သတင်း

စစ်ရေးတင်းမာနေတဲ့ စလင်းမြို့ပေါ်ကို စစ်ကောင်စီတပ်က အင်အားဖြည့်ကာကွယ်နေ

"သူတို့ဘက်က အင်အားဖြည့်လာတာရှိတယ်။ အဓိက မြင်တာက ၈၈ တို့ ၁၀၁ တို့ ပါတယ်ပြောတယ်။ မနေ့က အင်အားဖြည့်တဲ့အထဲမှာ ပျူစောထီးတွေလည်းပါတယ်လို့ သိရတယ်။ ပျုစောထီးကတော့ဘယ်ရွာကဆိုတာ မသိရဘူး။ ကင်းပုန်းတွေ ယူတယ်။ မြို့ထဲဆိုရင်တော့ ကင်းပတ် ပတ်တာလောက်ရှိမယ်။"

လူငယ်တွေ အလုပ်အကိုင်ရရှိဖို့ ကွန်ပြူတာအခြေခံ စတင်သင်ကြား (ရုပ်/သံ)

လူငယ်တွေအတွက်ရည်ရွယ်ပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ Computer Learning Center အခြေခံသင်တန်းကို ပထမဆုံး အနေနဲ့ ဇန်နဝါရီ ၆ ရက်က စတင်ဖွင့်ပြီး သင်ကြားပေးနေတယ်လို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဆီက သိရပါတယ်။

ပြည်နဲ့ နတ်မောက်မှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ ရာအိမ်မှူးလင်မယား သေနတ်ပစ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်နဲ့ ပဲခူးတိုင်း၊ ပေါင်းတလည်မြို့တွေမှာ ဇန်နဝါရီ ၇ ရက် မနေ့က ၁ ရက်တည်း စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ ရာအိမ်မှူးလင်မယား သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

လောင်းရှည်မှာထိတွေ့တိုက်ပွဲတချို့ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ ၅ ဦးဖမ်းမိ ■ တပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ လက်နက်နဲ့ပူးပေါင်း

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ်ရဲစခန်းကိုထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ဂန့်ဂေါခရိုင်တပ်ရင်း ၃ နဲ့ ၅ ဆီ လက်နက်တွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ထိရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ရင်းမှထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဝက်လက်မြို့နယ်၊ မှတ်ထိကျေးရွာနဲ့ မင်းကုန်းကျေးရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံးပြီး ၆ ဦးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အရပ်ဝတ်နဲ့စစ်ဆေးနေတဲ့PDFတွေကို စစ်ကောင်စီတပ်ဖွဲ့ထင်ပြီး တပ်အသိုင်းအဝိုင်းကဖြစ်ကြောင်းပြောလာတဲ့ စစ်ကောင်စီတပ်ဖွဲ့၊ မိသားစုဝင် ၆ ဦးကို ဖမ်းမိ

" ကျနော်တို့ရဲဘော်တွေကို စခထင်ပြီး သူတို့ကိုယ်တိုင်ဝန်ထမ်းဖြစ်ကြောင်း၊ စခဘက်တော်သားဖြစ်ကြောင်းထုတ်ဖော်ပြောပြီး မှတ်ပုံတင်နဲ့ဖုန်းတွေ တိုက်ဆိုင်စစ်ဆေးတဲ့အခါ သေချာလို့ဖမ်းဆီးခဲ့တာပါ။"

စစ်ရေးအရှိန်မြှင့်တဲ့အနေနဲ့ ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ဗုံးသီး ရာနဲ့ချီပစ်ခတ်

စစ်ရေးအရှိန်မြှင့်ပြီဖြစ်တဲ့အကြောင်း အသိပေးတဲ့အနေနဲ့ ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ကြီးကျည် အလုံးရေ ၁၀၀ ဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထီးလင်းမြို့နယ်တပ်ရင်းများ ပြန်ကြားရေးတာဝန်ခံတဦးဆီက သိရပါတယ်။

ရေဦးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အမျိုးသမီးတွေကိုပါပေါ်တာဆွဲလို့ မြို့တဝက်ကျော် တိမ်းရှောင်နေရ

"မြို့ခံတွေ အကုန်နီးပါး အိမ်ထောင်စုတွေအလိုက်ကို လွတ်ရာရှောင်နေကြတာ။ မြို့ပေါ်ရပ်ကွက်တိုင်းလိုလို ပြည်သူမရှိတော့သလောက်အထိ ဖြစ်နေတယ်လို့ သိရတယ်။ ပြည်သူမရှိတဲ့ နေအိမ်က ပိုများတယ်။"

