အညို

ဝက်လက်မှ ထွက်လာတဲ့စစ်ကြောင်းက ဒေသခံ ၂ ဦးကိုသတ်ပြီး ရထားလမ်းတလျှောက်က ရွာတွေကို မီးရှို့

"ဖမ်းဆီးခံရတာတော့ မရှိဘူး။ စစ်ကြောင်းက ထန်းကြီး(ရွာ)ရောက်ကတည်းက ရွာထဲက လူတွေက ရှောင်နေကြပြီ။ အရှေ့ရွာတော့ မီးရှို့တယ်။ အပျက်အစီးမသိရသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

ရာသီတုပ်ကွေးအဖြစ်များနေလို့ ခင်ဦးနယ်ကစစ်ရှောင်တွေ ဆေးဝါးလိုအပ်နေ

"အခုအချိန် နှာစေး၊ ချောင်းဆိုးတာလောက်တော့ ဖြစ်နေကြတာမို့ ဆေးဝါးအခက်အခဲတွေကတော့ လိုအပ်နေပါတယ်။ ကျ‌နော်တို့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကနေပြီး ၁၅ ရက်တခါ စစ်ရှောင်စခန်းတွေကိုလိုက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းပေးနေပါတယ်" လို့ ဗိုလ်လင်းရောင်က ပြောပါတယ်။

PDF စိုးမိုးထားတဲ့ ဝက်လက်မြို့ပေါ်မှာ Non-CDMဝန်ထမ်းတွေ ရိက္ခာပြတ်လပ်

"မြို့ပေါ် သုံးရပ်ကွက်လောက်ပဲ သွားလာလို့ရပြီး စားသောက်ကုန်ကအစ အဲ့ထဲကဝယ်စားနေရလို့ သာမန်ထက်ကို စျေးအရမ်းကြီးတယ်။ ဒီကြားထဲ ပညာရေးရုံးလည်း ဗုံးထုခံရတော့ အကုန်ကျီးလန့်စာစားဖြစ်ပြီး (စကစကို) အကူအညီ တောင်းထားကြတယ်။ ဝက်လက်နယ်ကို ပြန်ထိန်းချုပ်ပေးမယ်လို့တော့ သတင်းကြားတယ်" လို့ ဝက်လက်မြို့ပေါ်က Non-CDM ဝန်ထမ်းတဦးက ပြောပါတယ်။

ဝက်လက်မြို့ မီးရထားလမ်းတလျှောက် စစ်တပ်က စစ်ကြောင်းထိုး၊ ဒေသခံ ၁ ဦးကို သတ်သွား

"သူတို့လက်ရှိလုပ်နေတဲ့ပုံစံက စစ်ကိုင်းမြို့နယ်၊ ပဒူရွာကိုလည်း စကစက တပ်စွဲလိုက်တယ်။ အထိုင်ရဲစခန်းအပြင် စစ်အင်အား ထပ်တိုးထားတယ်။ သူတို့မှာလည်း ရိက္ခာပြတ်တာတွေရှိတယ်။ ဝက်လက်နဲ့ ဒီဘက်ခြမ်းတွေကို ရိက္ခာသွားချင်လို့ ရထားလမ်းကို အသုံးပြုလိမ့်မယ်လို့ ယူဆရတယ်"

ပေါက်မြို့နယ်၊ ပျူကျေးရွာ အတိုက်ခံရလို့ စစ်တပ်က လေကြောင်းနဲ့ ပစ်ကူပေးရ

"သတင်းကြိုပေါက်လို့လား မသိဘူး။ စစ်တပ်က အင်အားထပ်တိုးထားတယ်။ ကျနော်တို့ကလည်း ပြန်ဆုတ်ပြပြီး ဝင်တိုက်တယ်။ အထိအခိုက်တော့ မသိရသေးဘူး။ ကျနော်တို့ဘက်က ရဲဘော်နှစ်ယောက် ဒဏ်ရာရထားတယ်။ မစိုးရိမ်ရပါဘူး" လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။

အရာတော်မှာ တိုက်ပွဲဖြစ်လို့ PDF တဦးသေဆုံး၊ ဒေသခံတဦးလည်း အသတ်ခံထားရ

"အခုထိ အလောင်းမကောက်နိုင်သေးဘူး။ စကစ အင်အား ၂၅၀ ခန့်နဲ့ အခုလက်ရှိ မလဲသာ၊ ကံရင်း၊ ညောင်ပင် ၃ ရွာစလုံးမှာ နေရာယူထားတယ်"

ဝက်လက်နယ်အနောက်ခြမ်းမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းကျော် ထွက်ပြေးနေရ

