သတင်းတို

မုံရွာမြို့ပေါ်မှာ မီးလောင်မှုဖြစ်ပြီး လူနေအိမ် ၁၅ လုံးပြာကျ

"ဘာကြောင့်လောင်တယ်ဆိုတာ မသိပါ။ မီးကတအားပြင်းတော့ အချိန်တော်တော်ကြာ ငြှိမ်းလိုက်ရတယ်။ အိမ်တွေကပြာကျသွားတော့ ဆုံးရှုံးမှုကတော့ များတာပေါ့"

ကလေးမှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ အသက် ၈၅ နှစ်အရွယ် အဘွားအို ၁ ဦးဒဏ်ရာရ

"တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ အိမ်မှာနေတဲ့အဘွားတဦး ခြေနဲ့လက်တွေမှာ ဒဏ်ရာရခဲ့တယ်။ ဆေးကုသပေးနေပါတယ်"

မင်းလှမှာ စိတ်မကျန်းမာသူတဦးကို စစ်တပ်က ရိုက်နှက်ရာက မျက်လုံးထွက်သေဆုံး

သေဆုံးသူဟာ မင်းလှမြို့နယ် ရှားကုန်းရွာနေ အသက် ၅၅ နှစ်အရွယ် ကိုပြားဖြစ်ပြီး မင်းလှမြို့ မြောက်ဘက်တန်းလမ်းမှာရှိနေချိန် ပျူစောထီးခေါင်းဆောင် ဗိုလ်ကြီးလှခိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက ဇူလိုင် ၇ ရက် ည ၁၀ နာရီလောက်က ရိုက်ခဲ့တာဖြစ်ပြီး နောက်တရက် ဇူလိုင် ၈ ရက် မနက်အစောပိုင်းမှာ မင်းလှဆေးရုံမှာပဲ သေဆုံးတာလို့ ဆိုပါတယ်။

ဒီပဲယင်းနယ်က စစ်ရှောင်တွေအတွက် ယာယီတဲတွေဆောက်လုပ်ဖို့ အကူညီလိုအပ်နေ

“အခုတော့ နေရပ်စွန့်ခွာစစ်ရှောင် အိမ်ထောင်စုတွေမှာ မှီခိုစရာ အရမ်းခက်ခဲလာတဲ့အတွက် အညာတဲအိမ်တွေ စတင်ဆောက်လုပ်ကူညီပေးနေပါတယ်။ ဘယ်ဒေသကပဲရောက်ရောက် ဒီပဲယင်းနယ်အတွင်း ရောက်လာသူတွေထဲက နေရာခက်ခဲ သူတွေကိုကူညီပေးနေပါတယ်။”

စစ်ကိုင်းနဲ့မကွေးတိုင်းက ရွာပေါင်း ၁၀၀ လောက်မှာ ရေကြီးလို့ ရိတ်သိမ်းခါနီးပဲခင်းတွေ ပျက်စီးဆုံးရှုံး

“ရေဝင်တာလည်း မတရားမြန်တယ်၊ စောလည်းစောတယ်၊ မနှစ်က ရေကြီးတဲ့ စံချိန်ကိုတောင် ကျော်သွားပြီ၊ မနှစ်က ကျနော်တို့နေတဲ့နေရာ ရေမရောက်ဘူး၊ ခုရေက ပေါင်လယ်လောက် ရောက်နေပြီ” လို့ ရေဘေးကြုံနေရတဲ့ ပြည်သူတဦးက ပြောပါတယ်။

သံချပ်ကာယာဉ်တစီးကို မတ္တရာနယ်မှာ ပထမဆုံးအကြိမ် ဖျက်ဆီးနိုင်၊ သံချပ်ကာနဲ့အင်အားပြမှု စစ်တပ်က ထပ်မလုပ်တော့

" R7နဲ့သုံးလုံးပစ်လိုက်တယ်။ ဘီးတွေကတော့ မောင်းမရအောင်စုတ်ပျက်သွားတယ်တဲ့။ စကစ က တင့်ကားနောက်တစီးနဲ့ မတ္တရာဘက်ကိုပြန်ဆွဲသွားတယ်"

ခန္တီးမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း အဆိုးဆုံးရေကြီးမှုပြန်ကြုံနေရပြီး လူဦးရေသောင်းချီ ရေဘေးသင့်

ဇူလိုင်လ ၂ ရက်ကစတင်ကာ မြို့အနိမ့်ပိုင်းနေရာတွေကို ချင်းတွင်းမြစ်ရေဝင်ရောက်လာတာဖြစ်ပြီး ဇူလိုင် ၈ ရက်မှာ မြစ်ရေမြင့်တက်မှု အမြင့်ဆုံးအခြေအနေထိရောက်လာတာကြောင့် တမြို့လုံးနီးပါး ရေနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်၊ အိုရင်းရွာ အမျိုးသမီး ၁ ဦးကိုသတ်ဖြတ်ပြီး နေအိမ် ၂၇ လုံးကို စစ်အုပ်စုမီးရှို့ဖျက်ဆီး

“ပါးစပ်ကို ပုဝါစည်း၊ မုဒိမ်းကျင့်ပြီး သေနတ်ဒင်နဲ့ ရိုက်သတ်ထားတဲ့ပုံစံမျိုးပါ။ ထမီ မကျွတ်ပေမယ့် ဖြေလျက်သား လျော့နေတယ်။ ”

စဉ့်ကူးနယ်က တပ်စခန်း ၅ ခု ထပ်မံသိမ်းပိုက်နိုင်ပြီး ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၁၅ ဦီး အရှင်မိထား

