သတင်း

ကနီမှာ စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ပြည်သူ ၃ ဦး သေဆုံး

“ 81 ၂ လုံးကြဲသွားတာပေါ့နော်၊ အရပ်သား ၃ ဦး သေဆုံးမှုရှိတယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူ ၆ ဦးလောက်ရှိတယ်၊ အဲ့ထဲမှာ ၂ ဦးလောက်က အသက်အန္တရာယ် စိုးရိမ်ရတာရှိတယ်။”

ညောင်ဦးမြို့ထဲမှာ ကင်းပတ်နေတဲ့ရဲတွေပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး

"တော်လှန်ရေးအဖွဲ့တွေက အဲနားကနေစောင့်နေပြီးတော့ သူတို့ကင်းပတ်နေကျတာကို ပစ်သွားတာ။ ရဲနှစ်ယောက်ကျတယ်လို့ကြားတယ်။ ညောင်ဦးစခန်းကရဲတွေပါ။ သူတို့ပုံမှန်ကင်းပတ်နေကျအချိန်မှာ PDF တွေကချောင်းပစ်သွားတာပါ။ "

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃ မြို့နယ်မှာ ၃ ရက်အတွင်း လေကြောင်းနဲ့ ဗုံးအလုံးရေ ၂၀၀ ကျော် ကြဲခံရ ■ ကလေးငယ် ၆ ဦးအပါ အရပ်သား ပြည်သူ ၁၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၃ ရက်အတွင်း လေကြောင်းနဲ့ ဗုံးအလုံး ၂၀၀ ကျော် ကြဲချခဲ့တာကြောင့် ကလေးငယ် ၆ ဦးအပါ အရပ်သား ပြည်သူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

တလုပ်မြို့ရွာက နေအိမ်ရာချီ မီးရှို့ဖျက်ဆီးခံရ

"ညနေ ၅ နာရီခွဲလောက်ကနေစရှို့တာ။ ဒီမနက်(ဖေဖော်ဝါရီ ၁၈ ရက်)၄ နာရီလောက်မှ မီးသေ(ငြိမ်း) သွားတာ။ မီးလောင်ပျက်စီးမှုကတော်တော်များလောက်တယ်။ မီးကျီတွေနဲ့ပစ်ရှို့တဲ့အသံတွေကိုလည်း ကြားရတယ်။ စုံနေတာပဲရှို့တာ။ မီးလောင်တဲ့အချိန်ကာလနဲ့ဆို အိမ်ခြေရာဂဏန်းလောက်တော့ ကုန်နိုင်တယ်"

မုံရွာ နမခက ရိက္ခာတင်ယာဥ်တန်း မိုင်းဆွဲခံရ

“တတိယမြောက်ကားကိုတော့ ကျနော်တို့ထိထိမိမိ မိုင်းဆွဲနိုင်ခဲ့တယ်၊ စတုတ္ထမြောက်ကားလည်း ထိသွားတယ်၊ တတိယမြောက်ကားကတော့ ပျက်စီးသွားတဲ့အတွက် နတ်ရေကန်ဂိတ်မှာထားခဲ့တယ်၊”

ဖမ်းဆီးပြီးစစ်သင်တန်းပို့လိုက်ရာက စစ်ကောင်စီတပ်သားသစ်ဖြစ်လာသူ ဘက်ပြောင်းခိုလှုံ

“သူ့ကို ကင်းမှူးအနေနဲ့တာဝန်ပေးထားပြီး မနက် ၆ နာရီကနေ ညနေ ၁၀ နာရီအထိကင်းစောင့်ရတာ။ တောထဲမှာ ကျနော်တို့ရှိတယ်ဆိုပြီး ထွက်ပြေးလာရင်းကနေ ရဲဘော်တွေနဲ့တွေ့လို့ အလင်းဝင်လာတာပါ၊ သူ့အနေနဲ့ တော်လှန်ရေးမှာပါဝင်သွားဖို့ဆန္ဒရှိနေပါတယ်။ AA နဲ့ ချိတ်ဆက်ရရင် အဲ့ကိုသွားချင်ပါတယ် ပြောပါတယ်။”

အကျဥ်းသားတွေရဲ့မိသားစုဝင်တွေဆီ ထောင်ဝန်ထမ်းတွေက ငွေသိန်းချီ လိမ်လည်တောင်းနေ

မြေလတ်ဒေသက အကျဥ်းထောင်တချို့မှာ ထောင်ဝန်ထမ်းတွေက အကျဥ်းသားတွေရဲ့ မိသားစုတွေဆီ ဖုန်းဆက်ကာ ကျန်းမာရေးကိစ္စအကြောင်းပြပြီး ငွေသိန်းချီလိမ်လည်တာတွေ လုပ်ဆောင်နေတယ်လို့ ထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဆိုင်ကယ်နဲ့ ကင်းလှည့်ထွက်လာတဲ့ ပျူစောထီးအဖွဲ့ဝင် ၂ ဦး အနီးကပ်ပစ်ခံရပြီး သေဆုံး

