သတင်း

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၂ လုံးနဲ့ တိုက်ခိုက်

" ပစ်တာကတော့ စက္ကန့်ပိုင်းအတွင်း အကုန်ပစ်တာ။ ၂ လုံးက ပစ္စည်းချို့ယွင်းမှုဖြစ်တာပါ။ ဒီတကြိမ်နဲ့ဆို လေတပ်စခန်းကို တိုက်ခိုက်တာ ၆ ကြိမ်ရှိပြီ။“

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လွတ်ငြိမ်းမှာ စစ်ကိုင်းတိုင်းက ၅ မြို့နယ်မှ အယောက် ၅၀ ပါဝင်

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၅ နှစ်သစ်လွတ်ငြိမ်းမှာ စစ်ကိုင်းတိုင်းက NUG ထိန်းချုပ်ရာ မြို့နယ် ၅ ခုမှ အကျဉ်းသား အယောက် ၅၀ ပါဝင်တယ်လို့ တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပုလဲမြို့နယ်ရှိ စစ်ရှောင် ၂၅၀ အတွက် ထောက်ပံ့ပစ္စည်းတွေ ကူညီပေးခဲ့

အလှူရှင်တွေက လှူဒါန်းထားတဲ့ငွေနဲ့ မြို့နယ်လူသားစာနာအဖွဲ့ရဲ့ ရံပုံငွေ စုစုပေါင်းကျပ် ၇၃ သိန်း၊ အဝတ်အထည်၊ အနွေးထည်၊ ခြုံစောင်၊ ဆန် ၊ ဆီ နဲ့ ကလေးငယ်တွေအတွက် ပညာရေးသင်ထောက်ကူပစ္စည်း စတဲ့စုစုပေါင်း ငွေကျပ် ၁၃၅ သိန်းခန့်တန်ဖိုးရှိ ကူညီထောက်ပံ့မှုတွေ ပေးအပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

အရပ်ဝတ်စစ်ကောင်စီအဖွဲ့က ပန်းတောင်းကလူငယ် ၆ ဦးကိုပေါ်တာဆွဲဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ထဲမှာ ဇန်နဝါရီ ၃ ရက် ဒီမနက် ၉ နာရီလောက်ကစပြီး အရပ်ဝတ်နဲ့စစ်ကောင်စီအဖွဲ့၀င်တွေက အိမ်စီးကားအသုံးပြုပြီး လူငယ် ၆ ဦးကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲပြန် မုံရွာခရိုင် တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေကို ဒေသခံတွေကြိုဆို(ရုပ်/သံ)

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကပြန်လာတဲ့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃ Chindwin Attack Force က တပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက ဇန်နဝါရီ ၃ ရက်မှာ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ အဲ့ဒီအဖွဲ့ရဲ့ဘဏ္ဍာရှာဖွေရေးတာဝန်ခံ သစ်တော ဆီက သိရပါတယ်။

ဖလမ်းတိုက်ပွဲကို အင်အားဖြည့်လာရင်း လူစုကွဲလာတဲ့ စစ်သား ၄ ဦးကို ကလေးနယ်မှာဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတွေဟာ ကလေးမြို့ တပ်ရင်း ၈၉ က တပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၁ ဦး၊ တပ်သား ၁ ဦးနဲ့ စစ်မှုထမ်းဥပဒေနဲ့စုဆောင်းခံရသူ ၁ ဦး စုစုပေါင်း ၄ ဦးဖြစ်ပြီး ကလေးမြို့နယ် ပကဖအဖွဲ့နဲ့ ကလေးခရိုင် တပ်ရင်း ၁၆ တို့ပူးပေါင်းဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

ဇီးကုန်း-မလည်လမ်းဆုံမှာ စစ်တပ်က ၂ ရက်ဆက်မီးရှို့လို့ နေအိမ် ၂၀ ဝန်းကျင်ပျက်စီး

“မနက်ခင်းဆို သူတို့လာတယ်။ ညနေခင်းဆိုရင် သူတို့ပြန်တယ်။ သူတို့က ပြည်သူပိုင်ပစ္စည်းတွေ အကုန်ယူတယ်၊ အကုန်လုံးအိမ်တွေလည်း ဖောက်ယူတယ်။ အိမ်တွေမီးရှို့တယ်။ အဲဒီလမ်းပေါ်က နေသွားလာနေတဲ့ကားတွေကိုလည်း တားပြီးတော့ ငွေတောင်းတယ်။ မကောင်းတဲ့လုပ်ငန်းမှန်သမျှ အကုန်လုပ်ပြီး ညနေစောင်းဆိုပြန်တယ်။”

စစ်ကိုင်းက စက်သုံးဆီသိုလှောင်ခြံ ၁ ခုကို စစ်ကောင်စီဝင်ဖမ်းပြီး ဂါလံ ၆ သောင်းကျော်သိမ်း

တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ရာ သယံဇာတလုပ်ကွက်တွေဆီ တင်ပို့ရောင်းချနေတဲ့ စစ်ကိုင်းမြို့နယ်က ဆီသိုလှောင်ခြံ ၁ ခုကို ဝင်ဖမ်းရာ ဆီဂါလံ ၆ သောင်းကျော်၊ လူ ၁၇ ဦးနဲ့ မော်တော်ယာဉ် ၂၂ စီး ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