စဉ့်ကူးမြို့နယ် ရွှေပြည်ရဲစခန်း၊ လက်ပန်လှရဲစခန်း၊ ကျည်တောက်ပေါက်တပ်စခန်း၊ ကန်တောင်တပ်စခန်းနဲ့ ပင်လယ်ကြီးတပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအတွင်း သပိတ်ကျင်းမြို့နယ်အခြေစိုက်တပ်တခုရဲ့ ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် ၁၅ ဦး ကို အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက်ချအလင်းဝင်တဲ့ စစ်တပ်ပြည်သူ့စစ်(ပျူစောထီး)တပ်ဖွဲ့တွေလည်းရှိတယ်လို့ ဆိုပါတယ်။

မတ္တရာက ရေနံ့သာရဲစခန်းသိမ်းတိုက်ပွဲမှာ PDF ရဲဘော် ၁၅ ဦးကျဆုံးခဲ့

ကျဆုံးသူတွေဟာ ဗိုလ်မင်းဒင် ၃၅ နှစ်၊ ရဲဘော် မြစိန် ၂၃ နှစ်၊ တင်မောင်ထွန်း ၃၅ နှစ်၊ ဗိုက်ကြီး ၃၀ နှစ်၊ သာအေး ၂၃ နှစ်၊ လှဝင်း ၂၂ နှစ်၊ မြအေး ၃၄ နှစ်၊ မိုးသူ ၃၅ နှစ်၊ တင်စိန် ၂၁ နှစ်၊ အေးမင်းနိုင် ၃၄ နှစ်၊ သောင်းလှထွန်း ၂၃ နှစ်၊ အေးမင်းစိုး ၃၄ နှစ်၊ ဘိုကြီး ၂၈ နှစ်၊ ဌေးလှဦး ၃၄ နှစ်နဲ့ မိုင်းတပ်သား လူမောင် ၂၄ နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ ၂၀ ခန့် မြစ်ရေဝင်ရောက်နေလို့ ဒေသခံရာနဲ့ချီ ပြောင်းရွှေ့နေရ

" အနိမ့်ပိုင်းနေရာတွေက အချို့နေရာက ခါးလယ်လောက်၊ အချို့နေရာ ခြေသလုံးမြုပ်လောက် ရေဝင်နေတာရှိတယ်။ မြစ်ရေက စိုးရိမ်ရေမှတ်တော့ မကျော်သေးဘူး။ ခုရေဝင်တဲ့နေရာတွေက နှစ်တိုင်းရေဝင်နေကျနေရာတွေပါပဲ။ မြစ်ရေ ဘယ်လောက်ထိထပ်တိုးမလဲဆိုတာက စောင့်ကြည်ရမယ့်အခြေအနေ"

ပုလဲမြို့ကို ကာကွယ်ရေးတပ်ဖွဲ့ဝင် အလုံးအရင်းနဲ့ဝင်တိုက်ခိုက် မြို့ကို ၂ နာရီကြာထိန်းချုပ်နိုင်ခဲ့

“ကျနော်တို့ မြို့ကို အလုံးအရင်းနဲ့ ဝင်လာတဲ့အခါမှာ သူတို့(စကစ)အကုန်လုံးက မြို့စောင့် ဘန်ကာကြီးတွေကနေ ပစ်အားနည်းနည်းနဲ့ပစ်ပြီး ထွက်ပြေးသွားကြတယ်။ မြို့အနောက်ဘက်ခြမ်း တခြမ်းလုံးမှာရှိနေတဲ့ ဘန်ကာတွေ၊ မြို့အရှေ့ဘက်မှာရှိနေတဲ့ တချို့ဘန်ကာတွေကို ကျနော်တို့တွေ သိမ်းနိုင်တယ်။ သိမ်းနိုင်လို့လည်း မြို့ကို ၂ နာရီကျော် ထိန်းနိုင်တဲ့ အခြေနေမျိုး ဖြစ်လာတာ။”

ယင်းမာပင်ရဲတပ်ရင်း ၂၈ နဲ့ ရွှေတောင်ဦးတပ်ကုန်းကို PDF ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက အမှတ် ၂၈ ရဲတပ်ရင်းနဲ့ ရွှေတောင်ဦးတပ်ကုန်းတို့ကို ဇူလိုင် ၇ ရက် ယမန်နေ့ မွန်းလွဲပိုင်းမှာ မောင်းသူမဲ့လေယာဥ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်ဗျူဟာ(၄၅) KLG PDF က ပြောပါတယ်။

နုတ်ထွက်ထားကြောင်းသတင်းလွှင့်ပြီး စစ်တပ်ကိုသတင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးကို PDF ရှင်းလင်း

“ သူကအဖော်တဦးကိုတင်ပြီး ဆိုင်ကယ်မောင်းလာတာကို သူ့ကိုပဲရွေးပြီးပစ်ခဲ့တာပါ။ ပွဲချင်းပြီး သေပါတယ်။ အပြစ်မဲ့တဲ့သူကိုတော့ အန္တရာယ်မပြုပါခဲ့ဘူး။ တိုက်ခိုက်ရေးရဲဘော်တွေ အန္တရာယ်ကင်းပါတယ်။“

ပျဥ်းမလျှပ်စစ်မီးဓါတ်အားပေးစက်ရုံ ဒရုန်းနဲ့ဗုံးကြဲချခံရ ကပစစက်ရုံတွေ လည်ပတ်မှုရပ်ဆိုင်း (ရုပ်/သံ)

ဇူလိုင် ၇ ရက် ယမန်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ ပျဥ်းမလျှပ်စစ်မီးဓါတ်အားပေးစက်ရုံကို ဒရုန်းအကြီး ၈ စီးနဲ့ ဗုံးသီး ၈ လုံးကြဲချပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော်မှုံကြီးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10