သတင်း

မတ်လအတွင်း မြေလတ်ဒေသမှာ ရေနစ်သေဆုံးသူ ၁၆ ဦး ရှိ

စစ်ကိုင်းတိုင်းမှာ ၃ ဦး၊ မကွေးတိုင်းမှာ ၆ ဦးနဲ့ ပဲခူးတိုင်းမှာ ၇ ဦးဖြစ်ပြီး အမျိုးသား ၈ ဦးအမျိုးသမီး ၇ ဦး ပါဝင်တယ်

စစ်ကိုင်းမှာ စစ်ကောင်စီတပ်က အသက်မပြည့်သူ ၂ ဦးအပါ ဒေသခံ ၄ ဦးကိုသတ်ကာ မြစ်ထဲစွန့်ပစ်ခဲ့

"မနေ့က အလောင်းတွေ့တာကတော့ ဦးကျော်သူရဲ့ သားဖနှစ်ယောက်ကိုပါ။ ညီအစ်ကိုနှစ်ယောက်ရဲ့ အလောင်းတွေကိုတော့ ရှာဖွေနေဆဲပါ။ သားဖနှစ်ယောက်ရဲ့အလောင်းကိုတော့ ညောင်ပင်ဝန်းတံတားအောက်မှာ တွေ့ခဲ့တာ။ ၂ယောက်ကတော့ လွတ်တာ အတည်ပြုလို့ရပါတယ်"

ချမ်းမြသာစည်မှာ ၁ ရက်တည်း ရာအိမ်မှူး ၂ ဦး ပစ်သတ်ခံရ

"မနေ့က ဖြစ်တာက ၂ ဦးပါ။ တယောက်က နေအိမ်မှာ ပစ်သတ်ခံရတယ်။ တယောက်က လမ်းပေါ်မှာ ပစ်သတ်ခံရတယ်။ နေအိမ်ပစ်သတ်ခံရတဲ့ ရာအိမ်မှူးက စစ်ထွက်။ သူကိုယ်တိုင် သေနတ်ဝယ်ကိုင်ထားတာ ရှိတယ်။ သေနတ်သမားတွေက သူ့ကိုပစ်သတ်ပြီး သေနတ်နဲ့ကျည်တွေပါ ယူသွားတာ။ နှစ်ယောက်စလုံးက သေသွားတယ်"

ရေရှားပါးမှုဒဏ်ကိုခံနေရတဲ့ ရေနံချာင်းက ဆိတ်အများဆုံး မွေးတဲ့ရွာ

"သောက်ရေတောင် မနဲချွေတာ သောက်နေရတယ်။ ဆိတ်မွေးတာက ဒီနယ်မှာ အများဆုံးပဲ။ဆိတ်တွေသောက်ဖို့ ရေကို ခက်ခဲနေတာပါ။ ခုလိုရေခက်ခဲတာက ၆ နှစ်ကျော်ပြီ။ မိုးရွာတာနည်းတော့ ရေရဖို့အတော်ကို ခက်ခဲပါတယ်"

ရပ်ကွက်ရုံးစောင့်နေတဲ့ စစ်သားတွေ အလစ်ပစ်ခတ်ခံရလို့ ၃ ဦးသေ

"မြဝတီရပ်ကွက်ရုံး စစ်ဆေးရေးဂိတ်က ကျောက္ကာလမ်းပေါ်မှာရှိတယ်။ ပြီးတော့ မိုင်တဲရုံးမှာလဲ စကစတွေက ရှိနေတော့ မစ်ရှင်လုပ်ဖို့က သေချာသတင်းစုံစမ်းပြီးမှ သူတို့လုံခြုံရေးအား နည်းတဲ့အချိန်ကိုယူပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်။ ကျနော်တို့ဘက်က ပစ်တဲ့အချိန်မှာ မျက်စိရှေ့မှာတင်လဲကျသွားတဲ့သူတွေရှိတယ်။ ကျနော်တို့ပစ်တဲ့အချိန်မှာ သူတို့ဘက်က ပြန်ပစ်ချိန်တောင်မရလိုက်ဘူး"

ရေစကြို ပကဖ စခန်း စီးနင်းတိုက်ခိုက်ခံရလို့ ရဲဘော် ၅ ဦးသေဆုံးပြီး လက်နက်အချို့ဆုံးရှုံး