"အကြမ်းဖက်မှုတိုင်းမှာ ရင်းနှီးမှုဟူ၍ မရှိ"ခေါင်းစဉ်နဲ့ WAB အဖွဲ့ဝင်တွေ သပိတ်ပြုလုပ်

"ရင်းနှီးမှုကိုအကြောင်းပြပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်သာရှိနေရင် အိမ်တွင်းအကြမ်းဖက်တွေဆိုတာ ရှိလာမှာမဟုတ်ဘူး။ ဒါကြောင့် ဒီခေါင်းစဉ်အနေနဲ့ ရင်းနှီးမှုကိုအခြေခံပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ၊ အကြမ်းဖက်မှုတွေကို မဖြစ်စေရေး ရည်ရွယ်တယ်။ ပြစ်မှုကျူးလွန်သူကိုလည်း ပြစ်ဒဏ်ပေးရမယ်။ ဒါမျိုးတွေဖြစ်ပေါ်စေရေးအတွက် စုပေါင်းပြီးသပိတ်ထွက်ခဲ့တာပါ။”

တောင်သာပကဖ ဆီ အလင်းဝင်လာတဲ့ ရဲတပ်သား ၂ ဦးကိုကျပ်သိန်း ၅၀ စီချီးမြှင့်

“အလင်းဝင်လာတဲ့ အကြောင်းအရင်းကတော့ သူတို့တာဝန်ထမ်းဆောင်နေရတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မနှစ်သက်သာကြာပြီလို့ပြောတယ်၊ အခွင့်အလမ်းမသာလို့ ဒီဘက်ကို မကူးပြောင်းသေးတာ၊ အခုအခွင့်အလမ်းသာတာနဲ့ လွတ်လမ်းရတာနဲ့ ဒီဘက်ကိုဆက်သွယ်ပြီး ရောက်လာတာ၊”

အမြန်လမ်းမှာ လမ်းလယ်ကျွန်းကိုဝင်တိုက်တဲ့ အိမ်စီးကားပေါ်ပါ အမျိုးသမီး ၁ ဦးသေဆုံး

"ကျနော်တို့ ယူဆတာကတော့ အိပ်ငိုက်တယ်လို့ ယူဆမိပါတယ်။ လမ်းလယ်ကွန်ကရစ်တုံးကို ဝင်တိုက်ပြီး တပတ်လည်သွားတာ။ မိသားစု ၁ စု ပါတဲ့ကားပါ။"

အမှတ် (၁) စစ်ဒေသ နှစ်သစ်ကူးအထိမ်းအမှတ်အားကစားပြိုင်ပွဲ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တက်ရောက် (Reels)

ဇန်နဝါရီ ၂ ရက် သတင်းထုတ်ပြန်ချက်အရ အမှတ်(၁) စစ်ဒေသရဲ့နှစ်သစ်ကူးအားကစားပြိုင်ပွဲတွေကို ဇန်နဝါရီ ၁ ရက်က စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးတက်ရောက်ခဲ့တာလို့ သိရပါတယ်။

အမှတ် (၁) စစ်ဒေသ နှစ်သစ်ကူးအထိမ်းအမှတ်အားကစားပြိုင်ပွဲ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တက်ရောက်

ဇန်နဝါရီ ၂ ရက် သတင်းထုတ်ပြန်ချက်အရ အမှတ်(၁) စစ်ဒေသရဲ့နှစ်သစ်ကူးအားကစားပြိုင်ပွဲတွေကို ဇန်နဝါရီ ၁ ရက်က စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးတက်ရောက်ခဲ့တာလို့ သိရပါတယ်။

ကောလင်းမြို့နယ်သယံဇာတအဖွဲ့ အတွင်းရေးမှူး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

ဆိုင်ကယ်တိုက်လို့ သေဆုံးတာလို့ ကနဦးသတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဦးခေါင်းကို သေနတ်နဲ့တေ့ပစ်ခံခဲ့ရလို့ သေဆုံးကြောင်း ဆရာဝန်စစ်ဆေးချက်နဲ့ အတည်ပြုထားနိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဖြူးက ဟိန္ဒူဘုရားကျောင်းပေါ် စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသား ၇ ဦးသေဆုံး

“ဟိန္ဒူတွေက တော်လှန်ရေးမှာပါဝင်တဲ့သူတွေက နည်းတယ်။ သူတို့က တမင်သက်သက်လုပ်တဲ့သဘော ဖြစ်နေတယ်။ ဘုရားကျောင်းပေါ်တည့်တည့်ကို လုပ်သွားတာ။ ကြဲတဲ့ရွာနဲ့ ၁ မိုင်ခွဲ ၂ မိုင်လောက် ဝေးတဲ့နေရာမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီကစစ်ရှောင်တွေက ဒီဘက်ကိုတက်လာကြတဲ့သူတွေလည်းရှိတယ်။ ဒဏ်ရာရတဲ့အထဲမှာ အဲ့ဒီကလူရော အပြင်ကလူရောပါတယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10