ခန့်အောင်

ကျောက်ပန်းတောင်းနယ်က စေတီတဆူ ဌာပနာဖောက်ခံရပြီး ရုပ်ပွားတော်နဲ့ပလ္လင်ပျက်စီး

စက်တင်ဘာ ၁၁ ရက်ညပိုင်းမှာ မိုးသည်းထန်စွာရွာနေချိန် ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး စေတီအရှေ့ဘက်မုခ်ထဲက အင်္ဂတေနဲ့ပြုလုပ်ထားတဲ့ အမြင့် ၃ ပေခန့်ရှိ ဗုဒ္ဓရုပ်ပွားတော်တဆူနဲ့ ပလ္လင်ပျက်စီးသွားတာလို့ ဆိုပါတယ်။

သုံးဆယ်မှာ ချောင်း‌ရေလျှံပြီး ပြည်လမ်းမပေါ်ရေကျော်ကာ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်‌ရောက်နေ

“လမ်းပေါ်ရေကျော်တယ်ဆိုပေမယ့် ကားလေးတွေ ဖြည်းဖြည်းချင်းသွားလို့ ရတယ်။ အခုတော့ ရေစီး ချောင်နေတယ် မနက်ဖန်ဆို ရေလုံးဝကျသွားနိုင်တယ်၊ မိုးအရမ်းရွာရင်တော့ ပြောလို့ မရဘူး။”

BLDF - အညာမိုင်းတပ် ရိက္ခာအတွက် စပါး ၂ ဧက ရဲဘော်တွေကိုယ်တိုင် စိုက်ပျိုး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာအခြေစိုက်တဲ့ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF - အညာမိုင်းတပ်)က တပ်ဖွဲ့ရိက္ခာ အထောက်အပံ့ရဖို့အတွက် စပါး ၂ ဧကကို စိုက်ပျိုးထားတယ်လို့ အညာမိုင်းတပ်ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

သနပ်ခါးဥဒါန်း (အက်ဆေး)

“အညာမြေက သနပ်ခါးက အညာသားနဲ့အတူတူပဲ တတက်ခုတ်ရင် နှစ်တက်ထွက်မယ်” “တတက်ခုတ်ရင် နှစ်တက်ထွက်မယ်” “တတက်ခုတ်ရင် နှစ်တက်ထွက်မယ်”။ ။

ဇူလိုင်လအတွင်း မြေလတ်ဒေသက နေအိမ် ၈၀၀ ကျော်မီးရှို့ခံရ

စစ်ကိုင်းတိုင်းမှာ နေအိမ် ၆၆၉ လုံးနဲ့ နိုင်ငံတဝှမ်း မီးရှို့ခံရမှုအများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ နေအိမ် ၂၆၂ လုံးနဲ့ ဒုတိယဖြစ်ကာ မကွေးတိုင်းကတော့ နေအိမ် ၁၁၇ လုံး မီးရှို့ခံရမှု တတိယအများဆုံး ဖြစ်ပါတယ်။

အုတ်ဖိုမှာ စစ်မှုထမ်းဟောင်း အုပ်ကြီး ၁ဦး အသတ်ခံရပြီး အလောင်းလာကောက်သူတွေနဲ့ပစ်ခတ်မှုဖြစ်

“အလောင်းလာကောက်မှာသိလို့ မိုင်းထောင်ထားပြီး အေးမြသာယာ(ရွာ)က **အလာကို စောင့်နေတုန်း သူ့(ကိုသက်ကြီး)အမျိုး ပျူစောထီးတွေသေနတ်တွေနဲ့‌ရောက်လာပြီး ပစ်ခတ်မှုဖြစ်တာ”

သက်တော် ၁၀၇ နှစ်ရှိ ပန်းတောင်းမြို့နယ်သံဃနာယကဩဝါဒစရိယဆရာတော်ကြီး ပျံလွန်တော်မူ

“ဆရာတော်ကြီးက လွန်ခဲ့တဲ့ တနှစ်လောက်ကတည်းက လမ်းမလျှောက်နိုင်တာ၊ ဆွမ်းဘုန်းတော့ ပေးနိုင်တယ်။ ပျံတော်မမူခင်တလလောက်ကစပြီး အစာလည်းမဝင် ရေလည်းမဝင်တော့တာ အဖတ်တွေဆို ထွေးထုတ်ပစ်တယ်။ Ensureတွေ အားဆေးတွေ အကြောဆေးတွေနဲ့ထားရတာ “ လို့ ဆရာတော်ကြီးရဲ့ တပည့်ရဟန်းတပါးက မိန့်ပါတယ်။