“စီးနင်းတဲ့အချိန်မှာ ရဲဘော်တွေနဲ့အနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်၊ ထိတွေ့တဲ့အချိန်မှာ ကျနော်တို့ရဲဘော် ၄ ဦးနဲ့ မဟာမိတ်ရဲဘော်တဦး ကျဆုံးခဲ့တယ်၊ မောင်းပြန်သေနတ်တွေလည်း ဆုံးရှုံးခဲ့တယ်” လို့ အတည်ပြုဖြေဆိုထားပါတယ်။

ဒဏ်ရာရစစ်သားတွေကိုသယ်လာတဲ့ စစ်အုပ်စုစက်လှေ ရေမြှုပ်မိုင်းဆွဲခံရ

“မုံရွာကနေ ငွေ‌ဇင်ယော်စက်လှေ ၂ စီးကို ချောဆွဲပြီး ဆားလင်းကြီးမြို့နယ်၊ လက်ပတောင်းရွာကို လက်နက်ခဲယမ်း‌တွေပို့ပြီး ဒဏ်ရာရ စစ်သားတွေ ပြန်သယ်လာတာမှာ လျှပ်စစ်တာဝါတိုင်နဲ့ လက်ပတောင်းရွာအကြားမှာ ရေမြှုပ်မိုင်း ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"

တပတ်အတွင်း မြေလတ်သတင်း

- တောင်ငူလေတပ်‌ကို ရှော့တိုက်ဒုံး ၈ လုံးနဲ့တိုက်ခိုက်လို့ ရဟတ်ယာဥ် ၁ စီးထိခိုက်ပြီး ၃ ဦးသေဆုံးဟုဆို - မကွေးတိုင်းမှာ သင်တန်းဆင်းပွဲနဲ့ လက်နက်ပေးအပ်ပွဲ ကျင်းပ - ဆံပင်ညှပ်နေတဲ့ ရဲတွေ ပစ်ခတ်ခံရပြီး နယ်ထိန်းခေါင်းဆောင် ၁ ဦး သေဆုံး - မုံရွာမှာ ၁ ရက်တည်း အမျိုးသမီး ၃ ဦးအဖမ်းခံရ - ကနီမြို့ပေါ်က ချိတ်ပိတ်ခံရတဲ့အိမ်တွေနဲ့ ဝန်ထမ်းအိမ်ယာတွေမှာ ပျူစောထီးတွေကို နေခွင့်ပေး - နိုင်ငံရေးဟောပြောပွဲနဲ့ ၃၇ ရွာမြောက် မိုးခါးရေဇာတ်ကား ပြသ - ဘုတလင်မှာ အမျိုးသား ၆ ဦးကို စစ်တပ်က ကြိုးတုတ်ပြီးဖမ်းခေါ်သွား - တရက်တည်း စစ်တပ်အထိုင်ချထားတဲ့နေရာ ၃ ခု တိုက်ခိုက်ခံရလို့ ၁၀ ဦးနီးပါးဒဏ်ရာရ - စစ်ကောင်စီ စစ်ကြောင်းဝင်နေလို့ ဆားလင်းကြီးဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရ - ဘုတလင်နယ်က စစ်ရှောင်စာသင်ကျောင်းကို ကျောင်းသုံးပစ္စည်းနဲ့ စားသောက်ကုန်တွေလှူဒါန်း

မုံရွာမှာ ၁၂ ဘီးကုန်တင်ကားတစီး မီးလောင်ပြာကျ (ရုပ်/သံ)

ကုန်တင်ကားပေါ်မှာ ကုန်ပစ္စည်းတွေ၊ ဆီပေပါတွေ တင်ဆောင်ပြီး "ကောင်းထက်စိုး" ကုန်စည်ပို့ဆောင်ရေး အသင်းခြံဝန်းအတွင်းမှာ တစီးတည်း ရပ်ထားချိန် ဝါယူလျှော့ ဖြစ်ကာ မီးလောင်ခဲ့တာ