ကြို့ပင်ကောက်မှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေး ခြိမ်းခြောက်ကောက်ခံနေ

"အခုဆို ပုံမှန်ပေးနေရတာ ၄ ခါရှိနေပြီ။ ပထမတုန်းကတော့ နည်းနည်းနဲ့အခုတော့ ၆၀,၀၀၀ ဆိုလည်းဟုတ် ၄၀,၀၀၀ ဆိုလည်းပေးရတယ်။ သား ၃ ယောက်ရှိရင် ၉၀,၀၀၀ ပေးရတယ် မဖြစ်မနေ။ အမလေး ၁ ကျပ်တောင်မလျှော့ဘူး။ အဲဒါတောင် လာကောက်တာမဟုတ်ဘူး။ သူတို့သေမှာတော့ကြောက်ပြီး မိန်းကလေးတွေစုပြီးသွားပေးရတာ။

ကလေးမြို့အတွက် အဓိက လမ်းပိုင်းကို စစ်ကောင်စီက မြေတူးစက်နဲ့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့အဝင်အထွက်လမ်းဖြစ်တဲ့ လေးအိမ်စုကျေးရွာအနီးက မြို့လှ- လေးအိမ်စုလမ်းပိုင်းကို စစ်ကောင်စီက ဇန်နဝါရီ ၆ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က မြေတူးစက်နဲ့ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲစခန်းသိမ်းနိုင်ခါနီးမှာ လေကြောင်းနဲ့ပစ်ကူပေးလို့  တော်လှန်ရေးတပ်တွေ ပြန်ဆုတ်(ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာ ရဲစခန်းကို ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီဝန်းကျင်က‌နေ ၁၀ နာရီအထိ ဒေသခံကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဆီက သိရပါတယ်။

ကန့်ဘလူမှာ ကျေးရွာ ပအဖ ခေါင်းဆောင်တဦး သေနတ်နဲ့ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုပ်ကြီးကျေးရွာပအဖ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသိန်းဝေဟာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အုတ်ဖိုမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူ လင်မယား သေနတ်ပစ်ခံရပြီး အမျိုးသမီးသေ

“အိမ်ထဲဝင်ပစ်တော့ ဇော်ကြီးက အိမ်နောက်ဖေး ရောက်နေတော့ ထွက်ပြေးသွားတာ။ သူ့မိန်းမတော့ ပွဲချင်းပြီးသေသွားတယ်”

ထန်းပင်တွေ ရှားပါးလာလို့ ထန်းခေါက်ဖာရက်လုပ်သူတွေ အခက်ကြုံတွေ့နေ

"ဒီမှာက ထန်းပင်တွေ အရင်ကလောက် မရှိတော့ဘူး၊ လူဦးရေတိုးလာကြတော့ လူနေအိမ်တွေ ပိုပြီးလိုအပ်လာတယ်၊ ကုန်ဈေးနှုန်းကလည်း မြင့်နေတော့ ထန်းပင်တွေပဲ ခုတ်ပြီး အိမ်ဆောက်နေကြတာများတယ်။ အဲ့ထက်ဆိုးတာက အုတ်ထင်းခုတ်ရောင်းကြတာပဲ၊ ထန်းလက်ခုံတွေက မှာတဲ့သူလည်းရှိတယ်၊ အများအားဖြင့်တော့ ဆိုင်ကယ်ပေါ်တင်ပြီး ရွာစဉ်လှည့်ရောင်းရတာပဲ၊ ဆိုင်ကယ်ဆီဈေးနဲ့တင် အမြတ်က သိပ်မကျန်တော့ဘူး"

ရွှေစက်တော်အနီး စစ်ကောင်စီတပ်လာစွဲနေလို့ ဒေသခံထောင်ကျော် ထွက်ပြေးနေရ ■ တိုက်ပွဲတွေဖြစ်လာနိုင်လို့ ပြည်သူတွေ ဘုရားအနီး မသွားကြဖို့ PDF သတိပေး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်က လာရောက်အထိုင်ချတပ်စွဲထားတာကြောင့် ပြည်သူတွေအနေနဲ့ ဘုရားအနီးသွားလာခြင်း မပြုဖို့ မင်းဘူးခရိုင် တပ်ရင်း ၆ က ဇန်နဝါရီ ၇ ရက် ဒီနေ့ ရက်စွဲနဲ့ မေတ္တာရပ်ခံ အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10