“သူတို့က အကုန်ပတ်နေတာ၊ ပျူစောထီးတွေဆိုတော့ **စခန်းတွေကိုလည်း ပတ်တယ်။ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ဆီလည်း ရောက်တယ်။ သတင်းရလို့ ကျနော်တို့က မြို့ထဲကို ပြောက်ကျားနည်းနဲ့ကပ်တာ၊ သူတို့လာတဲ့လမ်းမှာ ကျနော်တို့စောင့်ကြိုပြီး တိုက်ခိုက်တယ်။ ၂ ဦးလုံးကတော့ ပွဲချင်းပြီးသေတယ်။ ရပ်ကွက်ထဲဆိုတော့ သူတို့ဘက်က တပ်ကူအင်အားရောက်လာလို့ သူတို့သေနတ်တော့ မကောက်နိုင်ခဲ့ဘူး။”

ကနီနယ်က ကူးတို့ဆိပ် လေယာဉ်ဗုံးကြဲခံရလို့ သံဃာ ၁ ပါးအပါ ၃ ဦးဒဏ်ရာရပြီး ကားနဲ့ဆိုင်ကယ်တွေမီးလောင်

" ထိခိုက်ဒဏ်ရာရသူတွေက ဗုံးစမှန်တာ။ ပေါင် ၅၀၀ ချတယ်ဆိုတော့ ဆီကားကိုလည်းထိပြီး မီးလောင်သွားတာ။ ကားပေါ်မှာက ဆီပေပါ(စက်သုံးဆီ) တွေတင်ထားတာ။ ဗုံးက ဆီကားဘေးကို ကျတာ။ ထိခိုက်ဒဏ်ရာရသူတွေက ကူးတို့ကူးဖို့စောင့်နေကြတာ။"

အရာရှိတွေကရိုက်နှက်လို့ ထွက်ပြေးခိုလှုံလာတဲ့တပ်ကြပ်တဦးကို PDF ဆေးကုပေး

“ ညှဉ်းပန်းနှိပ်စက်ဒဏ်မခံနိုင်ပြီး ထွက်ပြေးလာတယ်လို့ သတင်းရတာကြောင့် သွားကယ်ထုတ်လာတာ။ လက်နက်ခဲယမ်းတော့ မပါဘူး။ ဒီအတိုင်းသူ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာတာ။”

ပခုက္ကူမှာ အုပ်ချုပ်ရေးမှူးဖွင့်လှစ်ထားတဲ့ငွေကောက်တဲ့ဂိတ် ပစ်ခတ်ခံရပြီး သားဖြစ်သူ သေဆုံး

" ရေဘေးရပ်ကွက်သစ်က အဲဒီကဥက္ကဌက အဲ့နားလေးကအိမ်မှာ ပိုက်ဆံတောင်းတဲ့ဂိတ်ဖွင့်ထားတာကို လာပစ်တာ။ ပစ်တာကို ဥက္ကဌသားလေးက သေသွားတာ။ ကျန်တဲ့အကြီးတွေ ထမင်းစားပြန်တဲ့အချိန် အဲ့ကလေးကဂိတ်ကိုလာစောင့်ပြီးတော့ စစ်ဆေးပိုက်ဆံတောင်းချိန်မှာ လာထုလို့သေတာ။"

Zero ပြောက်ကျားတပ်ဖွဲ့က သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေကို ယူနီဖောင်းတပ်ဆင် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၁၆ ရက် မနက် ၉ နာရီက မန္တလေးတိုင်းထဲမှာ ပြုလုပ်ခဲ့ပြီး တဆက်တည်းမှာပဲ သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေကို ယူနီဖောင်းတွေတပ်ဆင်ပေးခဲ့ပါတယ်။

အင်းတော်မှာ စစ်ကောင်စီက ထိုးစစ်ပြန်ဆင်လို့ ကာကင်းစခန်းတခု ပြန်ပေးလိုက်ရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ စစ်ကောင်စီက ဝေဟင်နဲ့မြေပြင်ပေါင်းကာ ပြန်ထိုးစစ်ဆင်နေတာကြောင့် တုံးပွမ်ကျေးရွာက စစ်ကောင်စီ ကာကင်းစခန်းကို လက်လွှတ်လိုက်ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံနဲ့ ကားကြီးဝန်းမှာ မိုင်းပေါက်ကွဲ

" ၁ လုံးပြီး ၁ လုံးကွဲတာ။ ကားဝန်းဘက်အရင်ဖြစ်ပြီးမှ ဆေးရုံဘက်ဖြစ်တာ။ ကားဝန်းဘက်က အမှုန်စင်တာလောက်ပဲ။ ဓာတ်မှန်ဘက်မှာက မှန်စစင်တယ်။ မှန်ကွဲစ စင်ပြီးတော့ ဓာတ်မှန်က ၁ ယောက်၊ ဓာတ်ခွဲခန်းဘက်က ကလေး ၁ ယောက် (ထိတယ်)။ မှန်တွေက အကုန်ကွဲသွားတာကို။"

ပေါ်တာဆွဲခံရပြီးပြန်ပြေးလာသူကို လာခေါ်တဲ့ ရဲတပ်ကြပ်ကြီးအပါ ၂ ဦး ဓါးခုတ်ခံရပြီးသေဆုံး

"သူတို့က လက်နက်မပါဘူး။ အရင်ကတော့ ကိုင်ကြတယ်။ နှစ်ယောက်ထဲအေးရာအေးကြောင်း သွားတာ။ ဟိုကလည်း သူတို့အပူနဲ့သူတို့ရှိနေတာဆိုတော့ ထွက်ခုတ်လိုက်တာ နှစ်ယောက်စလုံး အပြတ်ပဲ။ နှစ်ယောက်စလုံးသေသွားတာ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10