ကြံ့ခိုင်ရေး စည်းရုံးရေးမှူးဦးဆောင်တဲ့ လောင်းကစားဝိုင်းကို စစ်အုပ်စုဝင်ဖမ်း

"လောင်းကစားဝိုင်းကို အုန်းနှဲစမ်းရွာက ကြံ့ခိုင်ရေးစည်းရုံးရေးမှူး နတ်စိန် (ခ) စိုးမြင့်နဲ့ ဉာဏ်ကျယ်ကြီးတို့ဦးဆောင်ပြီး လိုင်းကြေးပေးလုပ်နေတာ။ စစ်သားနဲ့ရဲတွေက လိုင်းကြေးယူထားတော့ အဖမ်းပြရတာ။ ဝင်လာကတည်းက သေနတ်တွေပစ်ဖောက်တော့ အကုန်ပြေးတာပေါ့။ သူတို့တကယ်ဖမ်းရင် မိပါလျက်နဲ့ မဖမ်းတာ။ PDF ကိုဖမ်းမယ်ဆို အဲ့လိုသေနတ်ဖောက်ပြီး လာဖမ်းလို့လား"

ဂန့်ဂေါမြောက်ပိုင်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံသုံးနေ

“မနက်အစောထဲက ဖြစ်နေတာ၊ လေယာဥ်ပစ်ကူကို ၁၀ နာရီလောက်ကနေစတင်တာဗျ။ လေကြောင်းမလာခင်ထိတော့ ကိုယ့်ဘက်က အခြေနေကောင်းပါတယ်။ အဲ့နောက်ပိုင်းတော့ အတိအကျပြောလို့ မရသေးဘူးဗျ။ ခုနကလေးတင် ပစ်နေဆဲပါ။"

စခန်းစီးနင်းခံရလို့ ဆုတ်ခွာချိန် PDF ဒုတပ်ရင်းမှူးနဲ့ ရဲဘော် ၂ ဦး ဖမ်းဆီးအသတ်ခံရ

“စခတွေက မြောက်ဘက်ကနေလာပြီး အနောက်ဘက်ကိုပတ်ဝင်တာ။ ကျနော်တို့က သူတို့စစ်ကြောင်းထိုးလာတဲ့ဘက်ကိုပဲ ကင်းကာထားတာ။ ကျနော်တို့ မထင်မှတ်တဲ့နေရာဘက်ကနေ ဝင်လာလိုက်တာ၊ ကျနော်တို့ အနောက်ကပိတ်ပြီး ခံလိုက်ရတဲ့သဘောပေါ့”

ပြည်မြို့နယ် စီမံကောင်စီက ဌာနဆိုင်ရာတွေကို သင်္ကြန်မဲလက်မှတ်တွေ ဖိအားပေးရောင်း

"ရောင်းတာကတော့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနဲ့ သူတို့နဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ရောင်းတာတွေ့ရတယ်။ တမဲကို ၃၅၀၀ တဲ့ ဆိုင်ကယ်နဲ့ ဖုန်းတွေပါတယ်"

မိုင်းအကြိမ်ကြိမ်အခွဲခံရတဲ့ တံတားအသစ်မှာ အုတ်သယ်ကား မိုင်းထိလို့ ၂ ဦး သေ ၃ ဦးဒဏ်ရာရ

"အဲကားက ကျောက်ကြီးဘက်ကနေ ပဲနွယ်ကုန်းဘက်ကိုအသွား အဲတံတားပေါ်ကပဲ ဖြတ်သွားတယ်။ ဘာမှမဖြစ်ဘူး။ အုတ်သယ်ပြီးအပြန် တံတားပေါ်အတက် ချဉ်းကပ်လမ်းနဲ့တံတားနဲ့ကြားမှာ မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်တာ။ ကားကဝိတ်ပါလာတဲ့အတွက် ဖြစ်တာလို့ ယူဆလို့ရတယ်။ ကားကတော့ ခေါင်းပိုင်းကို ထိသွားတာ"

အစီး ၂၀ ပါ စစ်ယာဉ်တန်း မိုင်းဆွဲခံရလို့ ၈ ဦး ဒဏ်ရာရပြီး သေဆုံးမှုရှိနိုင် (ရုပ်/သံ)

"၈ စီးမြောက်ကားနဲ့ ၁၀ စီးမြောက်ကားကို ပဒေသာမိုင်းဆွဲတာ ၈ ဦးလောက် ဒဏ်ရာရတယ်။ နောက်ထပ်မြိုင်နဲ့ ကိုင်းတောမအကြားမှာလည်း ထပ်ဆွဲခဲ့တယ်။ အဲမှာလည်း ဒဏ်ရာရကြတာ သုံးလေးငါးဦးတော့ သေမှာ။ ဒဏ်ရာရတဲ့ ၈ ဦး‌ကိုတော့ တပ်မ ၁၀၁ ထဲမှာ ကုနေတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10