“မိုးရွာထဲ ပြေးနေရတာပေါ့။ မနက်ကတည်းက ရွာတဲ့မိုးကလည်း မတိတ်ဘူး။ စွေနေတာ တနေကုန်ရွာမယ့် သဘောပဲ။ စစ်ရှောင်သုံးရွာလောက်ကလည်း အခု ကျနော်တို့ရွာဘက်ကို ပြေးလာကြတယ်။ ကျနော်တို့ရွာနဲ့ စစ်ကြောင်းက သိပ်တော့မဝေးတော့ဘူး"

သေမင်းဝင်မွှေတဲ့ မနက်ခင်း

သူတို့အားလုံးရှေးရှုသွားရာ အမှောင်ထုရဲ့နောက်ကွယ်မှာ သေမင်းရဲ့စစ်သည်တော်တွေ စောင့်ကြိုနေကြတယ်ဆိုတာတော့ သူတို့အားလုံး မသိလိုက်ကြပါ။ သူတို့တွေ ရွာကထွက်သွားပြီး မိနစ်ပိုင်းအကြာမှာတော့ “ ဒိုင်း... ဒိုင်း...ဒိုင်း...” ဆိုတဲ့ သေနတ်သံတွေ ဆက်တိုက်ထွက်ပေါ်လာပါတော့တယ်။

ဇီးကုန်းရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာသုံးရွာကိုမီးရှို့ပြီး ပစ္စည်းတွေခိုးယူ

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးတွေဟာ အနီးနားမှာရှိတဲ့ ကျေးရွာသုံးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ရွာထဲက ပစ္စည်းတွေကို ခိုးယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သမ္မရိုးရွာသား ၇ဦးကို သတ်တဲ့စစ်ကြောင်းက ဒေသခံတွေကို ဓားစာခံလုပ်ပြီး အရာတော်မှာ စစ်ကြောင်းထိုးနေ

"အကုန်ပြေးနေရတော့ ဖုန်းသတင်းလောက်ပဲ အတည်ပြုလို့ရတယ်။ ဘယ်သူတွေမှန်း အတည်ပြုမရသေးဘူး။ သေနတ်တွေ ဆက်တိုက်ပစ်ပြီးဝင်လာလို့ အကုန်ကြောက်အားလန့်အား ထွက်ပြေးနေရတယ်"

စျေးသည်အမျိုးသမီး ၇ဦး ပစ်သတ်ခံရပြီး အမျိုးသား ၃၀ခန့် ဓားစာခံ ဖမ်းခံထားရ

"စျေးကားနဲ့တွေ့ပြီး အကုန်လုံးကို ပစ်သတ်သွားတာလို့ပြောတယ်။ အမျိုးသမီးချည်း ၇ ယောက်တဲ့။ အမျိုးသား ၃၀ လောက်လည်း ဓားစာခံ ဖမ်းခံလိုက်ရတယ်လို့ ကြားတယ်"

အရာတော်မှာ ကလေး ၄ ဦးအပါ ၁၅ ဦးအသတ်ခံရ၊ PDF နဲ့ စစ်တပ်အပြန်အလှန် စွပ်စွဲမှုတွေရှိနေ

သေဆုံးသူ ၁၅ဦးထဲမှ အမျိုးသား ၁၁ဦးမှာ ငွေတွင်းကျေးရွာရဲ့ အရှေ့ဘက်က ကျောင်းသစ်ဘုန်းတော်ကြီးကျောင်းထဲမှာ အသတ်ခံရတာဖြစ်ပြီး ကျန်တဲ့ အမျိုးသား၊ အမျိုးသမီး ၄ဦးကတော့ ကျေးရွာထဲက နေအိမ်တွေထဲမှာပဲ အသတ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ခင်ဦးနယ်ကို စစ်တပ်ကဆက်တိုက်စစ်ကြောင်းထိုး အင်အားမမျှလို့ ကာကွယ်ရေးတပ်တွေ ဆုတ်ပေးထားရ

"သူတို့ကစစ်မြှူနေတဲ့ သဘောပေါ့ဗျာ။ ကင်းထောက်ဒရုန်းတွေ၊ လက်နက်ကြီးတွေ၊ စနိုက်ပါတွေနဲ့ ကင်းပုန်းချပြီး ဆက်တိုက်စစ်ကြောင်းထိုးနေတယ်။ ပိုပြီးတော့လည်း တိကျလာတယ်။ ဗုံးတွေချရင် ရွာထဲကို တည့်တည့်ပစ်ချနိုင်သလို PDF စခန်းတွေကိုလည်း ကင်းထောက်နိုင်လာတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10