တယ်လို့ PDF တပ်ပေါင်းစုဝင် ရဲဘော်တဦးဆီက သိရပါတယ်။

စစ်ကောင်စီက ၂ ရက်ဆက် လေကြောင်းကပစ်ခတ်လို့ မြိုင်နယ်ကဒေသခံ ၅၀၀၀ ကျော် အရေးပေါ်ထွက်ပြေးရ

“အပေါ်က စက်သံတွေ ပစ်တဲ့အသံတွေနဲ့ တကယ်ကိုယောက်ယက်ခတ်ပြီး သဲထိပ်ရင်ဖိုပဲ။ ရွာမှာ ပျက်စီးတာတွေတော့ရှိမယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10