မင်းတုန်း၊ ရွာသစ်ရွာ လေယာဉ်ဗုံးကြဲခံရပြီး စာသင်ကျောင်းနဲ့ နေအိမ်တချို့ပျက်စီး

“ထိခိုက်တဲ့ အိမ်တွေမှာ အိမ်ရှင်တွေရှိနေကြပါတယ်။ ကံကောင်းလို့ မဖြစ်ကြပါဘူး။ ‌ပြည်သူတွေကတော့ အတော်လေးတော့ ထိတ်လန့်သွားပါတယ်။ လေယာဉ်ဟာမြန်လွန်းတဲ့အတွက် တိုက်ခိုက်ပြီးမှသာ လေယာဉ်သံကို ကြားရတယ်။ တိုက်ပွဲမရှိဘဲ အကြောင်းမဲ့လာပစ်တာ။“

ပေါင်းတည်မြို့အထင်ကရ ဗုဒ္ဓစွယ်တော်အပူဇော်ခံပွဲ မြို့ပေါ်မလှည့်တော့ဘဲ အကျဉ်းချုံးကျင်းပမယ်

“စစ်ကောင်စီက ပွဲတော်ကလည်း လုပ်ပြချင်တယ်။ လုံခြုံရေးက သူတို့တောင်မလုံခြုံတော့ ပြည်သူကို ဘယ်လိုကာကွယ်ပေးမလဲ။ လူငယ်တွေပွဲတော်လာရင်း အခန့်မသင့်ရင် စစ်မှုထမ်းအဖမ်းခံရမယ့် အန္တရာယ်ကလည်းရှိတယ်“

ပဲခူးအနောက်ခြမ်းမှာ အမျိုးသားတဦးကို ကျပ်သိန်း ၅၀ မှ ၁၀၀ အထိ ဈေးပေါက်နေ (သတင်းဆောင်းပါး)

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံအဝှမ်း စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တပ်သားပြုန်းတီးမှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် စစ်သားစုဆောင်းမှုတွေကို နည်းမျိုးစုံနဲ့ အတင်းအဓမ္မကြိုးပမ်းလျက်ရှိရာမှာ ပဲခူးတိုင်းအနောက်ခြမ်းမှာ အမျိုးသားတဦးကို ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ အရောင်းအဝယ်သဘောမျိုး ဈေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကြို့ပင်ကောက်မှာ စစ်အုပ်စုစခန်းကို ဝင်တိုက်ချိန် ကျည်မလုံလောက်လို့ PDF တွေ နောက်ပြန်ဆုတ်ရ (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းရွာမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်အုပ်စုစခန်းကို တိုက်ခိုက်ချိန် ကျည်မလုံလောက်လို့ နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁၊ YOMA (GBK) PDF တပ်ခွဲမှူး ရဲဘော်ကရင်လေး က ပြောပါတယ်။

အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဖွဲ့ဖို့ဆိုကာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက မဲနှိုက်လူရွေးပြီး စစ်မှုထမ်းကြေးကိုလည်း လစဥ်တောင်းနေ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ညောင်လေးပင်မြို့နယ်၊ ကုန်းအင်းအုပ်စုမှာ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ ဖွဲ့ဖို့ဆိုကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအဖွဲ့တွေက မဲနှိုက်ကာ လူစုဆောင်းနေတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပြည်မြို့က ခရီးသွားအမျိုးသားတဦးမှာ မျောက်ကျောက်ရောဂါသံသယတွေ့လို့ ခေါ်ယူစစ်ဆေးထား

“သေချာအောင် အနာရဲ့ အရည်ကိုယူပြီး စစ်ဆေးဖို့ပို့ထားပါတယ်။ အဖြေထွက်မှ အတည်ပြုမယ်။ တခြားရောဂါတွေလည်း ဖြစ်နိုင်သေးတယ်။ အဖြေကိုစောင့်ကြည့်နေပါတယ်။”

စစ်တပ်က တပ်စွဲထားလို့ ထွက်ပြေးသွားကြတဲ့ ရွာခံတွေရဲ့ လယ်ယာသုံးစက်ပစ္စည်းတွေကို စစ်တပ်က ခိုးယူသွား

“ရေငံရွာမှာ စစ်တပ်က တပ်စွဲထား‌‌တဲ့အတွက် ကျေးရွာအတွင်းမှာလည်း သူတို့(စစ်အုပ်စု)နဲ့ ပတ်သက်သူလောက်ပဲနေကြသလို အုတ်ဖိုစုနဲ့ ထန်းပင်ချောင်ရွာတွေမှာလည်း ပြည်သူတွေ မနေကြတော့ စစ်တပ်က ထင်တိုင်းကြဲတာ‌ပေါ့။”

နတ်တလင်းမှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေးဆိုကာ ကျပ် ၅ သောင်းကနေ ကျပ် ၁၀ သိန်းအထိတောင်းနေ

“အဓမ္မလိုက်စုနေတာ။ မရှိတဲ့သူတွေဆို ၅ သောင်း၊ သူဌေးအိမ်တွေကျ ၅ သိန်း ၁၀ သိန်း တောင်းတယ်။ လုပ်‌ငန်းပေါ်လိုက်ပြီး တောင်းနေတာ။ အိမ်ပေါက်စေ့ပဲ။ ဘာစာရင်းဇယားမှ မရှိဘူး။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10