ပေါက်ခေါင်းမှာ စစ်မှုထမ်းကြေးငွေစုတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ
“သန်းအောင်က သူ့အိမ်မှာဖွင့်ထားတဲ့ ကုန်စုံဆိုင်လေးမှာ တယောက်တည်းဈေးရောင်းနေတုန်း သေနတ်နဲ့ သုံးချက်ပစ်တာ ပွဲချင်းပြီးသေတယ်။”
“သန်းအောင်က သူ့အိမ်မှာဖွင့်ထားတဲ့ ကုန်စုံဆိုင်လေးမှာ တယောက်တည်းဈေးရောင်းနေတုန်း သေနတ်နဲ့ သုံးချက်ပစ်တာ ပွဲချင်းပြီးသေတယ်။”
"သေနတ်သံက ၂ ချက် ကြားလိုက်တယ်။ ပါးတခြမ်းပွင့်သွားတယ်လည်း ကြားတယ်။ ရွှေတောင်ကုတင် ၁၀၀ စစ်ဆေးရုံကနေ မသက်သာလို့ ရန်ကုန်လွှဲတယ် ပြောတယ်။"
"ခေါင်းကို ၁ ချက်တည်း ပစ်ခဲ့တာပါ။ နေရာမှာ တခါတည်းသေသွားတယ်။ ဒီကောင်က ပေါက်ခေါင်းရဲစခန်းကနေ ပြန်လာတာကို သတင်းရလို့ စောင့်ပြီးပစ်ခတ်ခဲ့တာ။"
"အုပ်ကြီးအိမ်မှာ ပေါက်တာလို့သိရတယ်။ ဆေးရုံရောက်တော့သေနေပြီ၊ ရင်ဘတ်ကိုထိတာတဲ့။ သူ့အမျိုးသမီးကို လက်ကိုထိတာ၊ သူ့သားကိုတော့ ခြေထောက်ထိတယ်၊ သားနဲ့အမေက ဒဏ်ရာရရှိသွားတယ်ပေါ့။ သူတို့ ၂ ဦးကိုတော့ ပေါင်းတည်ဆေးရုံမှာကုသထားတယ်"
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ အေးရွာလေးရွာက နေအိမ် ၇ လုံးကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး တခြားနေအိမ်တွေကိုလည်း မွှေနှောက်ဖျက်ဆီးခဲ့သလို အမျိုးသား ၁၅ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁၊ Yoma GBK PDF ရဲ့ တပ်ခွဲမှူး ကိုကရင်လေး က ပြောပါတယ်။
“တိုက်ပွဲဖြစ်လို့ ကျစွာဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေတာကို **တွေကရောက်လာပြီး ဖမ်းထားတာ၊ ပြန်လွှတ်မပေးဘူး။ ခုထိကျစွာဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတုန်း၊ အင်အားကလည်း ၇၀ လောက်ရှိတယ်။”
“ သူနေတဲ့တိုက်အိမ်တံခါးကို ရိုက်ဖျက်ဝင်နေတုန်း ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးသွားတာ၊ လိုက်ဖမ်းရင်းသေနတ်နဲ့ခေါင်းကို ၁ ချက်တော့ ရိုက်မိသွားတယ် အမှောင်ထဲဆိုတော့ သေနတ်နဲ့ ပစ်လည်း မမှန်ဘူး”
"သန်းခေါင်စာရင်းအဖွဲ့တွေက ရပ်ကွက်တွေ ရွာတွေဘက်ကိုဆင်းမကောက်ဘူး။ အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကို မြို့ခေါ်တယ်။ သန်းခေါင်စာရင်းအဖွဲ့တွေနဲ့ ပေါင်းပြီး သူတို့ရပ်ရွာထဲက အိမ်ထောင်စုတွေကို သန်းခေါင်စာရင်းစာရွက်တွေထဲဖြည့်ကြတာ။ ရမ်းဖြည့်တာပေါ့။"
" တူဝရီးနှစ်ယောက်က ရေချိုးသွားတာ၊ ဒရုန်းဝဲနေတာမြင်လို့ နောက်ကြောင်းပြန်ပြေးတဲ့အချိန်မှာ ဒရုန်းကပစ်ချလိုက်တာ။ အမကြီးက လက်ကိုထိပြီး ကောင်လေးက ကျောကုန်းဘက်ကိုထိတာ"
“ ဂျက်မတို့က လင်ရောမယားရောသတင်းပေးလုပ်တာ၊ သူတို့အမြင်မကြည်သူဆိုရင် စစ်တပ်နဲ့ရဲကို ဖမ်းခိုင်းတာမျိုးလည်းရှိတယ်၊ ပြီးတော့သူတို့က ပွဲစားလုပ်ပြီး ပြန်ထုတ်ပေးကြတယ်၊ သူတို့အိမ်ကို စစ်သားတွေလည်း အဝင်အထွက်ရှိတယ်”
စစ်ကောင်စီက ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်း စတဲ့မြေလတ်ဒေသမှာ လေကြောင်းတိုက်ခိုက်မှု ၇၈ ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၁၄ ကြိမ် ရှိခဲ့တယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေး (Blood Money Campaign) အဖွဲ့ရဲ့ အောက်တိုဘာ ၅ ရက်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းစတဲ့ မြေလတ်ဒေသအပါ နိုင်ငံတဝန်းက မြန်မာအမျိုးသမီး ၆၃ ဦးသေဆုံးပြီး ၆၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အောက်တိုဘာ ၄ ရက်မှာ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်ထားပါတယ်။
လက်နက်ကြီးငယ်တွေနဲ့ နှစ်ဘက်တိုက်ခိုက်မှုကြာမြင့်ချိန် ၁ နာရီဝန်းကျင်ရှိပြီး စစ်တပ်စီတပ်သား ၁၂ ဦးသေကာ ၁၄ ဦးခန့် ဒဏ်ရာရရှိတဲ့အပြင် ၎င်းတို့ဆီကနေ ၆၀ မမ (BA 100) ၁ လက်၊ MA 1 ၁ လက်၊ G 3 ၂ လက်၊ အီနာဂါ ၁ လုံး၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ G 3 ကျည် ၁၈၁ တောင့်၊ ၅. ၅၆ ကျည် ၁၃ တောင့်၊ ဖုန်း ၅ လုံးနဲ့ အခြားစစ်အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
“ဒေါ်ဘီစိန်ရဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ သတ်တာ၊ ဗိုက်ကိုခွဲတယ် အူတွေလည်း ထွက်နေတယ်၊ အသည်းကိုလည်း လွှင့်ပစ်ထားတာ။”
"မိသားစုကပေးပို့တဲ့ ဆေးဝါးတွေကိုကန့်သတ်တာ၊ လက်ခံတဲ့ဆေးဝါးတွေက အကျဉ်းသားတွေဆီကို တိုက်ရိုက်မရောက်တာ၊ ဆရာဝန်အင်အားမလုံလောက်တာ၊ လုံလောက်တဲ့ဆေးဝါးအလုံအလောက်မရလို့ သေဆုံးတာနဲ့ ထောင်အတွင်းကျန်းမာရေးနဲ့စားသောက်ရေးမှာ အဟာရပြည့်ဝမှုမရှိတာ ထောင်အတွင်း ကြပ်ကြပ်ညပ်ညပ်နဲ့ နေကြရတာကြောင့်ရောဂါတွေဖြစ်လာပြီး အချိန်မီဆေးကုခွင့်မရဘဲ သေဆုံးရတာ”